ဗိုလ်မှူးကြီးနော်ဘူ

  • Jun- 2024 -
    13 June
    သတင်း

    ဝိုင်းမော်မြို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ လုံခြုံတဲ့နေရာပြင်ဆင်ထားဖို့လိုတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာတွေပြင်ဆင်ထားဖို့လိုတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့လောက်ကစပြီး မြစ်ကြီးနားဘက်ကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားတွေနေတဲ့နေရာတွေမှာကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားသေဆုံးမှုမြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ပြီးလုံခြုံတဲ့နေပြင်ဆင်ထားဖို့ လိုတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “အဓိကကတော့ စကစဘက်က ရန်သူရှိမရှိဘာမှနားမလည်ဘူး ပြည်သူလူထုရှိတဲ့ဘက်မှာပဲ ရမ်းပစ်နေတာ အဲ့တာကိုတော့ကျနော်တို့ဂရုစိုက်ဖို့လိုပါတယ်။ တိုက်ပွဲမရှိဘူး KIA တွေမရှိဘူးဆိုပြီးမှ ကိုယ့်ရဲ့ နေရာတွေ ရပ်ကွက်တွေကလုံခြုံတာမဟုတ်ဘူးအဲ့တာကိုကျနော်ပြောလိုပါတယ်။ ဒါ့ကြောင့် လုံခြုံတဲ့နေရာတွေတော့ ပြင်ဆင်ထားဖို့ကတော့ လိုတယ်လို့ပြောလိုပါတယ်။”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေအတွင်း ကျေးရွာရပ်ကွက်တွေမှာရှိတဲ့ ဘာသာရေးအဆောက်အဦးနဲ့စာသင်ကျောင်းတွေမှာ စစ်ရှောင်တွေအနေနဲ့တိမ်းရှောင်နေကြပေမယ့် ဒီနေရာတွေကိုလည်း စစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် လုံခြုံမှုမရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ခတ်ချိုရွာနဲ့ သိမ်ကြီးစုရွာမှာ ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ နှစ်ရက်ဆက်တိုက်အရပ်သားသေဆုံးမှုတွေရှိခဲ့ပြီး လက်နက်ကြီးကျခဲ့တဲ့နေရာတွေနဲ့ ဝိုင်းမော်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်တာမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူကဆက် ပြောပါ တယ်။ “ဝိုင်းမော်မြို့ရဲ့ပတ်ဝန်းကျင်မှာကတော့တိုက်ပွဲတွေကမရှိပါဘူး ဒါပေမဲ့ စကစဘက်ကတော့ သူတို့ လုံခြုံ ရေး မြှင့်ပြီးမှတစ်ခါတစ်ရံ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေတော့ရှိပါတယ်။ နောက်တစ်ခုက သူတို့ မပခ ဘက်က နေ လက်နက်ကြီးနဲ့ပစ်တာတွေရှိတယ်။ ပြီးတော့ဒရုန်းနဲ့လေကြောင်းတွေရောပေါ့။ မြေပြင်တိုက်ပွဲကြီးကြီး ကျယ်ကျယ်ကတော့မရှိပါဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကိုပါသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် ခတ်ချိုရွာက အရပ်သား ၁၀  ဦး၊  ဝိုင်းမော်မြို့ သိမ်ကြီးစုက တစ်ဦး၊ လမြန်ရွာက ဒေသခံတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ တစ်လအတွင်း လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ ၁၂ ဦးနဲ့ ကျည်ထိမှန်သေဆုံးတဲ့အရပ်သား ၂၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲကြောင့်ပဲ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားသောင်းနဲ့ချီ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ထဲက ဘေးလွှတ်ရာနေရာတွေမှာတိမ်းရှောင်နေကြရတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ဝိုင်းမော်မြို့အထိ KIA ပူးပေါင်းတပ်ဘက်က စစ်ရေးခြိမ်းခြောက်လာလို့ စစ်ရေးပြင်ဆင်မှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ By – အမိုး

    Read More »
  • Jan- 2024 -
    29 January
    သတင်း

    ကိုင်းထိပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်ပြီးစီးကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

    ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ ခလရ ၁၀၂ တပ်ရင်းအောက် ကိုင်းထိပ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြုပြောဆိုပါတယ်။ မံစီမြို့နဲ့ မံဝိန်းကြီးမြို့ကြားမှာတည်ရှိတဲ့ ကိုင်းထိပ်စစ်ကောင်စီတပ်စခန်းကြီးကို ဇန်နဝါရီ ၂၉ ယနေ့နံနက်ပိုင်း ၉ နာရီခန့်မှာ အပြီးစီးသိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ “ကိုင်းထိပ်တပ်စခန်းကို မနေ့ကတည်းက တိုက်ပြီး ဒီမနက် ၉ နာရီခွဲလောက်မှာတော့ အပြီးအားလုံး သိမ်းပိုက်ရရှိပြီဖြစ်တယ်လို့ သတင်းပို့လာတယ်။ သူတို့ရဲ့ တပ်ရင်းက မဂျီဂုန်ဗျူဟာဆိုတော့ အဲ့ဘက်ကို အားလုံးထွက်ပြေးကုန်တာဖြစ်နိုင်တယ်”ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ KIA တပ်ရင်း ၂၇ နယ်မြေရှိ မိုင်းခေါင်အနီး စစ်ကောင်စီ ခလရ ၁၀၂ မဂျီဂုန်တပ်ရင်းဗျူဟာကုန်းအောက်က ကိုင်းထိပ်စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၂၈ နေ့ နေ့လည်ပိုင်းကစပြီး KIA ဘက်က လက်နက်ကြီး၊ ဒရုန်းစစ်ဆင်ရေးတွေနဲ့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် ဒီနေ့ မနက်အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိုင်းထိပ်စစ်တပ်စခန်းက မံစီနဲ့ မံဝိန်းကြီးကြား ကားလမ်းမပေါ်ရှိ တစ်ခုတည်းသော အကြီးဆုံးတပ်စခန်းလည်း ဖြစ်တယ်လို့ သိရပါတယ်။ KIA တပ်မဟာ ၃ တပ်ရင်း ၂၇၊ တပ်ရင်း ၁ အပါအဝင် PDF တွေပူးပေါင်းပြီး  ကိုင်းထပ်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ဒရုန်းစစ်ဆင်ရေးဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကလည်း အခုလိုပြောပါတယ်။ “ကိုင်းထိပ်စစ်တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ အများပိုင်းသုံးပြီး တိုက်စစ်အဖြစ် တိုက်ခိုက်ပြီးနောက် စစ်တပ်စခန်းထဲက စစ်သားတွေ မခံနိုင်တော့လို့ မနေ့ညနေပိုင်းပဲ ထွက်ပြေးသွားကြတာဟုတ်တယ်။  မနေ့ည ၈ နာရီမှာ သူတို့ရဲ့ ခံတပ်ထဲဝင်နိုင်ပြီး ဒီမနက်တော့ အပြီးသိမ်းလိုက်တာဖြစ်တယ်”ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ရှမ်း–ကချင်–တရုတ်နယ်စပ်မှာ တည်ရှိတဲ့ မံဝိန်းကြီးစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကိုင်းထိပ်စစ်တပ်စခန်းကုန်းကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ “အဲ့ဘက်မှာက စစ်တပ်စခန်းမရှိတော့ဘူး။  မံစီနဲ့ မံဝိန်းကြီးသွားတဲ့ ကားလမ်းတစ်လျှောက်ပေါ့။ အဲ့ဒီကိုင်းထိပ်နဲ့ မံဝိန်းကြီးကြားက ကျောက်ဖျာစစ်တပ်စခန်းလည်း သူတို့ဟာသူတို့ ဆုတ်ခွာသွားပြီးဖြစ်တယ်။ အခုအဲ့ကားလမ်းတစ်လျှောက် စစ်တပ်စခန်းမရှိတော့ဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။ လက်ရှိ မံဝိန်းကြီးဒေသ နဲ့ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့အပြင် ဗန်းမော်မြို့ဘက်မှာလည်း စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီး အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 4 January
    သတင်း

    KIA ပစ်ချလိုက်တဲ့ စစ်ရဟတ်ယာဉ်ထဲပါလာသူ ၆ ယောက်လုံးသေဆုံးသွားပြီး အရှင်ဖမ်းမိတာမရှိဘူးဗိုလ်မှူးကြီးနော်ဘူပြော

    KIO ဌာနချူပ်အနီး KIA ပစ်ချလိုက်တဲ့ စစ်ကောင်စီရဟတ်ယာဉ်ထဲပါလာသူ ၆ ယောက်လုံးသေဆုံးသွားပြီး အရှင်ဖမ်းမိတာမရှိဘူးလို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အတည်ပြုပြောပါတယ်။ ဇန်နဝါရီလ ၃ ရက် မနေ့ ၁၁ နာရီခန့်က မြစ်ကြီးနား–လိုင်ဇာလမ်း…

    Read More »
Back to top button