ဖားကန့်

  • Feb- 2026 -
    17 February
    သတင်း

    မရှီကထောင်မှာ စစ်တပ်က နေအိမ်ဖောက်ထွင်းပြီး စက်ပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေ ခိုးယူနေ

    ဖားကန့် ၊ မရှီကထောင်ကျေးရွာ အနောက်ဘက်ခြမ်း ဆုတောင်းကုန်းအနီးတဝိုက်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေက လူမရှိတဲ့ လူနေအိမ်တွေကို ဖောက်ထွင်းပြီး တန်းဖိုးရှိအိမ်တွင်းပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေကို ခိုးယူတာတွေလုပ်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် မရှီကထောင် ဆုတောင်းကုန်းအနီးတဝိုက်နေထိုင်တဲ့ အိမ်ထောင်စု ၅၀ ခန့်က စစ်ဘေးတိမ်းရှောင်သွားပြီးနောက် စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်က ခိုးယူမှုတွေ လုပ်နေတယ်လို့ အိမ်တွင်းပစ္စည်းခိုးယူခံနေရတဲ့ မရှီကထောင်ရပ်ကွက်က အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်အနောက်ခြမ်းလို့ပြောရမှာပေါ့ ဆုတောင်းကုန်းခြေရင်းတစ်ကြောမှာနေထိုင်တဲ့ အိမ်တွင်းပစ္စည်းတွေ ကြိုက်သလို ထုတ်ယူနေကြတယ်။ ကျွန်မသားကြီးရဲ့ အိမ်က ကျောက်စိမ်းတုံးတွေလည်း တန်ချိန်ကျော်ရှိတဲ့ ကျောက်စိမ်းတွေ မနေ့က မိုးချုပ်တဲ့အထိ သယ်ထုတ်သွားကြတယ်တဲ့။ အိမ်တွင်းပစ္စည်းတွေကလည်း အပေါ်ထပ်အောက်ထပ် ဝင်ယူသွားကြတယ်။ ဘယ်လိုမကောင်းဆိုးဝါးတွေလဲမသိဘူး။ ကျွန်မတို့ ပစ္စည်းပြန်ယူဖို့ဆိုရင်လည်း လမ်းတွေအကုန်ပိတ်လိုက်တယ်”လို့ပြောပါတယ်။ လက်ရှိ မရှီကထောင်ကျေးရွာမှာ မိသားစုဝင်တစ်ခုထဲ နေအိမ် ၃ လုံးစလုံး ဖောက်ထွင်းခံရပြီး ကျောက်စိမ်းတူးဖော်တဲ့အခါအသုံးပြုတဲ့ စက်ယန္တရားများ၊ အိမ်တွင်းပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေ ခိုးယူခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြတာဖြစ်ပါတယ်။ မရှီကထောင်အနောက်ဘက်ခြမ်း ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းနဲ့ ဆုတေင်းကုန်းရှိတဲ့ တဝိုက်က လူနေအိမ်အများအပြားက အခုလို ဖောက်ထွင်းခံနေရတာဖြစ်တယ်လို့ သိရပါတယ်။ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေက တိုက်ပွဲနေရာနဲ့အလွန်နီးကပ်လွန်းတဲ့အပြင် စစ်တပ်ရဲ့ လေကြောင်းရန်၊ တိုက်ပွဲအတွင်းက လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဖားကန့်မြို့တွင်း တိုက်ပွဲမရှိတဲ့ နေရာတွေမှာ တိမ်းရှောင်နေကြတဲ့သလို