စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား
,
အင်းတော်မြို့နယ်ရှိ အောက်တောရွာ နှင့် ပင်ဝေကျေးရွာကြား၊ ဗန်းမောက်မြို့အနောက်ဘက်ရှိ ဖောင်းပြင်ရွာ တို့ကို စစ်ကောင်စီတပ်က ယနေ့ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် တံတားဦးမှတက်လာသော ဂျက်လေယာဉ် ၂စီးသည် အင်းတော်မြို့မြောက်ဘက်ခြမ်းရှိ အောက်တောကျေးရွာနှင့် ပင်ဝေကျေးရွာကြားတောထဲတစ်နေရာနှင့် ဗန်းမောက်မြို့နယ် ဖောင်းပြင်ရွာကို ဂျက်လေယာဥ် နှစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ''ဗုံးကတော့ ၄ လုံးကျဲသွားတယ် လေယာဥ်ကတော့၂ စီး အောက်တောနဲ့ပင်ဝေကြားမှာကျဲတာတိုက်ပွဲဖြစ်တာတော့မရှိဘူး အဲ့မှာ KIA နဲ့ PDF ရှိတယ်ထင်လို့လာကျဲတာနေမှာ ရွာတွေမရှိတော့ ထိခိုက်တာတော့မရှိဘူး'' ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် အဆိုပါဂျက်လေယာဉ်သည်
ကချင်ပြည်နယ် အဝင်ပေါက် နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် ဗန်းမောက်ဘက်မှ တက်လာသည့် လူငယ်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးနေသည်ဟု သိရသည်။ ယနေ့နံနက်ပိုင်း ၁၁နာရီဝန်းကျင်တွင် ဗန်းမောက်မှ မြစ်ကြီးနားဘက်သို့တက်လာသည့် အသက် ၂၀ ကျော်အရွယ် ရှမ်းနီလူငယ်တစ်ဦးနှင့် ကတူး လူငယ်တစ်ဦးတို့ကို နန့်စီးအောင် စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီ ရဲနဲ့ စစ်သားများ မှ PDF ဟု စွပ်စွဲကာ ဖမ်းဆီးထား ကြောင်း
အင်းတော်-ဗန်းမောက် လမ်းပိုင်းအခြေအနေ မတည်ငြိမ်သေးသော်လည်း ကုန်ကားကြီးများ ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပြီဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သိရသည်။ စစ်ကောင်စီတပ်သည် အင်းတော်-ဗန်းမောက် လမ်းပိုင်းကို အသုံးပြုကာ စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ကုန်ကားကြီးများဖြင့် သယ်ယူပို့ဆောင်နေသောကြောင့် ကုန်ကားကြီးများ ဖြတ်သန်းသွားလာခွင့်ကို ဇူလိုင်လ ၇ ရက်နေ့မှ စတင်၍ ပိတ်ထားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပြန်ဖွင့်လိုက်ပြီ ဖြစ်ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး က KNG သို့