ဖားကန့်
-
Mar- 2023 -13 Marchသတင်း
ဖားကန့်တွင် တက္ကသိုလ်ဝင်တန်းစာဖြေသူ ၇၀၃ ဦးသာရှိပြီး၊ စာဖြေဌာန တစ်ခုသာ ဆောင်ရွက်နိုင်ခဲ့
ဖားကန့်မြို့နယ်တွင် ၂၀၂၂–၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၇၀၃ ဦးသာ ရှိခဲ့ပြီး စာဖြေဌာနတစ်ခုသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ “စာဖြေဆိုသူ ၇၉၇ ဦး စာရင်းရှိခဲ့ပြီး၊ ပျက်ကွက် ၉၃ ယောက် ရှိခဲ့ပါတယ်၊ ရာခိုင်နှုန်းအားဖြင့်…
Read More » -
13 Marchသတင်း
အသစ်ပြောင်းလားသည့် ဖားကန့်မြို့နယ် လဝက ဒု- ဦးစီးမှူးပစ်သတ်ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၏ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒု– ဦးစီးမှူးတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်းသိရသည်။ မတ်လ ၁၂ ရက်နေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်တွင် ကြက်တစ်ကောင်ကုန်းရပ်ကွက် ဖားကန့်နယ်မြေရဲစခန်းအနောက်ဘက်ရှိ ဝန်းထမ်းအိမ်ယာတန်းလျား နေအိမ်အတွင်းရှိနေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦး…
Read More » -
11 Marchသတင်း
ဖားကန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့ပြင် လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။ မတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲချိန်တွင် မှော်မောင်းလျံဘက်မှ ဖားကန့်ဘက်သို့ ဆိုင်ကယ်မောင်းနင်းသွားစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့မှ ပစ်သတ်သွားသည်ဟု ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက…
Read More » -
8 Marchသတင်း
ဖားကန့် စားသောက်ဆိုင်တစ်ခုမှ အရပ်သားပြည်သူ ၈ ဦးဖမ်းဆီးခံရ
ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက် စားသောက်ဆိုင်မှ ဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်း ၄ ဦးနှင့်အပါအဝင် ဆိုင်အတွင်းရှိနေသော လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၇ ရက်ည ၁၁ နာရီဝန်းကျင်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ မှော်ဝမ်းရပ်ကွက်ရှိ ရှု့ဒေါင့်သစ် ကဖေးနှင့် အအေးဆိုင်ပိုင်ရှင်အပါအဝင် ဆိုင်ဝန်ထမ်း ၄ ဦး နှင့် ဆိုင်းအတွင်း Wifi လာသုံးနေသည့်…
Read More » -
7 Marchသတင်း
ဖားကန့်တွင် စစ်ကိုင်းမှ လာရောက်တိမ်းရှောင်နေသည့် NLD ပါတီဝင်တစ်ဦး ဖမ်းဆီးခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာအုပ်စု ဖားပြင်ကျေးရွာတွင် လာရောက်တိမ်းရှောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီဝင်တစ်ဦး မတ်လ ၆ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ကြောင်းသိရသည်။ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် NLD ပါတီဝင်တစ်ဦးဖြစ်သည့် အသက် ၄၀ နှစ်အရွယ်…
Read More » -
3 Marchသတင်း
ဖားကန့်တွင် ပြည်သူအများအပြားဖမ်းဆီးခံရသည့်အထဲမှ တစ်ချို့ကို မင်္သကာမှုဖြင့် ဖမ်းဆီးထားဆဲ
ဖားကန့်မြို့နယ် ရှရော်ခ (Sharaw Hka) ကျေးရွာတွင် စစ်ကောင်စီ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ အများပိုင်းကို ပြန်လည်လွတ်ပေးပြီး တစ်ချို့ကို မင်္သကာမှုဖြင့် ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။ မတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံလိုက်ရသည့် ရှရော်ခပြည်သူ ၂၀၀ နီးပါးရှိအနက်…
Read More » -
1 Marchသတင်း
ရှရော်ခ ကျေးရွာကို စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့်ဝင်စီးကာ အရပ်သား ၂၀၀ ခန့်ကို ဖမ်းခေါ်သွား
ဖားကန့်မြို့နယ် ရှရော်ခ (Sharaw Hka) ကျေးရွာကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့်ဝင်စီးပြီး အရပ်သား ၂၀၀ ခန့်ကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။ လူဦးရေ ၅၀၀ နီးပါးရှိသည့် ရှရော်ခကျေးရွာသို့ ယနေ့မွန်းလွဲပိုင်း…
Read More » -
Feb- 2023 -28 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
ဖားကန့်တွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရသည့်အတွက် အရပ်သားပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေ
ကချင်ပြည််နယ် ဖားကန့်မြို့နယ် စဗျစ်ခူးကျေးရွာတွင် စစ်ကောင်စီိအဖွဲ့၏ ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် အမျိုးသား ၆၀ ကျော်ကို ဖမ်းဆီးကာ ရွာအပြင်ထုတ် စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံများထံမှသိရသည်။ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၃ နာရီအချိန်က စစ်ကောင်စီ…
Read More » -
24 Februaryသတင်း
နန့်ယားစစ်တပ်ဂိတ်တွင် ဆန်သည်များ၏ ဆန်ကားများကိုသာ ဝင်ခွင့်ပြုသည့်အတွက် ပြည်သူအချို့အခက်တွေ့နေ
ဖားကန့်မြို့နယ်အတွင်းသို့ ဆန်ကုန်သည်များ၏ ဆန်ကားများကိုသာ စစ်ကောင်စီက ဝင်ခွင့်ပြုထားပြီ မိသားစုများမှ တပိုင်တနိုင် တင်ဆောင်လာသည့် ဆန်အိတ်များကို ဝင်ခွင့်မရဘဲ တားမြစ်ထားဆဲ ဖြစ်သည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၄ ရက်ခန့်အကြာ နန့်ယားစစ်တပ်ဂိတ်တွင် ဆန်ကားများ…
Read More » -
24 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
စစ်ကောင်စီတပ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ထိမှန်
ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာဘက်တွင် ယနေ့ နံနက် ၇ နာရီခန့်တွင် KIA နှင့် PDF စစ်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်။ ”KIA PDF က ဒီနေ့မနက် စစ်ရေးလှုပ်ရှားမှု နည်းနည်းလုပ်လိုက်တာ။ အဲ့တာ ဒီကောင်တွေဘယ်လိုသိလို့လဲမသိဘူး။ လက်နက်ကြီးတွေ ရမ်းပစ်လာတာ လက်နက်ကြီးက ကျန့်ဖြစ်တာလား၊ တမင်…
Read More »







