ဗန်းမောက်
-
Feb- 2026 -26 Februaryသတင်း
ဗန်းမောက်မြို့အရှေ့ခြမ်း တိုက်ပွဲဖြစ်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့အရှေ့ခြမ်းကို စစ်ကော်မရှင်တပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှား လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစလို့ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့ အရှေ့ဘက်ခြမ်း ကျွဲကောကြီးကျေးရွာတစ်ဝှိုက်ကိုဦးတည်စစ်ကြောင်းထိုးလာရာကနေတိုက်ပွဲတွေဖြစ်ပွားနေတာလို့ ကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “မြို့ထဲကနေ…
Read More » -
12 Februaryသတင်း
ဗန်းမောက်မြို့အလုံးစုံကို SNA ပြန်လည်ထိန်းချုပ်
ဗန်းမောက်မြို့ကို ၄ လကျော်ကြာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးတဲ့နောက် ရှမ်းနီအမျိုးသားတပ်မတော် SNA က ပြန်လည်သိမ်းပိုက်သွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာဘဲ အင်အားရာနဲ့ချီရှိတဲ့ SNA နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက် သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
6 Februaryသတင်း
ဗန်းမောက်မြို့ ရပ်ကွက် ၄ ခုမှာ ၃ ခုကို SNA ပြန်သိမ်းပိုက်
တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့က ရပ်ကွက် ၄ ခုမှာ ၃ ခုကို ရှမ်းနီအမျိုးသားတပ်မတော် SNA က ပြန်လည်သိမ်းပိုက်သွားတဲ့အကြောင်း စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပေမဲ့…
Read More » -
Jan- 2026 -20 Januaryသတင်း
တော်လှန်ရေးအင်အားစုသိမ်းပိုက်ထားတဲ့ဗန်းမောက်မြို့ရဲ့ တစ်ဝက်ကို စစ်တပ်နဲ့ SNA ပြန်လည်ထိန်းချုပ်
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့ ကျေးရွာတစ်ချို့ကို စစ်တပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေပြန်လည်သိမ်းပိုက်သွားတာကြောင့် မြို့ရဲ့တစ်ဝက်ကို တော်လှန်ရေးအင်အားစုဘက်က လက်လွှတ်လိုက်ရပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၀ ရက်နေ့ ဗန်းမောက်မြို့ပေါ်ကို ထိန်းချုပ်ပြီးနောက် မြို့ကို…
Read More » -
Dec- 2025 -8 Decemberသတင်း
ဗန်းမောက်က ရွှေလုပ်ကွက်ဗုံးကြဲခံရလို့ အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က ရွှေလုပ်ကွက်တစ်ခု မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ရပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က မွန်းလွှဲ ၂ နာရီဝန်းကျင်လောက်မှာ ဗန်းမောက်မြို့နဲ့ မိုင်၂၀အကွာ တောင်ပိုင်းတစ်နေရာက ရွှေလုပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ကိုငြိမ်းဆိုသူသေဆုံးခဲ့ရတာဖြစ်တယ်လို့ အခြေနေသိရှိတဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ညနေမှာကြဲသွားတာ။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးက ၈ လုံးကြဲသွားတာလို့သိရတယ်။ ၂ လုံးတစ်ခါနဲ့ ၄ကြိမ်ကြဲသွားတာ။ ကြဲသွားတာက ရွှေလုပ်ကွက်ထဲ ဂိတ်စောင့်တဲ့အရပ်သားတစ်ယောက်သေသွားတယ်။ ၆ ယောက်ဒဏ်ရာရတယ်။ ၆ယောက်ထဲမှာ ၂ ယောက်က တရုတ်လူမျိုး ဗမာစကားလုံးဝမတတ်ဘူး”လို့ပြောပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ ဗန်းမောက်၊ အင်းတော် နဲ့ ဝန်းသိုမြို့နယ်၃ခုဆုံတဲ့ သုံးမြေဆုံနေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့နဲ့ မိုင် ၂၀ အကွာမှာတည်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲဧရိယာမဟုတ်ဘဲ အကြောင်းမဲ့သက်သက်အရပ်သားတွေ ရွှေတူးဖော်တဲ့နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုထားပါတယ်။ တစ်ဖက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်ကာ တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားတာမကြာသေးတဲ့ ဗန်းမော်ြမို့ပေါ်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်နေတဲ့အပြင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေနေ့စဥ်ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ဗန်းမောက်မြို့ပေါ်ကိုက