ပြည်သူအများပိုင်းက မိုးကောင်း၊ နမ္မတီးနဲ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ နှစ်ပတ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။ ဖားကန့်မှာ ကျန်ရှိနေကြတဲ့ ပြည်သူတစ်ချို့က အိမ်တွင်းပစ္စည်းတွေကို သယ်ယူဖို့ ကြိုးစားပေမယ့် သယ်ယူခွင့်မရဘဲ လမ်းကြောင်းတွေကိုလည်း စစ်တပ်က ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ မရှီကထောင်ကျေးရွာမှာ တိုက်ပွဲစတင်ပြင်းထန်လာတဲ့ ဇန်နဝါရီလ ၃၀ ရက်နောက်ပိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်က ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရုံးဝင်းနေရာတွေမှာ ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူအများပိုင်းက တိုက်ပွဲဧရိယာနဲ့ ဝေးတဲ့နေရာတွေမှာ ကိုယ်လွတ်ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ မရှီကထောင်ကျေးရွာမှာ စစ်တပ်က ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ၊ သိမ်းယူနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးက “ကျမတို့က မီးသွေးတွေဆိုရင်လည်း သုံးဘီးကားတွေနဲ့ သယ်ယူနေကြတာ ကုန်းပေါ်ကနေ လှမ်းမြင်ရတယ်တဲ့။ ကျမတို့က အထဲကိုဝင်လို့မရတော့ အထဲမှာ ဘယ်လောက်ထိ ဆိုးဆိုးရွားရွာလုပ်ပေးနေလဲသေချာမသိရဘူး။ တစ်ချို့အိမ်က မြေတူးတဲ့ဂန့်စက်တွေလည်း လေး၊ ငါးလုံးအကုန်သယ်ယူကြတယ်”လို့ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့နောက်ပိုင်း နှစ်ဖက်တိုက်ပွဲ အနည်းငယ် ပြန်ငြိမ်သွားပြီဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေက ပြည်သူမရှိတဲ့ နေအိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံခိုးယူသယ်ယူ နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့ မရှီကထောင်ကျေးရွာ အနောက်ဘက်ခြမ်းကနေ ထိုးဖောက်နေတာဖြစ်ပါတယ်။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီတပ် ဝင်ရောက်လာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများလာတာကြောင့် ရှေ့မတိုးနိုင်ဘဲ စစ်ကြောင်းရပ်တန့်နေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးနိုင်ဖို့ လေကြောင်းတိုက်ခိုက်ပြီး မြေပြင်စစ်ကြောင်းထိုးတာတွေ၊ နှစ်ဖက်တပ်အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖားကန့်မှာ အရပ်သားထိခိုက်သေဆုံးတာတွေလည်း ဆက်တိုက်ဖြစ်ပွားနေပါတယ်။ By –…

