မဟာမိတ်တပ်
-
Jan- 2024 -19 Januaryသတင်း
မံစီမြို့နယ် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မန်ဝန်းကြီးအနီး ဂေါက်ငူယန်မှာရှိတဲ့ စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ အဲဒီတပ်စခန်းဟာ ခမရ ၄၂၄ တပ်ရင်းအောက်မှာရှိစခန်းဖြစ်ပြီး ဇန်နဝါရီလ ၁၉ရက်နေ့ ဒီမနက် ၈နာရီဝန်းကျင်လောက်က စတင်တိုက်ခိုက်ခဲ့ရာကနေ နေ့လည် ၁၁ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အသံကတော့ အမြဲကြားနေရတာတော့ ဟုတ်တော့ ဒီမနက်က ပိုဆိုးတာပေါ့ စစ်ဖြစ်နေတဲ့ အချိန်ဆိုဖုန်းလိုင်းတွေလည်း ဆက်လို့မရတော့ဘူး ပြီးတော့ နေ့လည်လောက်မှာကသိမ်းနိုင်ပြီကြားတယ်”လို့ ဆိုပါတယ်။ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တို့် သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းမှာတော့ စစ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတာဖြစ်ပြီး KIA တပ်မဟာ ၃ အောက်မှာရှိတဲ့ တပ်ရင်း ၁၊ တပ်ရင်း ၁၂နဲ့ တပ်ရင်း ၂၇ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်ကထိခိုက်ကျဆုံးသူများခဲ့တဲ့အပြင် စစ်သုံ့ပန်းတစ်ချို့နဲ့လက်နက်ခဲယမ်းအားလုံးကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “သိမ်းလိုက်နိုင်တာတော့ သေချာတယ် ဟုတ်တယ် သုံ့ပန်းအချို့လည်းဖမ်းမိတယ် အသေးစိတ်တော့ ပြောပြလိုတော့ မရသေးဘူး”လို့ သူကပြောပါတယ်။ KIA တပ်ရင်း ၂၇ ဘက်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းဦးရေ တိတိကျကျပြောဆိုထားတာမရှိပေမယ့် ရှေ့တန်းသတင်းရင်းမြစ်ရဲ့ပြောဆိုချက်အရ စစ်သုံ့ပန်း ၂၀ ထက်မနည်းဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ကချင်ပြည်နယ် မံစီမြို့နယ်အပါအဝင် မံစီမြို့နဲ့ အစပ်ဖြစ်တဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာလည်း KIA,PDF တပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသလို ဖားကန့်မြို့ ဝှေခါမှာလည်း တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ By – Hope
Read More »