လုံခြုံမှုမရှိသေးသည့် ဘွမ်ရာယာန်စစ်ရှောင်များ မိုးရာသီ ရေဝပ်ဒဏ် မကြာခဏကြုံတွေ့နေရ

အင်ဂျန်ယာန်မြို့နယ် ဘွမ့်ရာယာန် (Bum Ra Yang) စစ်ရှောင်စခန်းတွင် မိုးရွာလျှင် ရေကြီးလျှံဖြစ်သောကြောင့် စခန်းတွင် မကြာခဏရေဝပ်ဒဏ် ခံစားနေရကြောင်း သိရသည်။ မေလ လယ်မှစတင်ကာ မိုးများလာသဖြင့် တစ်ပတ်လျှင် ၃ကြိမ်ထက်မနည်း စစ်ရှောင်စခန်းတွင် ရေဝပ်ဒဏ်နေကြောင်း Bum Ra Yang စစ်ရှောင်တစ်ဦးက ပြောသည်။ “အခုက မိုးရွာတဲ့အချိန်တိုင်းလိုလိုရေဝပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ စခန်းဆောက်ထားတဲ့နေရာက ချိုင့်ခွက်လိုဖြစ်နေတာပေါ့။ အဲ့ကြောင့် ရေပေါက်ထွက်သွားမယ့် ရေလမ်းမရှိဘူး။ မိုးရွာရင် ၃နေရာလောက်က အရမ်းဆိုးရွာတယ်။…