    Read More »
  • 17 February
    သတင်း

    ကုဋေမှော် မြေစာကန်ပြိုကျ၊ ရေမဆေးသမား ၁၀ ဦးခန့် ပျောက်ဆုံးနေဆဲ

    ဖားကန့်မြို့နယ်၊ ကုဋေမှော်ရှိ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ကွက်တစ်ခုမှာ မြေစာကန်ပြိုကျမှုကြောင့် ရေမဆေးသမား အယောက် ၂၀ ခန့်ပါသွားတဲ့ထဲကနေ ၁၀ ယောက်ခန့် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်လောက် ကုဋေမှော်…

    Read More »
  • 14 February
    သတင်း

    တိုက်ပွဲနယ်မြေနဲ့ထိစပ် မရှီကထောင်အပါ ကျေးရွာ ၃ ခုခန့်က စစ်ဘေးတိမ်းရှောင်နေရ

    တိုက်ပွဲဖြစ်နေတဲ့ ဖားကန့် ၊ မရှီကထောင်အနောက်ဘက်ခြမ်းမှာ နှစ်ဖက်စစ်တပ်အကြား စစ်ရေးတင်းမာမှုဆက်ဖြစ်နေသလို အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲနယ်မြေနဲ့ထိစပ်တဲ့ မရှီကထောင်၊ ထုံးဘိုနဲ့ ဂျမ်ဂတ် ကျေးရွာနေပြည်သူတွေ ဘေးလွတ်ရာကို စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး ဖားကန့် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်ကို စစ်ရေးဗျူဟာ ဦးတည်လာပြီး မရှီကထောင်၊ ထုံးဘိုနဲ့ ဂျမ်ဂတ်လမ်းကြောင်းကို အသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်လာတာ ခုဆိုနှစ်ပတ်ကျော်ခန့်ကြာမြင့်လာတဲ့အထိ ဖြစ်ပါတယ်။ စစ်အင်အားရာနဲ့ချီရှိတဲ့ ခမရ ၃၈၁ တပ်ရင်းက ဦးဆောင်တဲ့ စစ်ကြောင်းက မရှီကထောင်အနောက်ဘက်ခြမ်း ဆုတောင်းကုန်း ခြေရင်းအောက်ပတ်လည်တွေမှာ ဝင်ရောက်နေရာယူထားသလို ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရုံးဝင်းနေရာတစ်ချို့မှာလည်း ဝင်ရောက်နေရာယူလိုက်တယ်လို့ ဖားကန့် ပြည်သူတွေပြောပါတယ်။ လက်ရှိမှာ တိုက်ပွဲနေရာတဲ့ ထိစပ်တဲ့ မရှီကထောင်ရပ်ကွက်၊ ထုံးဘိုနဲ့ ဂျမ်ဂတ် ကျေးရွာက ပြည်သူတွေတစ်ချို့ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်က လက်ရှိနေလို့မရတော့ဘူး။ မရှီကထောင်ဆုတောင်းကုန်း ပတ်လည်တဝိုက်မှာ စစ်တပ်က နေရာယူလိုက်ပြီဖြစ်တယ်။ ပြီးရင် ဥရုဆိုင်းမော် KBC ရုံလည်း ဆုတောင်းကုန်းခြေရင်းမှာရှိတယ်။ ရုံဝန်ထမ်းတွေနေတဲ့ ရုံးအဆောက်အဦးလည်း အဲ့ဒီတောင်ရင်းမှာရှိတာဟုတ်တယ်။ အခုက အဲဒီထဲကိုလည်း စစ်တပ်က ဝင်ရောက်နေရာယူလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် KBC က လုပ်နေတဲ့ လုပ်ငန်းတာဝန်တွေလည်း အကုန်ရပ်နားလိုက်ပြီ။ ဘေးပတ်ဝန်းကျင်မှာနေတဲ့ သူတွေလည်း ဘယ်သူမှနေလို့မရတော့ဘူး။ အဲ့ဒါကြောင့် အသက်ကြီးရွယ်အိုတဲ့ သူတွေအားလုံးက မြို့ပေါ် နီးစပ်တဲ့ နေရာမှာတိမ်းရှောင်ဖို့ ဆင်းသွားကြပြီ”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ မရှီကထောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းနဲ့ ရုံးအဆောက်အဦးတွေရှိတဲ့ ပတ်လည်မှာ ကချင်လူမျိုးအများဆုံးနေထိုင်ကြပြီး တခြားလူမျိုးတွေအပါ စုစုပေါင်းအိမ်ထောင်စု ၅၀ ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။ မရှီကထောင်ရပ်ကွက်တစ်ခုလုံး အိမ်ခြေထောင်ဂဏန်းရှိပြီး လက်ရှိမှာ တိုက်ပွဲနဲ့ ထိစပ်နေတဲ့ အိမ်ထောင်စု ၅၀ အားလုံးနီးပါခန့်က ဖားကန့်မြို့ပေါ် တိုက်ပွဲမရှိတဲ့ နေရာတစ်ချို့မှာ ယာယီတိမ်းရှောင်နေကြပြီးတော့ အများပိုင်းက မိုးကောင်း၊ နမ္မတီးနဲ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်လာကြတယ်လို့သိရပါတယ်။ အခုလို ဖားကန့်စစ်ရှောင်တွေ မြို့ပေါ်ဘက်ကို တိမ်းရှောင်လာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အထက်ပါ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက ဆက်ပြီးဆိုပါတယ်။ “အခု စစ်ရှောင်တွေရဲ့ အခက်ခဲဆုံးအရာက တိုက်ပွဲဖြစ်တဲ့လမ်းမပေါ်က လူနေအိမ်တစ်ချို့က တော်တော်အခက်တွေ့နေရပါတယ်။ ဖားကန့် နယ်မြေထဲမှာ နဂိုထဲကနေ စစ်ရှောင်တစ်ချို့က သူ့နေရာနဲ့ သူတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေလည်းအများကြီးပဲ။ အဲ့ကြောင့် ထပ်မံပြီးတိမ်းရှောင်ဖို့က နေရာလုံးဝမရှိတော့ဘူး။ မသွားရင်လည်းမရဘူး တိုက်ပွဲနေရာထဲရောက်နေတယ်။ ဆက်နေရင်လည်း အသက်အန္တရာယ်ထိခိုက်ရုံပဲရှိတော့တယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းဖြစ်တဲ့ တိုက်ပွဲမှာ မရှီကထောင်နဲ့ ထိစပ်နေတဲ့ ဆွတ်ဂျာကောင့်ကျေးရွာမှာ အရပ်သား ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေက တိမ်းရှောင်လို့မရတဲ့ အခြေအနေတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ၊ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲကြောင့် စစ်ရှောင်နေကြဆဲဖြစ်တဲ့ စစ်ရှောင်တွေကို  ဖားကန့် စစ်ရှောင်ကူညီရေးအဖွဲ့တွေက အပြည့်အဝကူညီစောင့်ရှောက်ပေးဖို့ ခက်ခဲနေတဲ့အခြေအနေမှာ ယခုနောက်ပိုင်း ပြန်ပြီးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကိုလက်မခံနိုင်တော့ဘဲ စစ်ရှောင်အများစုက မြို့ပေါ်ဘက်ကို တိမ်းရှောင်လာခဲ့ကြတာဖြစ်တယ်လို့ ဆက်သိရပါတယ်။ ဖားကန့်ပြည်သူတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာဘက်ကို ထိုးစစ်ဆင်ဝင်ရောက်ဖို့ လေကြောင်းအကူအပါ ခေတ်မှီဒရုန်း၊ လက်နက်ကြီးတွေပစ်ခတ်ပြီး တိုက်ခိုက်နေတဲ့အတွက် ကြာမြင့်တဲ့တိုက်ပွဲဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ထားတာတွေရှိပါတယ်။ အခုလိုတိုက်ပွဲဧရိယာကျယ်ပြန့်လာတာနဲ့အညီ တိုက်ပွဲရှောင်ပြည်သူတွေက ဆက်ပြီးများပြားလာနိုင်ပြီး ပြည်သူတွေဆက်ပြီး ရပ်တည်ရှင်သန်လာနိုင်ဖို့ ပိုပြီးခက်ခဲလာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်လိုက်တဲ့ စစ်တပ်ရဲ့ ထိုးစစ်ဟာ နှစ်ပတ်အတွင်း ရှေ့ကိုမတိုးနိုင်ဘဲ မရှီကထောင်အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ နောက်ထပ် ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက ဆက်ပြီးပြောပြပါတယ်။ “လက်ရှိ စစ်ရေးအခြေအနေပြောရမယ်ဆိုရင် စစ်တပ်ကလည်း ရှေ့မတိုးနိုင်ဘူး။ မြို့နားကိုတောင်ပြန်ကပ်လာတဲ့အခြေအနေမှာ ပြန်ဆုတ်သွားတဲ့သဘောတောင်ရှိတယ်။ လေယာဉ်တွေလည်းလာပြီး မြို့နားကပ်ပြီးလာကြဲသွားတဲ့ပုံစံမျိုးဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်လာလိုက် ပြန်ရပ်သွားလိုက်နဲ့ ဖြစ်နေတာပေါ့လေ”လို့ပြောပါတယ်။…

