ဖားကန့်
-
Jul- 2025 -7 Julyသတင်း
ဖားကန့်မှာ စစ်တပ်က တိုက်ပွဲဆက်ဖော်ဆောင်နေတဲ့အတွက် နေရာ ၃ ခုမှာ တိုက်ပွဲဖြစ်
ဖားကန့်မှာ စစ်တပ်ဗျူဟာကုန်းနဲ့ အနီးကပ်ဆုံးနေရာတွေဖြစ်တဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မော်မောလယန်နဲ့ ရှရော်ခ ညောင်ပင်ကုန်းစတဲ့ စစ်မျက်နှာပြင် ၃ နေရာမှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ လမောင်ကုန်း(Lamawng Kawng) နဲ့ မော်မောဘွမ့်(Mawmaw Bum)စတဲ့နေရာတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ဦးတည်ပြီး ဖြည်းဖြည်းချင်း ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့အထိ အရေးပါတဲ့ ၃ နေရာမှာ တိုက်ပွဲဖြစ်နေဆဲဖြစ်တယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခု စစ်တပ်က သူတို့ရဲ့ မိန်းနေရာဖြစ်တဲ့ ဗျူဟာကုန်းကို အရင်လုံခြုံမှုရှိအောင် အရင်လုပ်နေတယ်လို့မြင်တယ်။ နောက်တစ်ခုက ဒေသကို လွမ်းမိုးချင်နေတာတစ်ပိုင်း။ လက်လွတ်လိုက်ရတဲ့ စခန်းကုန်းတွေကို မရရအောင် ယူမယ့် သဘောမျိုးရှိတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ အမှိုက်ပုံနေရာ၊ မော်မောလယန် ၊ ရှရော်ခ ညောင်ပင်ကုန်းနေရာတွေက ဖားကန့်ဗျူဟာကုန်းနဲ့ အနီးကပ်ဆုံးနေရာတွေဖြစ်တယ်။ အဲလိုနေရာတွေ လုံခြုံသွားပြီဆိုရင် အခုပြောနေတဲ့ လမောင်ကုန်း၊ မော်မောဘွမ့်ဆိုတာတွေက ရဖို့ အရမ်းလွယ်သွားပြီ။ အဲ့ကြောင့် သူတို့က ဖြည်းဖြည်းချင်းနဲ့ လုပ်နေတာ”လို့ပြောပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ၊ မော်မောလယန်၊ ရှရော်ခ ညောင်ပင်ကုန်း စတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က အလုံးစုံထိန်းချုပ်ခြင်းမရှိသေးဘဲ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တပ်စခန်းအနေနဲ့ လက်လွတ်ဆုံးရှုံးလိုက်တာတွေမရှိသေးပေမယ့် သွားလာလှုပ်ရှားနေတဲ့ လမ်းကြောင်းတစ်ချို့ကို ဆုတ်ခွာလိုက်ရတာတွေရှိတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။ “KIA နဲ့ တော်လှန်ရေးအဖွဲ့တွေက သူတို့စိုးမိုးထားတဲ့ နယ်မြေဒေသအရ ပြောရမယ်ဆိုရင် နယ်မြေကျဉ်းလာတယ်လို့တော့ ပြောလို့ရပါတယ်။ ပြောရမယ်ဆိုရင် လုံးခင်း မှော်ဆီစာကနေ အမှိုက်ပုံကျေးရွာတစ်ကြော တော်လှန်ရေးအင်အားစုတွေ အသုံးပြုတဲ့ လမ်းတွေဖြစ်တယ်။ ဒီလမ်းကြောင်းတွေက စစ်တပ်က ပြန်လည် ထိန်းချုပ်လိုက်တဲ့ အနေအထားမှာရှိသွားတာပေါ့နော်။ ဒီလမ်းတွေကနေ အရင်က စိတ်ကြိုက် သွားနေရာကနေ စိတ်ကြိုက်သွားလို့မရတော့ဘူးပေါ့။ ပြောရမယ်ဆိုရင် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပြန်ဆုတ်လိုက်ရတဲ့သဘောပါ”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ မော်မောလယန် ကျေးရွာအဝင်ပေါက်ရှိ တာဝါတိုင် အနီးတဝိုက်မှာ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်နေပြီး အလားတူ ဆွတ်ဘွမ့်နဲ့ ရှရော်ခ ညောင်ပင်ကုန်းနေရာတွေမှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ ဆွတ်ဘွမ့်(အမှိုက်ပုံ)ကျေးရွာဟာ ဖားကန့်ဗျူဟာကုန်းရဲ့ ညာဘက်ခြမ်းမှာ တည်ရှိပြီး မော်မောလယန်နဲ့ ရှရော်ခ ညောင်ပင်ကုန်းကျေးရွာ နှစ်ခုက ဘယ်ဘက်ခြမ်းမှာ တစ်ဆက်တည်း တည်ရှိနေတာဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ မော်မောဘွမ့်ဟာ ဆွတ်ဘွမ့်ကျေးရွာ ဘက်ခြမ်းမှာရှိပြီးတော့ လမောင်ကုန်း တပ်စခန်းက မော်မော်လယန်နဲ့ ရှရော်ခကျေးရွာဘက်ခြမ်းမှာ တည်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်စစ်ကောင်စီတပ်တွေက ဖားကန့် ဗျူဟာကုန်းရဲ့ ညာဘက်ခြမ်းနဲ့ ဘယ်ဘက်ခြမ်း လမ်းကြောင်း နှစ်ခုစလုံးကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အရေးပါတဲ့ ၃ နေရာမှာ တိုက်ပွဲဖြစ်နေတာပါတယ်။ ဆွတ်ဘွမ့်၊ မော်မောလယန်၊ ရှရော်ခစတဲ့ ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကျေးရွာ ၁၅ ရွာလောက်ရှိတဲ့ ဒေသခံပြည်သူထောင်နဲ့ချီဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်းဆိုပါတယ်။ အခုလို တိုက်ပွဲကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန် တစ်ဖက်မှာ စစ်ကောင်စီတပ်တွေက လူငယ်တွေကို အဓိကဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုနေတယ်လို့ တော်လှန်ရေးမှာပါဝင်တဲ့ တပ်ဖွဲ့ဝင်တစ်ဦးက အခုလိုပြောပြလာပါတယ်။ “တိုက်ပွဲအခြေအနေက မော်မောလယန်၊ ရှရော်ခ ၊ ကျောက်ဖြူတို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ၃ နေရာလောက်မှာ တိုက်ပွဲဖြစ်နေတာပေါ့။ အဲ့ဒါကြောင့်လည်း ပြည်သူတွေကို စစ်ရှောင်ခိုင်းတယ်။ ပြီးရင် ဒီရက်ပိုင်း လူငယ်တွေကို အဓိကထားပြီး ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်နေတယ်။ တိုက်ပွဲတွေဖြစ်တဲ့ နေရာမှာပဲဖြစ်နေတာ။ ဆွတ်ဘွမ့်နဲ့ မော်မောလယန်မှာ လူသားဒိုင်း ဖမ်းဆီးခံထားရတဲ့သူတွေကိုတောင် ပြန်မလွတ်သေးဘူးတဲ့။ တိုက်ပွဲပြန်ပြင်းထန်လာတဲ့ ဒီ ၃ ရက်အတွင်းမှာ ဖမ်းဆီးခံရတဲ့သူ ၂၀၀ လောက်ရှိမယ်ဗျာ။ ဘယ်မှပြန်မလွတ်လာသေးဘူးလို့ကြားတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဆွတ်ဘွမ့်၊ မော်မောလယန်၊ ရှရော်ခ စတဲ့ကျေးရွာမှာ တွေ့ရာလူငယ်တွေကို အဓိကဖမ်းဆီးထားပြီး စစ်တပ်ရှိတဲ့နေရာမှာ လူသားဒိုင်းအသုံးပြုနေတယ်လို့ သိရပါတယ်။ ဖားကန့်မှာ တိုက်ပွဲပိုမိုပြင်းထန်လာတဲ့ ဇူလိုင်လ ၄ ရက်နေ့နောက်ပိုင်း ဖားကန့်ဒေသထဲကို ကုန်ကားတွေ သွားလာခွင့်ရနေတဲ့တစ်ခုတည်းသော ဂွေခါလမ်းမှာ စစ်တပ်က ဆန်သယ်ယူခွင့် ပိတ်လိုက်တယ်လို့လည်း ဆက်သိရပါတယ်။ ဒါကြောင့် လက်ရှိ ဖားကန့်မြို့တွင်းမှာ ပြည်သူတွေလူထုတွေက စျေးဆိုင်တွေမှာ ဆန်အလုအယက် ဝယ်ယူနေကြပြီး တစ်ချို့စျေးဆိုင်တွေမှာ ဆန်ပြတ်လပ်မှုတွေရှိနေပြီလို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကနေ အကြောင်းပြချက်မရှိဘဲ ဖားကန့်ဒေသထဲကို ဆန်သယ်ယူခွင့် ပိတ်လိုက်တဲ့အတွက် ပြည်သူလူထု စစ်ပွဲကြား ပိုပြီးကြပ်တည်းလာမှာကို စိုးရိမ်နေကြပါတယ်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ KIA ကြားတိုက်ပွဲပြင်းထန်နေတဲ့အတွက် အပြန်အလှန်ပစ်ခတ်ရာကနေ လက်နက်ကြီးတစ်ချို့က ဆွတ်ဘွမ့်၊ မော်မောလယန်၊ ရှရော်ခ စတဲ့ကျေးရွာရှိ လူနေအိမ်၊ ဘုန်းကြီးကျောင်းနေရာတွေမှာ လက်နက်ကြီး ကျမှန်ပေါက်ကွဲ ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးမှုရှိသလို လူနေအိမ်ထိခိုက်ပျက်စီးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။…
Read More » -
5 Julyသတင်း
ဖားကန့်မှာ စစ်ကြောင်း သုံးခုကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် စစ်တပ်နဲ့ KIA တိုက်ပွဲပြင်းထန်နေ
ဖားကန့်စစ်ရေးအတွက် အရေးပါတဲ့ လမောင်ကုန်း(Lamawng Kawng) နဲ့ မော်မောဘွမ့် (Mawmaw Bum) နှစ်နေရာကို စစ်ကောင်စီတပ်က ပြန်လည်ရရှိဖို့ စစ်ကြောင်း ၃ ကြောင်းနဲ့ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဒီကနေ့ ဇူလိုင် ၅ ရက်နေ့အထိ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းကနေ…
Read More » -
3 Julyသတင်း
ဘုန်းကြီးကျောင်းဆွမ်းစားဆောင်ပေါ် ဒရုန်းဗုံးသီးကျလို့ အရပ်သား ၂ ဦးသေဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဆွတ်ဘွမ့် (ခေါ်) အမှိုက်ပုံကျေးရွာက ဘုန်းကြီးကျောင်းဆွမ်းစားဆောင်ပေါ် မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်လောက်က ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေကပြောပါတယ်။ နောက်ထပ် အရပ်သား ၁၂ ဦးကထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွားရာက…
Read More » -
3 Julyသတင်း
လုံးခင်းသင်္ချိုင်းမြေတူးဖော်နေတဲ့လုပ်ငန်းရပ်တန့်လိုက်တဲ့နောက် စစ်တပ်ကစစ်ဆေးမေးမြန်း
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ အများပိုင်သင်္ချိုင်းမြေနေရာမှာ မြေတူးဖော်ပြီး အကွက်ရိုက်ဖို့လုပ်နေတဲ့ လုပ်ငန်းစဉ်ကို KIO ဘက်က ရပ်တန့်လိုက်ပြီးနောက် စစ်ကောင်စီတပ်က လာရောက်စစ်ဆေး တာတွေလုပ်ဆောင်သွားတယ်လို့ သိရပါတယ်။ လုံးခင်းသင်္ချိုင်းကုန်းနေရာရဲ့ အောက်ဖက်ခြမ်းနေရာကို ဖဲ့ယူပြီး မြေတူးဖော်လိုက်တာကြောင့် မြှုပ်ထားတဲ့ ရုပ်အလောင်းတွေ တစ်ပိုင်းတစ်စ ပေါ်ထွက်လာတဲ့ သတင်းဓါတ်ပုံတွေ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ပြည်သူလူထုကြားမှာ ကန့်ကွက်တဲ့ဝေဖန်မှုများစွာရှိခဲ့ပါတယ်။ အဲဒီနောက် လုပ်ငန်းစဉ်ချက်ချင်းရပ်တန့်သွားပြီး ဇွန်လ ၃၀ ရက်နေ့မှာ စစ်တပ်က သင်္ချိုင်းမြေနေရာကို လာရောက် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သင်္ချိုင်းမြေ ကိစ္စကို စစ်တပ်က လာရောက်ပြီး စုံစမ်းစစ်ဆေးရေးတွေလုပ်သွားတယ်။ အနီးမှာရှိတဲ့ သင်္ခါရလူမှုကူညီရေးအသင်းထဲကို ဝင်ပြီးတော့ သင်္ချိုင်းမြေတူးတဲ့ ဘက်ဟိုးသမားတွေ၊ ခြံစောင့်တွေကို ခေါ်ယူမေးမြန်းတာတွေလုပ်သွားတယ်။ တစ်ရက်လုံး စစ်ဆေးမေးမြန်းတာတွေပြီးမှ ညအချိန် စစ်သားတွေ ပြန်ထွက်သွားတယ်”လို့ပြောပါတယ်။ လက်ရှိ သင်္ချိုးမြေတူးထားတဲ့နေရာမှာ လုပ်ငန်းရုတ်သိမ်းလိုက်တာမျိုးမဟုတ်ဘဲ ရပ်တန့်ထားတဲ့သဘောသာရှိနေပြီး မြေတူးထားတဲ့နေရာမှာ သွပ်ကာထားကာ ဘက်ဟိုးနဲ့ ခြံစောင့်လူတွေရှိနေကြသေးတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးသွားတဲ့ နောက်ဆက်တွဲကိစ္စနဲ့ အဲ့ဒီမှာလုပ်ငန်းဆောင်ရွက်နေတဲ့ KIO လက်အောက်ခံတွေအနေနဲ့ ရှေ့ဆက်ဘယ်လိုမျိုးဆောင်ရွက် သွားမယ်ဆိုတာကို အသေးစိတ်မသိရသေးဘူးလို့ ဖားကန့် ပြည်သူတွေဆိုပါတယ်။ သင်္ချိုင်းမြေနေရာမှာ မြေတူးပြီးအကွက်ရိုက်ဖို့ လုပ်ငန်းဆောင်ရွက်နေတာ ၃ လခန့်ကြာမြင့်လာ ပြီးနောက် ပြည်သူလူထုရဲ့ ဝေဖန်ကန့်ကွက်ပြောဆိုမှုကြောင့် ယာယီလုပ်ငန်း ရပ်တန့်ထားတာလည်းဖြစ်နိုင်တယ်လို့ ဆက်ဆိုပါတယ်။ “ကျနော်တို့က ယာယီရပ်နားထားတယ်လို့ပဲမြင်ပါတယ်။ တကယ်လို့ အပြီးပိတ်သိမ်းလိုက်မယ်ဆိုရင် အဲ့ဒီနေရာမှာ ချက်ချင်းမြေပြန်ဖို့ပေးတာတို့၊ တစ်ခုခုတော့ တာဝန်ယူပေးရမယ်လို့ ထင်တယ်။ အခုက အဲလိုမဟုတ်ဘူး။ သွပ်တွေလည်း ဒီတိုင်းကာထားသေးတယ်။ သော့ခတ်ထားလိုက်တဲ့ ပုံစံမျိုးပဲပေါ်နေတာပေါ့လေ။ ဘယ်လိုပုံစံဆက်သွားမယ်ဆိုတာက ဆက်ပြီးစောင့်ကြည့်ရအုံးမှာပေါ့”လို့ပြောပါတယ်။ ဒါကြောင့် လက်ရှိအခြေနေမှာ သင်္ချိုင်းမြေတူးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖားကန့်ပြည်သူတွေစောင့်ကြည့်နေကြတဲ့ အခြေအနေမှာ ရှိနေတာဖြစ်တယ်လို့ ပြောပြပါတယ်။ ဖားကန့်လုံးခင်းကျေးရွာနေ ဘာသာပေါင်းစုံအသီးသီးက ပြည်သူတွေအသုံးပြုနေတဲ့ လုံးခင်းသင်္ချိုင်းမြေကို လက်ရှိ အာဏာရရှိထားတဲ့သူတွေက ရုပ်အလောင်းမြှုပ်နှံထားပြီးသားနေရာမှာ မြေနေရာဖြိုချပြီး အကွက်ရိုက်နေရာချပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ နှစ်ပေါင်းကြာရှည်အသုံးပြုလာတဲ့ သင်္ချိုင်းမြေနေရာဟာ မြေနေရာ ၅ ဧကခန့်ကျယ်ဝန်းပြီး လက်ရှိမှာ အများပြည်သူသွားလာနေတဲ့ မိန်းလမ်းနေရာနဲ့ ကပ်ယက် ပေ ၁၀၀ ဝန်းကျင်အထိ တူးဖော်လိုက်ပြီလို့ သိရပါတယ်။ လုံးခင်း သင်္ချိုင်းကုန်းမြေနေရာက မှော်ဆီစာကျေးရွာကိုသွားတဲ့ မိန်းလမ်းမကြီးပေါ် ဥရုချောင်းဘေးကပ်ယက်မှာ တည်ရှိနေပြီး အဲဒီ မိန်းလမ်းမကြီးတစ်လျှောက်မှာ လုံးခင်းကျောက်ဝိုင်းနဲ့ ဖုန်းရောင်းဝယ်ရေးဆိုင်၊ စားသောက်ဆိုင်တွေ တိုးချဲ့စည်ကားလာတဲ့အတွက် အခုလို သင်္ချိုင်းမြေနေရာတွေအထိပါ မြေကွက်ရိုက်လုပ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ချိုင်းကုန်းမြေနေရာရဲ့အပေါ်ဘက်ခြမ်းမှာ လုံးခင်းတိုက်နယ်ဆေးရုံနဲ့ သင်္ခါရလူမှုကူညီရေးအသင်းရှိပြီး အောက်ဖက်ခြမ်းမှာ သင်္ချိုင်းမြေနေရာရှိနေတဲ့အတွက် မိန်းလမ်းမကြီးပေါ်မှာ တစ်ဆက်တည်းရှိကြတာဖြစ်ပါတယ်။ By…
