ဖားကန့်
-
Jun- 2025 -18 Juneသတင်း
လုံးခင်းသင်္ချိုင်းမြေမှာ အကွက် ရိုက်နေရာချတဲ့ကိစ္စ ဖားကန့်တွေပြည်သူတွေကန့်ကွက်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာရှိတဲ့ အများပိုင်သင်္ချိုင်းမြေနေရာပေါ်မှာ အာဏာရရှိထားတဲ့သူတွေက မြေနေရာတူးပြီး အကွက်ရိုက်နေရာချပေးဖို့ ပြင်ဆင်နေတဲ့အတွက် ဖားကန့်ပြည်သူတွေကန့်ကွက်နေကြပါတယ်။ လုံးခင်းကျေးရွာထဲမှာ ဘာသာပေါင်းစုံရဲ့လုံးခင်းသင်္ချိုင်းကုန်းအောက်ဘက်ခြမ်းနေရာကို ဖဲ့ယူပြီးမြေတူးဆွလိုက်တဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေ ထွက်ပေါ်ထွက်လာတဲ့ဓါတ်ပုံဟာ လူမူကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ လက်ရှိ အဲဒီသင်္ချိုင်းမြေနေရာမှာ…
Read More » -
18 Juneသတင်း
ဖားကန့်မှာ စစ်ကြောင်းမှူး ကျသွားတယ်လို့ သတင်းထွက်ပေါ်ပြီးနောက် နှစ်ဖက်တပ် စစ်ရေးပိုတင်းမာလာ
ဖားကန့်မြို့နယ်ထဲမှာ မှော်လှည့်ပြီး ကုမ္မဏီဝင်းနေရာတွေ လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ကြောင်းမှူးတိုက်ပွဲတွင်းကျသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာတဲ့နောက် စစ်ရေးပိုမိုတင်းမာလာနေတယ်လို့ KIA နဲ့နီးစပ်တဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ဇွန်လ ၁ ရက်နေ့ကစပြီး မှော်ဆီစာ ဘုရားကျောင်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA…
Read More » -
11 Juneသတင်း
ကုမ္ပဏီဝန်းထမ်း ၃ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထား
ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာအုပ်စု ယူမာကျေးရွာရှိ အေးဗားကုမ္ပဏီဝင်းအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်က ကုမ္ပဏီဝန်ထမ်း ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က အေးဗားကုမ္ပဏီဝန်ထမ်းများကို ကုမ္ပဏီဝင်းအတွင်းမှ ထွက်ခွာသွားဖို့ သတိပေးပြောဆိုထားပြီးနောက်…
Read More » -
7 Juneသတင်း
ယမ်းဂိုဒေါင်နေရာကို စစ်တပ်က ဒရုန်းနဲ့လက်နက်ကြီးပစ်ချလို့ ကလေး ၄ ဦးအပါ အရပ်သား ၉ ဦးသေဆုံး
ဖားကန့် မြို့နယ် လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်မှာ စစ်ကောင်စီတပ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်တဲ့ ဒရုန်းလက်နက်ကြီး ပေါက်ကွဲမှုဖြစ်စဉ်မှာ အရပ်သားပြည်သူ ၉ ဦးသေဆုံးသွားတဲ့အပြင် လူနေအိမ်အများအပြားထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံများဆီက သိရပါတယ်။ ဇွန်လ ၆ ရက်နေ့ ည ၉…
Read More » -
5 Juneသတင်း
လက်လွတ်လိုက်ရတဲ့ နေရာတွေကို ရယူဖို့ ကြိုးပမ်းနေတဲ့ စစ်တပ် နဲ့ KIA တိုက်ပွဲဖြစ်
ဖားကန့်မှာ စစ်ကောင်စီတပ် လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရယူဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီလို့ ဖားကန့်ဒေသခံတွေ ဆီကနေ သိရပါတယ်။ မေလကုန်ပိုင်း ဖားကန့်မြို့ထဲကို စစ်ကြောင်းဝင်ရောက်သွားပြီးနောက် မှော်ဆီစာကျေးရွာအတွင်းက တစ်သုံးလုံး၊ တင်အောင်ကြိုင် စတဲ့ လုပ်ကွက်ကုမ္ပဏီရှိ စက်ယန္တရားတွေကို…
Read More » -
3 Juneသတင်း
ဖားကန့်မှာ စစ်တပ်က ကျောက်စိမ်းကုမ္ပဏီတွေရဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးနေ
ဖားကန့်မြို့ကို ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက အာဏာပြန်ရယူဖို့အတွက် ကျောက်စိမ်းကုမ္ပဏီတွေရဲ့ အဆောက်အဦးတွေ၊ ဘက်ဟိုးတွေ၊ မြေသယ်ယာဉ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှော်ဆီစာကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေ စစ်အင်အားပြ စစ်ရေးလှုပ်ရှားနေကြတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။…
Read More » -
3 Juneသတင်း
ဖားကန့် ကျောက်မျက်ကုမ္ပဏီ ပေါက်ကွဲမှု ၂ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူ များပြား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲက ကျောက်မျက်ကုမ္ပဏီဝင်းတစ်ခုအတွင်း ပေါက်ကွဲမှုမှာ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ KNG က စုံစမ်း သိရှိရပါတယ်။ ဒီနေ့ ဇွန်လ ၃ ရက်နေ့ နေ့လည်…
Read More » -
May- 2025 -29 Mayသတင်း
လုံးခင်း ကျေးရွာတိုက်ပွဲအတွင်း အရပ်သား သေဆုံးဒဏ်ရာရရှိမှု များပြား
ဖားကန့် လုံးခင်းကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရမှုမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အရပ်သားတချို့ ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၂၈ ရက်နေ့ မနေ့က မနက်ပိုင်း လုံးခင်းကျေးရွာ ရိန်းဘိုးမိုဘိုင်း ဆိုင်ရှေ့ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သလို ကျေးရွာအတွင်း…
Read More » -
29 Mayသတင်း
လုံးခင်းကျေးရွာကို ဗုံးကြဲမယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး စစ်ကြောင်းပြန်လည် ထွက်ခွာ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာထဲမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က ဖားကန့် စစ်တပ်ကုန်းဘက်ကို ဆက်လက်ချီတက်ဖို့ လူသားဒိုင်းအဖြစ် ရပ်မိရပ်ဖတွေကို ခေါ်ဆောင်ပြီး စစ်ကြောင်း ပြန်လည်ထွက်ခွာနေကြပြီလို့ သိရပါတယ်။ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ လယ်ပြင်ကျေးရွာမှာ မေလ ၂၈ ရက်နေ့ မနေ့က တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းတွေဟာ ယနေ့ မနက်ပိုင်း ၈ နာရီခွဲအချိန်အထိ အဲဒီနေရာမှာ ပိတ်မိနေတာဖြစ်ပါတယ်။ လက်ရှိ ဖားကန့်…
Read More » -
28 Mayသတင်း
ဖားကန့်မြို့နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်
ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေမှာ ဒီကနေ့ မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်အချိန် ဖားကန့် ဗျူဟာကုန်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထွက်ခွာခဲ့ရာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ လမ်းကြောင်းပိတ်ဆို့ တိုက်ခိုက်ခဲ့တဲ့အတွက် ၃ နေရာလောက်မှာ…
Read More »