    Read More »
  • 13 February
    သတင်း

    ဖားကန့်မှာ မြေမြှုပ်မိုင်းဆော့ကစားရာကနေ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦးထိခိုက်ပြီး တစ်ဦးသေဆုံး

    ဖားကန့် မော်ဝမ်းကြီးကျေးရွာအနီး ရှရော်ခ၊ တောင်ပြိုကျေးရွာမှာ မြေမြှုပ်မိုင်းဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦးသေဆုံး၊ နောက်ထပ် ၃ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေ ပြောပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၃ ရက် ဒီကနေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောပါတယ်။ “ကလေးငယ်တွေ သေဆုံးတဲ့ ကိစ္စက တောင်ပြိုမှာ ဖြစ်သွားတာဟုတ်တယ်။ တွေ့ရှိတဲ့သူတွေ ပြောသလောက်ဆိုရင် ကလေးတွေက မြေမြှုပ်မိုင်းကို ကျောက်ခဲနဲ့ သွားထုရင်း ဆော့နေကြတယ်လို့ ပြောတယ်။ အဲဒီနေရာကလည်း လက်ရှိ စစ်ရေးတင်းမာနေတဲ့ ရှေ့တန်းနယ်မြေဖြစ်တယ်။ ကလေးတွေ အဲဘက်ဘယ်လို ရောက်သွားကြလဲ မသိဘူး” လို့ ပြောပါတယ်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာမှာ အသက် ၇ နှစ်အရွယ် မောင်နေဝင်းထွန်းဆိုသူ ကလေးငယ်က ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ နောက်ထပ် ကလေးငယ် ၃ ဦးက အသက် ၁၁ နှစ်အရွယ် မောင်ဦးကိုလင်း၊ အသက် ၂ နှစ်အရွယ် မောင်မင်းသူရိန် နဲ့ အသက် ၈ နှစ်အရွယ် နန်းခိုင်စိုး စတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးက ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တောင်ပြိုကျေးရွာဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေရှိခဲ့ပြီး ဖားကန့် ဗျူဟာကုန်းရဲ့ အနောက်ဘက်ခြမ်း ၄ မိုင်ခန့်အကွာမှာရှိတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကလေးငယ် ၄ ဦးထိခိုက်၊ သေဆုံးမှုရှိခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီးနောက်ထပ် ဖားကန့်ပြည်သူတစ်ဦးက “လက်နက်ကြီးကျပြီး ပေါက်ကွဲသွားတာတော့မဖြစ်နိုင်ဘူးလို့ပြောရမယ်။ အဓိကတော့ အားလုံးသိထားတာလည်း လမ်းဘေးက မိုင်းဆော့နေရင်းနဲ့…

    Read More »
  • 10 February
    သတင်း

    ဖားကန့်မှာ ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားထိခိုက်မှုရှိခဲ့

    တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းပို့ဆောင်ပေးတဲ့ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့ လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုတွေရှိခဲ့ပြီး အရပ်သားပြည်သူတစ်ချို့ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ကားမိုင်းလမ်းပိုင်းကနေတက်လာတဲ့ ထောက်ပို့ယာဉ်တွေဟာ ဖားကန့်မြို့အဝင်လုံးခင်းယမ်းချက်စက်ရုံကနေ တစ်ဆင့် ယာဉ်တန်းတစ်ချို့ကို တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ဦးတည်ပြီး တက်လာတာကြောင့် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လုံးခင်းအုပ်စု မှော်ဆီစာမိန်းလမ်းမကြီးမှာ နေ့ခင်း ၁ နာရီလောက် မိုင်းသုံးလုံးကွဲတယ်။ တစ်လုံးကတော့ လုံးခင်းကနေ မှော်ဆီစာအဝင်မှာကွဲတယ်။ အဲ့မှာ ဆိုင်ကယ်နဲ့သွားတဲ့ အမျိုးသမီးနှစ်ဦးထိသွားတယ်။ ဒဏ်ပြင်းထန်တယ်လို့ပြောလို့ရတယ်။ နောက်ထပ် မှော်ဆီစာ Sky Hotel မျက်စောင်းထိုးမှာရှိတဲ့ လမ်းမကြီးပေါ်မှာလည်း အဲ့မှာက နှစ်လုံး ရှေ့ဆင့်နောက်ဆင့်ကွဲသွားတယ်။ အရပ်သားကားတစ်စီးထိသွားတယ်။ ကားထိတဲ့နေရာမှာပဲ ဆိုင်ကယ်တစ်စီးလည်းထိသွားတယ် လူကဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။ ဒီကနေ့ တစ်ရက်ထဲ လုံးခင်းအုပ်စု မှော်ဆီစာကျေးရွာတစ်လျှောက်မှာ မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပထမဖြစ်စဉ်မှာ ဆန်းကြွယ်ကျေးရွာက သားအမိနှစ်ဦးထိခိုက်ခဲ့ရပြီး နောက်ထပ်တစ်ဦးက ဆိုင်ကယ်စီးနင်းတဲ့ ဆိုင်းတောင်ကျေးရွာက အမျိုးသားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ စစ်ယာဉ်တန်းတွေဝင်ရောက်လာချိန် လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် မိနစ် ၄၀ ခန့်အကြာမှာ စစ်တပ်က လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မရှီကထောင်ရပ်ကွက် အနောက်ဘက်ခြမ်း ထုံးဘို ဆုတောင်းကုန်းဘက်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆက်ပြီးဆိုပါတယ်။ “စစ်တပ်က လေကြောင်းတိုက်ခိုက်သွားပြီးနောက် တိုက်ပွဲပြန်ပြီးပြင်းထန်ပါတယ်။ မနက်ပိုင်းကမဖြစ်ဘူး လေယာဉ်လာပြီးနောက် ပြန်ပြင်းထန်လာတာ။ ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်တဲ့နေရာမှာ ပြန်ပြီးလာပစ်တာ။ အခုချိန်အထိတော့ ပစ်လိုက်နားလိုက်နဲ့ ဖြစ်နေကြတာ”လို့ပြောပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် ဒီကနေ့ အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ နှစ်ပတ်ခန့်ကြာမြင့်လာတဲ့ ဖားကန့်တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ကြောင်းမထိုးနိုင်ဘဲ လက်နက်ခဲယမ်းတင်တဲ့ စစ်ယာဉ်တန်းတွေ ဝင်ရောက်လာသလို လေကြောင်းအကူနဲ့ တိုက်ပွဲဖော်ဆောင်လျက်ရှိနေပါတယ်။ စစ်တပ်ဘက်က လေကြောင်းအပါ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် မရှီကထောင်ကျေးရွာနဲ့ ထိစပ်တဲ့ ကျေးရွာနေပြည်သူတွေ ရာနဲ့ချီစစ်ဘေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ တိုက်ပွဲဧရိယာနဲ့ ထိစပ်တဲ့ ပြည်သူတစ်ချို့က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကာလာကြာမြင့်လာနိုင်တဲ့အတွက် နမ္မတီး၊ မိုးကောင်း၊ မြစ်ကြီးနားစတဲ့မြို့ပေါ်ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာလည်း မရှီကထောင်စစ်ဘေးရှောင် အိမ်ထောင်စု ၆၀ ခန့်က မြစ်ကြီးနားမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ တာဝန်ရှိသူတွေဆီကနေ ဆက်သိရပါတယ်။ ဖားကန့်မှာ စစ်တပ်က ဖော်ဆောင်နေတဲ့ စစ်ရေးဗျူဟာအရ စစ်တပ်က လက်လွတ်ထားရပြီး ဆိုင်းတောင်း၊ ဂွေခါစတဲ့ ဖားကန့်မြို့အတွက် အရေးပါတဲ့ ကျေးရွာနေရာတွေသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဖော်ဆောင်နေတာဖြစ်ပြီး မရှီကထောင်အနောက်ဘက်ခြမ်းရှိ ဆုတောင်ကုန်းနေရာကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ ဇန်နဝါရီလကုန်းပိုင်းကနေ တိုက်ပွဲပြင်းထန်နေတဲ့ဖားကန့်တိုက်ပွဲမှာ နှစ်ဖက်တပ် အပြန်အလှန်လက်နက်ကြီးပစ်ခတ်မှု၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေကြောင့် အရပ်သား၊ ထိခိုက်သေဆုံးသူ စုစုပေါင်း ၂၀ ကျော်ခန့်ရှိလာပြီလို့ ဖားကန့်လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ By –…

