မိုးမောက်

  • Sep- 2026 -
    30 September
    တိုက်ပွဲ

    ဗန်းမော်စစ်ရေးအခြေအနေ KIO ဘာပြောလဲ

    ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်ကြောင်းတွေနဲ့ စစ်မျက်နှာအများအပြားကနေ စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့အတွက် ဒီရက်ပိုင်း နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်လို့ KIO က ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ နန့်ဖာနဲ့ ခလရ ၄၇ အနီးက ကုန်းမဟတ်၊ ဟန်းတဲ၊ ဆင်ကုန်းနဲ့ မိုးမောက်သွားတဲ့လမ်း…

    Read More »
  • Jul- 2026 -
    31 July
    သတင်း

    ရွှေတူးဖော်မှုကြောင့် စိုက်ပျိုးပြီး စပါးတွေရေနစ်မြုပ်ပျက်စီး

    ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝမှာ ရွှေအလွန်အကျွံတူးဖော်နေတာကြောင့် တာပိန်မြစ်ကမ်းတစ်လျှောက်ရှိ ဒေသခံတွေရဲ့ စပါးခင်းတွေရေနစ်မြုပ်ပျက်စီးသွားပြီလို့ သိရပါတယ်။ မိုးမောက်မြို့ကနေ ၁၄ မိုင်လောက်အကွာ တာပိန်မြစ်ဝ၊ ရွှေမြောင်းနဲ့ မြို့သစ်ကျေးရွာကြားမှာ တရုတ်လုပ်ငန်းရှင်တွေက စက်ယန္တရားကြီးတွေအသုံးပြုပြီး ရွှေတူးဖော်နေတာကြောင့် ရွှေတူးတဲ့နေရာရဲ့ အောက်ဘက်မှာရှိတဲ့ လယ်ယာမြေတွေ ရေနစ်မြုပ်ပြီး ပျက်စီးသွားတာလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “ဒီသက်ဒီအရွယ်အထိ တစ်ခါမှ ဒီလို လယ်တွေရေနစ်တာ မကြုံဖူးဘူး ခု ရွှေတူးလာမှ ဖြစ်တာ။ ရွှေကို မြစ်လယ်မှာတူးတော့ သဲတွေတက်လာပြီး ရေစီးကြောင်း ပိတ်သွားတယ်။ ရေက သွားစရာမရှိတော့ဘဲ ကုန်းပေါ်တက်လာတာ။ အခုဆို လယ်ကွက်တွေက မြစ်ကြီးလို ဖြစ်သွားပြီ။ စပါးတွေလည်း အကုန်ရေနစ်သွားလို့ ဘာမှမရတော့ဘူး”လို့ သူက ပြောပါတယ်။ တာပိန်မြစ်ဝပေါ် ရွှေတူးမှုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစတင်တူးဖော်လာတာဖြစ်ပြီး ခုဆိုရင် ၂ နှစ်ကျော်ရှိလာပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ရွှေတူးဖော်မှုကြောင့် တာပိန်မြစ်ဝအနီးက စီကော်၊ မန်နောင်၊ ခုန်ဆင့်နဲ့ ဟင်္သာကျေးရွာအပါအဝင် ရွာပေါင်း ၄ ရွာက ပြည်သူတွေရဲ့စိုက်ပျိုးထားတဲ့စပါး လယ်ဧက ၁,၀၀၀ ကျော် ထိခိုက်ပျက်စီးသွားတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။ “လယ်တွေပျက်စီးတာ ရက် ၂၀ ကျော်ပဲ ရှိသေးတယ် တချို့က ပျိုးပင်အဆင့်မှာပဲ ပျက်သွားတယ် တချို့ကတော့ စိုက်ပြီးသား စပါးတွေအထိ ပါသွားတယ်။ ရွှေတူးတာက တကယ်လွန်တယ်။ သဲတွေက တောင်လိုပုံလာတော့ ရေက မြစ်ကြောင်းအတိုင်း မစီးတော့ဘူး။ လယ်ကွက်တွေကြားကို မြစ်လို စီးလာပြီး ရေလမ်းကြောင်း ပြောင်းသွားတာ“လို့ သူက ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောဆိုချက်အရ ရွှေတူးဖော်မှုကြောင့် တာပိန်မြစ်ရဲ့ ရေစီးကြောင်း ပြောင်းသွားပြီး မြစ်ကမ်းဘေး လယ်ယာမြေတွေဘက်ကို ရေဝင်လာတာကြောင့် အခုလို လယ်တွေ ရေနစ်ပျက်စီးခဲ့ရတာလို့ ဆိုပါတယ်။ “လာမယ့်နှစ်ဆို တောင်သူတွေ စပါးရှားသွားမယ်။ ဟင်္သာနဲ့ မန်နောင်ဘက်မှာတော့ လယ်တစ်ကွက်မှ မပေါ်တော့ဘူး အကုန် သဲတွေနဲ့ နှုန်းမြေတွေ ဖုံးသွားပြီ“လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးလည်း ပြောပါတယ်။ တာပိန်မြစ်ပေါ် ရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင်တွေဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ရေမုတ်စက် သုံးစင်းနဲ့ စတင်ရွှေတူးဖော်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစလို့ မြေတူးစက်၊ မြေကော်စက်နဲ့ မြေသယ်ကား အများအပြား အသုံးပြုပြီး အကြီးစားတူးဖော်မှုတွေ ဆက်လုပ်လာတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ တာပိန်မြစ်ဝက ရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင် ၅ ဦးက စက်ယန္တရားအကြီးစားတွေနဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးမောက်မြို့နယ်ဟာ လက်ရှိ KIA ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိတဲ့အတွက် ဒီရွှေတူးဖော်မှုကို ရပ်တန့်ပေးဖို့ စီကော်၊ မန်နောင်၊ ခုန်ဆင့်နဲ့ ဟင်္သာကျေးရွာတွေအပါအဝင် အနီးဝန်းကျင်က ကျေးရွာပေါင်း ၁၇ ရွာမှ ပြည်သူတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက KIA/KIO ထံ သုံးကြိမ်ထက်မနည်း ကန့်ကွက်စာ တင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒေသခံတွေရဲ့ ကန့်ကွက်တောင်းဆိုမှုကို ဒီနေ့အချိန်အထိ ထိရောက်တဲ့ အရေးယူဆောင်ရွက်တာမျိုး မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ တာပိန်မြစ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မြစ်ဖျားခံစီးဆင်းလာပြီး မြန်မာနိုင်ငံအတွင်း ဧရာဝတီမြစ်ထဲကို စီးဝင်တဲ့ အဓိကမြစ်တစ်စင်း ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Feb- 2026 -
    16 February
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    တာပိန်မြစ်ဝမှာ တရုတ်လုပ်ငန်းရှင်တွေ ရွှေအလွန်အကျွံတူးဖော်နေ

