မန်ဝန်းကြီး

  • May- 2024 -
    30 May
    သတင်း

    KIA က ရွှေလီမြစ်ဝှမ်းတစ်ကြောကိို တပ်မဟာ (၁၁) သတ်မှတ်ဖွဲ့စည်း

    ကချင် နဲ့ ရှမ်းအစပ်မှာရှိတဲ့ ရွှေလီမြစ်ဝှမ်း(N-mau Hka) တစ်ကြော ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နေရာတွေကို  KIA တပ်မဟာ ၁၁ နယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်ပြီလို့ KIA  ဘက်ကပြောပါတယ်။ KIA အရှေ့ပိုင်းစစ်ဌာနချုပ်ရဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ တပ်မဟာ ၃ လက်အောက် တပ်ရင်း (၁၂) နဲ့ (၂၇) နေရာတွေကို KIA တပ်မဟာ (၁၁) နေရာအဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တပ်မဟာ ၁၁ နယ်မြေဖွင့်လိုက်တာမှန်ပါတယ်။ ရွှေလီမြစ်ဝှမ်း(N-mau Ginwang)ထဲမှာဖွင့်လိုက်တာဖြစ်တယ်။ ပြီးခဲ့တဲ့ KIA အရှေ့ပိုင်းစစ်ဌာနချုပ်က အုပ်ချုပ်ရေးနယ်မြေမှာပါတဲ့ အူလန်ပါဒေသ (U Lang Pa Ginwang)၊ ရွှေကူဒေသ(Shwe Gu) တပ်ရင်းအနေနဲ့တော့ ၁၂ နဲ့ ၂၇ တွေကိုသတ်မှတ်လိုက်တာဖြစ်ပါတယ်”လို့ပြောပါတယ်။ KIA တပ်မဟာ (၁၁) နယ်မြေသတ်မှတ်လိုက်တဲ့ နေရာဒေသဟာ အဓိကအားဖြင့် ရွှေလီမြစ်ဝှမ်းတစ်လျှောက် KIA သိမ်းပိုက်ရရှိထားတဲ့ မန်ဝန်းကြီး၊ မဘိမ်းနဲ့ ရွှေကူဒေသအထိပါဝင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ခုလို KIO/KIA အနေနဲ့ တပ်မဟာတစ်ခုကို ထပ်မံတိုးချဲ့လိုက်တာနဲ့ပတ်သက်ပြီး KIA ရဲ့ အုပ်ချုပ်ရေးနယ်မြေ အရင်ကထက် ပိုပြီးကျယ်ပြန့်လာတဲ့အတွက် တိုးချဲ့လိုက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “အခုအဲဒီဘက်မှာ မြေနေရာဒေသ ကျယ်ပြန့်လာတယ်။ မူလအုပ်ချုပ်ရေးဒေသဖြစ်တဲ့ အရှေ့တိုင်းစစ်ဌာနချုပ်ကနေဘဲ အုပ်ချုပ်တာ သိပ်ပြီးလက်လှမ်းမမှီလာတော့ဘူး။ အဓိကတော့ ပြည်သူလူထုတွေရဲ့ ငြိမ်းချမ်းစွာရပ်တည်နေထိုင်ရေးအတွက် အုပ်ချုပ်ရေးယန္တရားတွေကို ထပ်မံတိုးချဲ့တဲ့ သဘောပါပဲ”လို့ပြောပါတယ်။ KIA တပ်မဟာ ၁၁ နေရာကို မန်ဝန်းကြီးဒေသမှာ…

    Read More »
  • Jan- 2024 -
    19 January
    သတင်း

    မံစီမြို့နယ် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မန်ဝန်းကြီးအနီး ဂေါက်ငူယန်မှာရှိတဲ့ စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ အဲဒီတပ်စခန်းဟာ ခမရ ၄၂၄ တပ်ရင်းအောက်မှာရှိစခန်းဖြစ်ပြီး ဇန်နဝါရီလ ၁၉ရက်နေ့  ဒီမနက် ၈နာရီဝန်းကျင်လောက်က စတင်တိုက်ခိုက်ခဲ့ရာကနေ နေ့လည် ၁၁ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အသံကတော့ အမြဲကြားနေရတာတော့ ဟုတ်တော့ ဒီမနက်က ပိုဆိုးတာပေါ့ စစ်ဖြစ်နေတဲ့ အချိန်ဆိုဖုန်းလိုင်းတွေလည်း ဆက်လို့မရတော့ဘူး ပြီးတော့ နေ့လည်လောက်မှာကသိမ်းနိုင်ပြီကြားတယ်”လို့ ဆိုပါတယ်။ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တို့် သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းမှာတော့ စစ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတာဖြစ်ပြီး KIA တပ်မဟာ ၃ အောက်မှာရှိတဲ့ တပ်ရင်း ၁၊ တပ်ရင်း ၁၂နဲ့ တပ်ရင်း ၂၇ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်ကထိခိုက်ကျဆုံးသူများခဲ့တဲ့အပြင် စစ်သုံ့ပန်းတစ်ချို့နဲ့လက်နက်ခဲယမ်းအားလုံးကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “သိမ်းလိုက်နိုင်တာတော့ သေချာတယ် ဟုတ်တယ် သုံ့ပန်းအချို့လည်းဖမ်းမိတယ် အသေးစိတ်တော့ ပြောပြလိုတော့ မရသေးဘူး”လို့ သူကပြောပါတယ်။ KIA  တပ်ရင်း ၂၇ ဘက်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းဦးရေ တိတိကျကျပြောဆိုထားတာမရှိပေမယ့် ရှေ့တန်းသတင်းရင်းမြစ်ရဲ့ပြောဆိုချက်အရ စစ်သုံ့ပန်း ၂၀ ထက်မနည်းဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ကချင်ပြည်နယ် မံစီမြို့နယ်အပါအဝင် မံစီမြို့နဲ့ အစပ်ဖြစ်တဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာလည်း KIA,PDF တပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသလို ဖားကန့်မြို့ ဝှေခါမှာလည်း တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ By – Hope

    Read More »
Back to top button