မူဆယ်လမ်း မြန်မာစစ်တပ် ပစ်ခတ်မှုကြောင့် ဆိုင်ကယ်သမား ၂ ဦးသေဆုံး၊ ၂ဦး ထိခိုက်

တိုက်ပွဲ ပြန်လည်ပြင်းထန်လာသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်–မူဆယ်လမ်းမပေါ် သြဂုတ် (၁၈)ရက်၊ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ဆိုင်ကယ်စီးခရီးသွားများကို မြန်မာစစ်တပ် ပစ်ခတ်မှုကြောင့် ၂ဦးသေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဒေသခံများ ဆိုပါသည်။ နမ်ဖတ်ကာ၊ နမ့်ခိုင်ချောင်းတံတားအနီး အဆိုပါ လူနှစ်ဦးစီနှင့်ဆိုင်ကယ် နှစ်စီးကို မြန်မာစစ်သားများ ရပ်ခိုင်းသော်လည်း မရပ်သောကြောင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း လူမှုရေးကွန်ယက်များတွင် ဖော်ပြပါသည်။ “ဟုတ်ကဲ့ ညနေ ၄နာရီလောက်မှာ ဖြစ်ပျက်တာပါ။ ပစ်ခတ်တာကတော့ နမ်ဖတ်ကာ ခလရ…