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝပေါ်မှာ တရုတ်လုပ်ငန်းရှင်တွေက ရွှေအလွန်အကျွံတူးဖော်နေကြောင်းဒေသခံတွေကဆိုပါတယ်။ မိုးမောက်မြို့နဲ့ ၁၄ မိုင်အကွာရှိတဲ့ တာပိန်မြစ်ဝက ရွှေမြောင်းနဲ့ မြို့သစ်ကြားမှာ တရုတ်လုပ်ငန်းရှင်တွေကပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကတည်းကနေ ရွှေတူးဖော်မှုတွေစတင်လုပ်ဆောင်နေတာဖြစ်ပြီးအစပိုင်းက အသေးစားရွှေတူးဖော်မှုအဆင့် ကနေ လက်ရှိမှာတော့ စက်ယန္တရားကြီးတွေနဲ့ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စတူးတာက ၂၀၂၄ခုနှစ်စက်တင်ဘာမှာစတာအဲ့တုန်းက ရေမုန်သုံးဆိုင်းပေထွက်လေးတွေနဲ့စတူးတာ အခုနောက်ပိုင်းကမဟုတ်တော့ဘူး ဘတ်ဖိုးကြီးတွေ၊ကားကြီးတွေနဲ့တူးနေတယ် ရေအားကလည်းကောင်းတော့ နှစ်ဆယ့်လေးနာရီမရပ်မနားကိုတူးနေတာ အခုမှစတူးတဲ့နေရာတွေလည်းရှိတယ်”လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တရုတ်လုပ်ငန်းရှင်တွေဟာ တာပိန်မြစ်ဝပေါ်မှာ ၂၀၂၄ ခုနှစ်အောက်တို ဘာလကစပြီး ရေမုန်စက် သုံးဆိုင်းစတင်ရွှေတူးဖော်မှုလုပ်ဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ကတော့ မြေတူးစက်၊မြေကောစက်ကြီးတွေနဲ့ မြေသယ်ကား အများအပြားတဲ့စတင်တူးဖော်နေတာလို့ မျက်မြင်ဒေသခံတွေကဆိုပါတယ်။ “လုပ်းငန်းရှင်တွေကတော့တရုတ်တွေပါပဲမြန်မာစကားတောင်မတတ်ဘူး အလုပ်သမားတွေတော့မြန်မာတွေပါတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့မိုးမောက်မြို့ခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ မိုးမောက်မြို့နယ်ဟာ လက်ရှိ KIA ထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပြီး အဲ့ဒီရွေတူးဖော်မှုကိုတာပိန်မြစ်အနီးနေထိုင်ကြတဲ့ ရွာပေါင်း ၁၇ ရွာကပြည်သူတွေနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လက်မှတ်ရေးထိုးပြီး KIA/KIO ကိုကန့်ကွက်စာတင်တာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် ဒီနေ့ချိန်ထိ KIO၊KIA ဘက်က တစ်စုံတစ်ရာတုံံပြန်လာတာမရှိသေးဘူးလို့လည်း သိရပါတယ်။ “ရွာပေါင်း ၁၇(ဆယ့်ခုနှစ်)ရွာက