နေ့တိုင်းကြဲနေတာ။ မနေ့ကအထိပေါ့ ။မြေပြင်စစ်ကြောင်းကတိုးမရလို့ လေကြောင်းနဲ့ဘဲ တောက်လျှောက်ကြဲနေတာ တစ်ပတ်လောက်ရှိပြီ”လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက ဗန်းမောက်လက်ရှိစစ်ရေးအခြေနေကိုပြောပြပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဗန်းမောက်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီက တစ်ရက်ကို ဗုံးအလုံး ၃၀ ကျော် ကြဲချနေတာ ၆ ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့ကပဲထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်မြို့ကရွှေလုပ်ကွက်တချို့ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးခဲ့ရပါသေးတယ်။ By – အမိုး
Read More » -
1 Decemberသတင်း
ဗန်းမောက်တိုက်ပွဲအတွင်း စစ်တပ်က လေယာဥ်နဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲ
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက် နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလေယာဥ်နဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ ၂၉ ၊ ၃၀ ရက် မနေ့ကနဲ့ ဒီနေ့မနက်ခင်းတွေမှာ တစ်မနက်လုံးနီးပါး ဂျက်ဖိုက်တာ၊ Y12 အမျိုးစားလေယာဥ်တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။…
Read More » -
Oct- 2025 -29 Octoberသတင်း
ဗန်းမောက်မြို့ လေကြောင်းအပြင် လက်နက်ကြီးနဲ့တိုက်ခိုက်ခံရပြီး နေအိမ်အဆောက်အဦးတစ်ချို့ မီးလောင်ပျက်ဆီး
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့က အဆောက်အဦးတစ်ချို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာကနေ မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း မြစ်သေးချင်းကျေးရွာကိုလေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက် ခိုက်ခဲ့ပြီး အဲ့ဒီနေ့တစ်ရက်တည်းမှာဘဲ နားယကာကျေးရွာလမ်းဆုံက နေအိမ်တစ်လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေ…
Read More » -
16 Octoberသတင်း
ဗန်းမောက်မှာ သိမ်းပိုက်ထားတဲ့ စခန်းကုန်းတစ်ခု ပြန်လက်လွှတ်လိုက်ရ
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က မံလူ၊ ပင်းခါး ကျေးရွာနားမှာရှိတဲ့ စခန်းကုန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်အပြီးရက်ပိုင်းအကြာမှာဘဲ ပြန်လက်လွှတ်လိုက်ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေဆီကသိရ ပါတယ်။ ၅၇၁ ပွိုင့်ကုန်းလို့အမည်ရှိတဲ့ အဆိုပါစခန်းကုန်းကို တော်လှန်အင်အားစုတွေဟာ ဒီလ အောက်တိုဘာ ၈ ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ပေမဲ့ တစ်ပတ်ခန့်အကြာ အောက်တိုဘာလ…
Read More » -
14 Octoberသတင်း
ဗန်းမောက် – ဟုမ္မလင်းလမ်းပိတ်ထားလို့ ဟုမ္မလင်းဘက် ကုန်စျေးအဆမတန်မြင့်တက်
စစ်ကိုင်းတိုင်းထဲက ဗန်းမောက်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ချင်းဆက်လမ်းပိုင်းပိတ်ထားတာကြောင့် ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေအဆမတန်စျေးတက်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA ) ပူးပေါင်းတပ်တွေက ဗန်းမောက် – ဟုမ္မလင်းကားလမ်းပိုင်းပိတ်ထားချိန် ရက်ပေါင်း ၂၀ ကျော်ကြာမြင့်လာတဲ့အတွက် ဟုမ္မလင်းမြို့ပေါ်နဲ့ နောင်ပိုအောင်၊နန့်တောစတဲ့ကျေးရွာဘက်မှာအခြေခံစားသောက်ကုန်ဈေးအဆမတန်မြင့်တက်လာနေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက…
Read More » -
6 Octoberသတင်း
ဗန်းမောက်မြို့ကို စစ်တပ်နဲ့ SNA ပူးပေါင်းတပ်ပြန်ထိုးစစ်ဆင်၊ မြို့နဲ့ ၅ မိုင်အကွာကိုရောက်ရှိလာ
တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေ ပြန်လည်ထိုးစစ်ဆင်လာနေပြီး နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါ တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကစလို့ ဟုမ္မလင်းမြို့နယ်မှာရောက်ရှိနေတဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ နယ်မြေခံ SNA…
Read More »









