ပူတာအိုတွင် ဖုန်းလိုင်း အားလုံး နီးပါး ပြတ်တောက်နေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်တွင်း ဖုန်းအော်ပရီလိုင်းများအားလုံးနီးပါး ပြတ်တောက်နေကြောင်း ဒေသခံနှင့် နီးစပ်သူများထံမှ သိရသည်။ ပူတာအိုမြို့နယ်အတွင်း မေလ ၂၃ ရက်နေ့မှ စတင်ကာ MPT၊ Telenor ၊ Mytel ဖုန်းအင်းများပြတ်တောက်နေပြီး ယနေ့ မေ ၂၄ ရက်နေ့အထိမရသေးကြောင်း ဒေသခံတစ်ဦးက KNG သို့ပြောသည်။ "mytel ကတော့ မနေ့ကတည်းကမရတာ Telenor နဲ့ MPT ကတော့မနေ့ညနက်ပိုင်းကတည်းက စပြီးမရတာ ခုနေ့ခင်းပိုင်းအထိ မရဘူး