Read More » -
3 Julyသတင်း
ဒုတိယအကြိမ် စစ်ကြောင်းထိုးပြီး ဖားကန့်ဗျူဟာမှူးအပြောင်းလဲလုပ်လိုက်ပြီလို့သိရ
ဖားကန့်ဒေသကို ဒုတိယအကြိမ် ထပ်မံစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကားမိုင်း – ဖားကန့်လမ်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ တပ်စွဲနေရာယူထားပြီး လုံခြုံရေးရယူကာ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့သိရပါတယ်။ ဖားကန့် တပ်မ ၃၃ ၊ တပ်မမှူးအသစ်ခန့်အပ်နိုင်ဖို့ စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၂၀ ရက်နေ့ စတင်ပြီး ကားမိုင်းဘက်ကနေ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်အင်အားအများအပြားနဲ့ စစ်အင်အား ၁၅၀ ခန့်က ထပ်မံစစ်ကြောင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြန်တက်လာတဲ့ စစ်ကြောင်းတွေက နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံ၊ နန့်တိန့် စတဲ့ ကျေးရွာတစ်လျှောက် စစ်အင်အားအများအပြားချထားပြီးတော့ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့ နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုအသစ်ပြောင်းလိုက်တဲ့ ဗျူဟာမှူးအသစ်က ကားလမ်းကနေအတိုင်းပဲ တက်လာတာ။ မနေ့ကတောင် ဖားကန့်ဘက်ကို ရောက်သွားပြီလို့ သတင်းရပါတယ်။ အခုဒီမှာ စစ်ကြောင်းပြန်ထိုးတာတဲ့ စစ်ကြောင်းတွေက လုံခြုံရေးယူပေးကြတာဟုတ်တယ်။ အင်အားကတော့ များလို့လေ ခန့်မှန်းရတော့ခက်တယ်။ ကျေးရွာတစ်လျှောက်မှာရှိကြတယ်ဆိုတော့လေ”လို့ပြောပါတယ်။ ဖားကန့် ဗျူဟာမှူးအသစ်ကို လေကြောင်းနဲ့ ပို့ဆောင်ပေးဖို့ အန္တရာယ်များတဲ့အတွက် အခုလို ကားမိုင်း – ဖားကန့် လမ်းကိုပဲ လုံခြုံရေးတင်းကြပ်ထားကာ ပို့ဆောင်လိုက်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ လက်ရှိ ဖားကန့် ဗျူဟာမှူးအသစ်ခန့်အပ် ခံရတဲ့သူက မိုးကောင်း စကခ(၃) ၊ စကခမှူး ဗိုလ်မှူးကြီး ဇော်ဝင်းဆိုသူဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါပေမယ့် KNG က အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တပ်မမှူးအပြောင်းအလဲဖြစ်တာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ အသစ်ရောက်လာတဲ့ တပ်မမှူးက ဖားကန့် ယမ်းချက်စက်ရုံကနေ ၆ ဘီးကား ၂ စီးအပါ အိမ်စီးကား ၂ စီးနဲ့ ၁၀ နာရီဝန်းကျင်လောက်မှာ ဖားကန့် တပ်မကုန်းဆီ ဝင်ရောက်သွားပြီလို့ ဖားကန့် ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဖားကန့် ဗျူဟာမှူးအဟောင်းဖြစ်တဲ့ တပ်မမှူး ဗိုလ်မှူးချုပ်ခ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာပဲ စစ်တပ်က စစ်ရဟတ်ယာဉ်နဲ့ လာရောက် တင်ဆောင်သွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။…
Read More » -
3 Julyသတင်း
