ဗန်းမော်

  • Sep- 2026 -
    22 September
    လူ့အခွင့်အရေးချိုးဖောက်မှု

    စစ်သင်္ဘောတွေ ပြန်စုန်လာချိန် လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၄ ဦးသေဆုံး

    ဗန်းမော်နဲ့ ရွှေကူဘက်ကနေ မန္တလေးဘက်ကို စစ်သင်္ဘောတွေ ပြန်စုန်ဆင်းလာချိန် ကသာနဲ့ ရွှေကူမြို့နယ်အတွင်း မြစ်ကမ်းတစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား အနည်းဆုံး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG…

    Read More »
  • 19 September
    သတင်း

    တကောင်းနီကယ်စက်ရုံဆိပ်ကမ်းမှာ ရပ်နားခဲ့တဲ့ စစ်သင်္ဘောအုပ်စု ဘာတွေလုပ်နေလဲ

    မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်ဘက်ကို ဒုတိယအကြိမ် ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဥ် ၃၃ စီးပါ အုပ်စုဟာ စက်တင်ဘာ ၄ ရက်နေ့မှာ စတင်ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။

    Read More »
  • 18 September
    သတင်း

    စင်းခန်းတံတားတစ်ဝှိုက် တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၊ ဒေသခံများ နေရပ်စွန့်ခွာနေရ

    ကချင်ပြည်နယ် ဗန်းမော်၊ မံစီနဲ့ ဇင်းဘုံ၊စင်းခန်းတံတားတစ်ဝှိုက်ဒေသတွေမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကပြောပါတယ်။

    Read More »
  • 18 September
    သတင်း

    ရေယာဉ် ၁၈ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ KIA ပြော

    မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ် ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဉ်အုပ်စုတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မြစ်ကြောင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ရေယာဉ် ၁၈ စီးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။

    Read More »
  • 14 September
    တိုက်ပွဲ

    ကောင့်ဂျာယန်တိုက်ပွဲမှာ စစ်ကြောင်းတစ်ခုလုံးနီးပါးပြုတ်

    ဗန်းမော်မြို့ကို စစ်သင်္ဘောတချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်တွေက ကောင့်ဂျာယန်ဘက်မှာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးနီးပါး ပြုတ်သွားတဲ့အထိ ထိခိုက်မှုများခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။

    Read More »
  • 3 September
    သတင်း

    အလံဖြူထောင်ခဲ့တဲ့ စစ်သင်္ဘောနဲ့အတူ တပ်မိသားစုနဲ့ဝန်ထမ်းတွေ လိုက်ပါလာတယ်လို့ဆို

    ရွှေကူမြို့ကနေ ဗန်းမော်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာချိန် တိုက်ခိုက်ခံရပြီး အလံဖြူထောင် လက်နက်ချ လာတဲ့ စစ်သင်္ဘောပေါ်မှာ တပ်မိသားစုဝင်တွေအပြင် ဗန်းမော်နယ်ခံတွေ၊ စစ်တပ်နဲ့ နီးစပ်သူတွေ၊ ဝန်ထမ်း၊ ရဲနဲ့ စစ်သားတွေ၊ သူတို့မိသားစုဝင်တွေနဲ့ ဗန်းမော်ကို ပြန်ဝင်မယ့် စစ်ရှောင်…

    Read More »
  • Aug- 2026 -
    13 August
    တိုက်ပွဲ

    ကချင်ဒေသထဲက ဗန်းမော်၊ ရွှေကူအပါ မြို့နယ် ၅ ခု မှာ တိုက်ပွဲပုံမှန်ဖြစ်နေ

    ကချင်ပြည်နယ်ထဲက မြို့နယ် ၅ ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်နေပြီး တိုက်ပွဲပုံမှန်ဖြစ်ပွားလျက်ရှိနေတယ်လို့ KIO ပြောပါတယ်။

    Read More »
  • Jul- 2026 -
    17 July
    တိုက်ပွဲ

    မြေပြင်ထိုးစစ်အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်

    ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ မြေပြင်ထိုးစစ်အတွင်း အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ KIA ပူးပေါင်းတပ်ဘက်က သတင်းရင်းမြစ်တွေထံက သိရပါတယ်။

    Read More »
  • 6 July
    တိုက်ပွဲ

    ဗန်းမော်နဲ့ရွှေကူမှာတိုက်ပွဲဆက်ပြင်းထန်နေဆဲလို့ဆို

    ကချင်ပြည်နယ်ထဲက ဗန်းမော်နဲ့ရွှေကူမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ နေ့တိုင်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းထိုးတာ၊ လက်နက်နဲ့ ရိက္ခာတွေကို လေကြောင်းကနေဖြည့်တင်းနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုပြောပါတယ်။

    Read More »
  • Mar- 2026 -
    13 March
    လူ့အခွင့်အရေးချိုးဖောက်မှု

    စင်းခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွှေဖောင်တွေလုပ်ငန်းရပ်နားထား

    ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်နေရာတွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားထားပြီး မြစ်ကမ်းတစ်လျှောက်ရှိကျေးရွာတွေလည်း လေကြောင်းအန္တရာယ်သတိထားနေထိုင်ရတယ်လို့ သိရပါတယ်။ စင်းခန်းကျေးရွာအပါ နန့်ခုတ်၊ ဘိုတောင်း၊ မြလယ် စတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူတွေဟာ မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် လေကြောင်းရန်စိုးရိမ်းနေရတယ်လို့ မြလယ်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လေကြောင်းတိုက်ခိုက်ခံရမှုအဆိုးဆုံးက စင်းခန်းနဲ့ နန့်ခုတ်မှာပေါ့လေ။ အဲ့ကြောင့် ဒီကြောမှာရှိကြတဲ့ ရွာသားတွေက သတိထားပြီးနေနေရတယ်။ တစ်ချို့က အပြင်တောင်မထွက်ကြသေးဘူး။ အချင်းချင်းလည်း သတိထားပြီးနေထိုင်ကြဖို့ ပြောဆိုထားတာတွေလည်းရှိတော့ သက်ကြီးရွယ်အိုရှိတဲ့သူတွေဆို ရှောင်ထားရတဲ့အခြေအနေမှာကြုံနေရတယ်”လို့ပြောပါတယ်။ လက်ရှိမှာ မြစ်ကမ်းတစ်လျှောက်ရှိတဲ့ ကျေးရွာနေပြည်သူတွေက ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျေးရွာတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြောဆိုဖို့တောင် ခက်ခဲတဲ့အခြေအနေမှာလည်း ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ မတ်လ ၁၀ ရက်နေ့ စင်းခန်းတံတားအထက် မြစ်ကမ်းတစ်လျှောက်ကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စင်းနဲ့ ရွှေဖောင်ရှိတဲ့နေရာတွေကို တပြိုင်နက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ထဲမှာ ရွှေတူးဖော်နေတဲ့ ရွှေဖောင် ၁၀ စီးကျော် မီးလောင်ပျက်စီးသွားပြီးတော့ KNG ရဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ရွှေဖောင်လုပ်သား ၃၀ နဲ့ ၅၀ ကြားမှာ အသက်သေဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေဖောင်လုပ်တဲ့မြစ်ကမ်းတစ်လျှောက်ကို Y -12 ၊ ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ပျံဝဲတာတွေဆက်ရှိနေသေးတာကြောင့် လုံခြုံရေးအတွက်စိုးရိမ်ပြီး ပြည်သူတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ ခက်ခဲနေကြတယ်လို့ဆိုပါတယ်။ “စစ်ကြောင်းတက်တာတွေကမရှိသေးဘူး။ ဒါပမယ့် လေယာဉ်ကမနေ့ကအထိလာရောက်ပျံဝဲတာတွေရှိနေသေးတယ်။ ဒီကနေ့ကတော့ အခုချိန်အထိလာဝဲတာမရှိသေးဘူး”လို့အထက်ပါ မြလယ်ရွာအမျိုးသားကဆက်ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၃၀ နဲ့ ၅၀ ကြားရှိခဲ့ပြီး များသောအားဖြင့် ရွှေဖောင်အစီးလိုက်မီးလောင်ကျွမ်းတဲ့ မီးတွင်းထဲသေဆုံးခဲ့ရတဲ့အပြင် တစ်ချို့ရုပ်အလောင်းတွေက ရေထဲမျောပါသွားတယ်လို့ဆိုပါတယ်။ ဒါကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို တိတိကျကျပြန်လည်ဖော်ယူဖို့ ခက်ခဲခဲ့တယ်လို့ ဒေသခံပြည်သူတွေပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်လုပ်ငန်းတွေကိုလည်း ရပ်နားထားကြတယ်လို့ နောက်ထပ် စင်းခန်းဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “လက်ရှိတော့ ရွှေဖောင်လုပ်ငန်းတွေအကုန်လုံးရပ်နားထားကြသေးတယ်။ ခဏနားတာလား ဘယ်လိုအခြေအနေရှိလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။ စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်အစီးရေ ထောင်ဂဏန်းခန့်ရှိပြီး စစ်တပ်က အခွန်မရရှိတဲ့အတွက် KIA ရဲ့ ဝင်ငွေပိတ်ဆို့ပေးတဲ့သဘောနဲ့ အရပ်သားတွေကို လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံပြည်သူတွေသုံးသပ်နေကြပါတယ်။ လက်ရှိ ရွှေဖောင်လုပ်ကိုင်နေတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၁) နယ်မြေထဲပါဝင်ပြီး အဲဒီဒေသမှာ ကွပ်ကဲနေတဲ့ တပ်မဟာ၊ တပ်ရင်းတွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ပိုင်ခွင့်ပေးထားတာလည်းဖြစ်နိုင်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောဆိုထားတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button