    Read More »
  • 6 February
    သတင်း

    ကချင်ဒေသထဲ တစ်ပတ်အတွင်း ဗန်းမော်အပြင် နောက်ထပ် မြို့နယ် ၃ နေရာမှာတိုက်ပွဲဆက်ဖြစ်

    ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တပြိုင်နက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ မြို့နေရာ ၄ ခုမှာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်နေပြီး ဗန်းမော်နဲ့ ဝိုင်းမော်မြို့တွေမှာဖြစ်နေတဲ့ တိုက်ပွဲမှာ KIA…

    Read More »
  • 6 February
    သတင်း

    ဖားကန့်မှာ အနံ့ဆိုးထွက်အောင်လုပ်စေခဲ့တဲ့ အမျိုးသားနှစ်ဦးကို KIA ဖမ်းဆီး

    ကချင်ပြည်နယ် ဖားကန့်မြို့တစ်ခုလုံး အနံ့ဆိုးထွက်စေအောင် ဥရုချောင်းထဲ အင်ဂျင်ဝိုင်ဟောင်းတွေ သွန်ပစ်ခဲ့တဲ့ အမျိုးသားနှစ်ဦးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဖမ်းဆီးထားပြီး အရေးယူဖို့လုပ်ဆောင်နေတယ်လို့ဒေသခံများထံမှ သိရပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်း ဖားကန့်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအတွင်းမှာပဲ ဖားကန့်မြို့တစ်ခုလုံးမှာ အနံ့ဆိုးဖြစ်ပေါ်စေခဲ့ပြီး ဆိုင်းတောင်(ဆိပ်မူ)၊ ဖားပြင်၊ မမုံ၊ ဆန်းကြွယ်၊ ယူမာ၊ မရှီကထောင်ရပ်ကွက်၊ ရှရော်ခ နဲ့ လုံးခင်းကျေးရွာတွေအထိ ပျံ့နှံ့ကာ ပြည်သူလူထုတွေကြားပြောဆိုမှုများစွာရှိခဲ့ပါတယ်။ ဖားကန့်ပြည်သူတွေ ညပိုင်း ၃ နာရီခန့်အကြာ Mask တပ်ပြီး နေထိုင်ဖို့ ဖြစ်စေခဲ့တဲ့ အနံ့ဆိုးတွေဟာ ဆိပ်မူရွာဟောင်းက အင်ဂျင်ဝိုင်ချက်စက်ရုံက အင်ဂျင်ဝိုင်ဟောင်စွန့်ပစ်ပစ္စည်းတွေကို ဥရုချောင်းထဲကို မျောလိုက်တဲ့အတွက် ဖြစ်စေခဲ့တယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဒါကြောင့် အင်ဂျင်ဝိုင်ချက်တဲ့ ပိုင်ရှင်တစ်ဦးနဲ့ စက်ရုံအစောင့်တစ်ဦး KIO က ဖမ်းဆီးထားပြီးအရေးယူဖို့ ပြင်ဆင်နေတယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လက်ရှိ KIO အုပ်ချုပ်ရေးက ကျူးလွန်သူတွေကို ဖမ်းဆီးထားတယ်။ ဒီကိစ္စကို ဘယ်လိုအကောင်အထည်ဖော်သွားမယ်။ ဘယ်လိုအတည်ပြုချက်တွေနဲ့ လုပ်ဆောင်သွားမလဲဆိုတာတော့ စောင့်ကြည့်ရအုံးမှာပေါ့”လို့ပြောပါတယ်။ ဆိုင်းတောင်ကျေးရွာထဲမှာ အင်ဂျင်ဝိုင်ချက်တဲ့သူတွေရှိနေသေးတဲ့အတွက် နောက်ထပ်ကျူးလွန်တယ်လို့ ယူဆရတဲ့ သူတွေကို ဆက်ပြီးစုံစမ်းစစ်ဆေးတာတွေ လုပ်နေသေးတယ်လို့ သိရပါတယ်။ ဖားကန့် မြို့တစ်ခုလုံး အနံ့ဆိုးထွက်စေခဲ့တဲ့ဖြစ်စဉ်ကြောင့် ဆိုင်းတောင်ကျေးရွာမှာ နေထိုင်တဲ့ပြည်သူတွေ ဆိုးဆိုးရွားရွားခံစားခဲ့ရပြီးနောက် နောက်ထပ်ကျေးရွာတွေအများအပြားမှာလည်း ကြုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ အနံ့ဆိုးဖြစ်ပေါ်ခဲ့တာကြောင့် ဖားကန့်ပြည်သူတွေဟာ Mask တပ်ပြီး ၃ နာရီနဲ့ ၅ နာရီကြား ကျော်ဖြတ်ခဲ့ရတဲ့အပြင် ပြည်သူတစ်ချို့က အော့အန်တာတွေဖြစ်ပြီး ဆေးရုံတက်လိုက်ရတဲ့အခြေအနေအထိ ကြုံတွေခဲ့ရတယ်လို့ ပြည်သူတွေပြောပါတယ်။ တိုက်ပွဲဖြစ်ပွားပြီး နာပိုင်းခြားအတွင်းမှာပဲ အခုလို အနံ့ဆိုးတွေဖြစ်ပေါ်လာတာကြောင့် ပြည်သူတစ်ချို့က စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး၊ ဒရုန်းတွေဆီကနေ ပျံ့နှံ့လာတဲ့ အနံ့ဆိုးတွေဖြစ်တယ်လို့ဝေဖန်ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။ ဖားကန့်တစ်မြို့လုံးအနံ့ဆိုးဖြစ်ပေါ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီးနောက် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက “အရင်ကတည်းက အောင်ပိုင်းကနေ…