ဖားကန့်မှာ နှစ်ဖက်တပ်ကြား လက်နက်ကြီးပစ်ခတ်မှု အရပ်သား နေရာတွေမှာ ကျမှန်ပေါက်ကွဲနေ
ဖားကန့်မှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့တိုက်ပွဲဖြစ်တာမရှိပေမယ့် လက်နက်ကြီး အပြန်လှန်ရမ်းသမ်းပစ်ခတ်မှုရှိနေတဲ့အတွက်လူနေထူထပ်တဲ့နေရာတွေမှာ ကျပေါက်ကွဲတာတွေရှိနေတယ်လို့ သိရပါတယ်။ ဇွန်လ ၃၀ ရက်ကနေ တိုက်ပွဲပြန်ငြိမ်သွားတဲ့ ၃ ရက်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်နေသလို KIA…
Read More » -
Jun- 2025 -30 Juneသတင်း
မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားကန့်–ဆိပ်မူသွားကားလမ်းမကြီးပေါ် ယူမာကျေးရွာမှာ အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိရာကနေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်က အမျိုးသားတစ်ဦးဟာ ယူမာကျေးရွာတစ်နေရာက သောက်ရေအိုးစင်မှာရေသွားသောက်ရာကနေ…
Read More » -
26 Juneသတင်း
ဖားကန့်မှာ စစ်ရေးအရအချက်ချာကျတဲ့ တောင်ကုန်းနှစ်ခုရဖို့စစ်တပ်ကြိုးပမ်းနေ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတစ်ခုလုံးကို လက်နက်ကြီး လှမ်းထောက်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် အမြင့်ဆုံးတောင်ကုန်းတွေဖြစ်တဲ့ လမောင်ကုန်း(Lamawng Bum) နဲ့ မော်မောကုန်း(Mawmau Bum) နှစ်နေရာကို ပြန်ရဖို့ စစ်ကောင်စီတပ် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဖားကန့်မှာ မေလကုန်းပိုင်းကနေ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်နဲ့…
Read More » -
23 Juneသတင်း
လုံးခင်းအုပ်စုက ရေမြောင်းတွေရှင်းလင်းဖို့ ဒေသခံတစ်ချို့အကြံပြု
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုက ရပ်ကွက်တစ်ချို့ကရေမြောင်းတွေပိတ်ဆို့နေတာကြောင့် မိုးမများပေမဲ့ ရေဝင်ရောက်မှုတွေရှိနေတဲ့အတွက် ရေမြောင်းတွေရှင်းလင်းဖို့ဒေသခံတစ်ချို့ကအကြံပြုလိုက်ပါတယ်။ လက်ရှိရေမြောင်းပိတ်ဆို့တာတွေကြောင့် လုံးခင်းအုပ်စု ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၅ နေရာတစ်ချို့မှာ ရေတွေဝင်ရောက်နေပြီး ဒေသခံဈေးသည်တွေရွှေ့ပြောင်းနေကြရပါတယ်။ “လုံးခင်းရေကြီးတာက မြေအနိမ့်အမြင့်တွေကို စနစ်တကျရေမြောင်းလုပ်တာမရှိတာရယ်။…
Read More » -
20 Juneသတင်း
ဖားကန့်မှာ အမျိုးသားတစ်ဦးသေနတ်ဒဏ်ရာ နဲ့ ထပ်မံသေဆုံးနေ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာကျေးရွာအရှေ့မုဒ်ဝမှာ အမျိုးသားတစ်ဦးသေနတ်ဒဏ်ရာနဲ့သေဆုံးနေတယ်လို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။ ဇွန်လ ၂၀ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ အလောင်းကို ပြည်သူတစ်ချို့ တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ လုံးခင်းရပ်ကွက်နေ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အလောင်းက နေ့လည် ၁…
Read More »









