သတင်း

နန့်ယားစစ်တပ်ဂိတ်တွင် ဆန်သည်များ၏ ဆန်ကားများကိုသာ ဝင်ခွင့်ပြုသည့်အတွက် ပြည်သူအချို့အခက်တွေ့နေ

ဖားကန့်မြို့နယ်အတွင်းသို့ ဆန်ကုန်သည်များ၏ ဆန်ကားများကိုသာ စစ်ကောင်စီက ဝင်ခွင့်ပြုထားပြီ မိသားစုများမှ တပိုင်တနိုင် တင်ဆောင်လာသည့် ဆန်အိတ်များကို ဝင်ခွင့်မရဘဲ တားမြစ်ထားဆဲ ဖြစ်သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၄ ရက်ခန့်အကြာ နန့်ယားစစ်တပ်ဂိတ်တွင် ဆန်ကားများ ဝင်ခွင့်မရအောင် ပိတ်ဆို့ထားပြီး ၂၃ ရက်နေ့  ပြန်လည်ဖွင့်ပေးခဲ့ရာ ဆန်ကုန်သည်များ၏ ဆန်ကားများကိုသာ ဝင်ခွင့်ပြုနေသည်ဟု လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

ကုန်သည်တွေရဲ့ ဆန်ကားကြီးတော့ မနေ့ကနေ ဝင်ခွင့်ပေးလိုက်တယ်။ ဒါပေမယ့် မိသားစုစားဖို့ အောက်ပိုင်းကနေ ၂ အိတ် ၃ အိတ် အဲ့လိုမှာထားတဲ့ဟာတွေကျတော့ မဝင်ခိုင်းဘူး။ အဲ့ဒီ နန့်ယားမှာပဲချထားတုန်း။ ကားသမားတွေကို မေးတာ လုံးဝတင်ခွင့်မပေးဘူးတဲ့။ တခြားအသိတွေမှာထားတာ အတူတူပဲ တင်လာခွင့်မပေးဘူးဟုပြောသည်။

ယခုကဲ့သို့ နန့်ယားစစ်တပ်ဂိတ်တွင် ပြီးခဲ့သော ၂၀၂၂ နှစ်ကုန်းပိုင်းမှာလည်း တစ်ကြိမ် ပိတ်ဆို့ခံရခြင်းဖြစ်သည်။

လက်ရှိတွင်  ဆန်ကားများကို ပိတ်ဆို့ခံရသည့်အပေါ်မှာ အများပြည်သူကို စိတ်ဒုက္ခပေးသည့် လုပ်ရပ်ဖြစ်သည်ဟု ဖားကန့်မြို့ခံတစ်ဦးက ပြောဆိုသည်။

ဆန်သည်တွေရဲ့ ဆန်တွေကဝင်ခိုင်းပြီးတော့ မိသားစုစားဖို့ တစ်အိတ်စ နှစ်အိတ်စက မသယ်ခိုင်းဘူးဆိုတကာက ပြည်သူတွေကို သက်သက်စိတ်ဒုက္ခပေးတာပဲ။ အရင်နှစ်ကလည်း အခုလိုပဲ တစ်ကြိမ်ရှိတယ်။ အခုဖြစ်နေတဲ့ ပြဿနာက ပိုက်ဆံပေးတဲ့ ဆန်ကားတွေကျတော့ ဝင်ခိုင်းတဲ့ သဘောဖြစ်နေတယ်။ ဒါကလုံးဝမတရားဘူးလေဟုပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နောက်ပိုင်း ဆန်သယ်ယူခွင့်များ ပိတ်ဆို့လိုက်ခြင်းကြောင့် ဖားကန့်မြို့နယ်အတွင်း ငွေတိုး၊ ဧရာမင်း၊ ချင်းတုံး စသည့် ဆန်အမျိုးအစားများသည် ၈ သောင်းဝန်းကျင်မှ ၁၂၀၀၀၀ အထိ၊ ပေါ်ဆန်းမွှေးတစ်အိတ်တွင် ၈၅၀၀၀ မှ ၁၅၀၀၀၀ အထိ စျေနှုန်းမြင့်တက်သွားကြောင်း ဒေသခံများပြောသည်။

Show More

Related Articles

Back to top button