    Read More »
  • 4 February
    သတင်း

    ဖားကန့်မှာ လူငယ်နှစ်ဦးမိုင်းထိပြီး ပွဲချင်းပြီးသေဆုံး

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ရေးကြောင့် ပိတ်ထားတဲ့လမ်းကနေဖြတ်လာတဲ့ လူငယ်နှစ်ဦး မိုင်းထိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံများထဲမှ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာ ဖြစ်သွားတာလို့ ဖားကန့်မြို့မှာနထိုင်တဲ့ အမျိုးသားတစ်ဦး ပြောပါတယ်။…

    Read More »
  • 3 February
    သတင်း

    ဖားကန့်မှာ လက်နက်ကြီးထိမှန်လို့ ၁၃ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

    တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကာလီချောင်ရွာနား လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ကနေ ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံးခဲ့ရပြီး ၁၁ ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကစလို့ ဖားကန့်မြို့နယ်အတွင်း နှစ်ဖက်တပ်တွေအကြား လက်နက်ကြီးအပြန်အလှန်ပစ်ခတ် နေကြတာဖြစ်ပြီး…

    Read More »
  • 3 February
    သတင်း

    ဖားကန့်တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က တပ်ခွဲမှူးနဲ့တပ်သားတစ်ဦးသေဆုံးပြီး တပ်သား ၆ ဦးအလင်းဝင်လာ

    တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့မှာ စစ်ကော်မရှင်တပ်ဘက်က တိုက်ပွဲအတွင်း အရာရှိတစ်ဦးသေဆုံးပြီး တပ်သား ၆ ဦး အလင်းဝင်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်နေကြချိန် ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ထဲက တပ်သားတစ်ဦးအရင်ဆုံး အလင်းဝင်လာရာကနေ ဒီကနေ့မနက်ပိုင်းမှာလည်း‌ နောက်ထပ်တပ်သား…

    Read More »
Back to top button