ဥက္ကဋ္ဌတွေနဲ့ပြည်သူတွေလက်မှတ်ထိုးပြီးတိုင်သေးတယ် မနှစ်က(၂၀၂၅) နိုဝင်ဘာလမှာဒါပေမယ့်အခုထိတော့ဘာမှမထူးခြားလာဘူးတူးနေကြတုန်းပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်မှတ်ရေးထိုးတိုင်တဲ့ထဲရွာ မင်းဂျမ်းရွာ၊ရွှေမြောင်းရွာဟောင်း၊ ဟသ်ာရွာ၊စီကော်ရွာ၊ ခုန်စင့်ရွာ၊တာဟေ့လိုင်ရွာ၊ မန်နောင် အောင်တံခွန်၊ နောင်ပေါ်စတဲ့ရွာတွေအပါအဝင်ရွာပေါင်း ၁၇ ရွာပါဝင်ခဲ့ပြီးအဲ့ဒီရွာတွေဟာတာပိန်မြစ်အောက် မြစ်နဲ့နီးတဲ့ရွာတွေဖြစ်တာကြောင့် လက်ဆက်ပြီးကြီးကြီးမားမားရွှေတူးနေရင် ရွာတွေပျက်စီးသွားနိုင်တာကြောင့်အခုလိုကန့်ကွက်ကြတာလို့ဆိုပါတယ်။ ဒေသခံတွေကတော့ လက်ရှိတာပိန်မြစ်ဝမှာလုပ်ဆောင်နေတဲ့ရွှေတူးဖော်မှုကို ရပ်တန့်ခိုင်းဖို့နဲ့ထိထိရောက်ရောက်ကူညီဖြေရှင်းပေးဖို့တောင်းဆိုနေကြပါတယ်။ လက်ရှိပုံစံအတိုင်းစက်ယန္တရားကြီးတွေနဲ့ဆက်တူးနေရင် တာပိန်မြစ်ရဲ့ ရေစီးကြောင်းတွေပြောင်းလဲသွားနိုင်ပြီးလာမယ့်မိုးရာသီကာလမှာ အထက်မှာဖော်ပြခဲ့တဲ့ကျေးရွာတွေရွှေလွှမ်းမိုးသွားမှာကိုစိုးရိမ်နေကြပါတယ်။ မိုးမောက်မြို့နယ်ထဲမှာတော့ယခင်စစ်အာဏာမသိမ်းမှီတုန်းကလည်းလက်ရှိတူးနေတဲ့တာပိန်မြစ်ဝရဲ့အရှေ့ဘက် လေးမိုင်လောက်အကွာမှာ ရွှတူးဖော်မှုတွေရှိခဲ့ပေမယ့်အခုလိုဆိုးဆိုးဝါးဝါးတော့မရှိခဲ့ဘူးလို့သိရပါတယ်။ လက်ရှိမှာတော့မိုးမောက်မြို့နယ်ထဲက အထက်မှာဖော်ပြခဲ့တဲ့ တာပိန်မြစ်ဝအပါအဝင် ကျွန်းကုန်း၊ငါးခ၊ ချွယ်ဟိုင်၊သဘော်ဦး၊ ဆေးတင်စတဲ့နေရာတွေမှာလည်း ရွှေတူးဖော်မှုတွေရှိနေတယ်လို့သိရပါတယ်။ တာပိန်မြစ်ထဲရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင်သုံးဦးက အဓိကဦးဆောင်လုပ်ကိုင်နေတာလို့သိရပြီး စက်ယန္တရားအများအပြားနဲ့တူးဖော်နေသလို အစုရှယ်ယာရှင်တွေလည်းအများအပြားပါဝင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ အခုလိုစက်ယန္တရားကြီးတွေနဲ့အလွန်အကျွံရွှေတူးဖော်မှုကြောင့် လာမယ့်မိုးရာသီကာလအတွင်း မြစ်နဲ့နီးနဲ့မြို့ သစ်၊စီကော်၊ တာဟဲလိုင်၊ရွှေမြောင်း၊ဟင်းသာ၊မင်းဂျမ်းစတဲ့ရွာတွေအပါအဝင် အထက်ဖော်ပြပါကျေးရွာတွေရဲ့လယ်ယာနဲ့စိုက်ခင်းတွေပျက်စီးသွားနိုင်ကြောင်းနဲ့လုပ်ကိုင်ရခက်ခဲလာနိုင်ကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “တာပိန်မြစ်ဘေးကရွာတွေရဲ့လယ်တွေ ၊စိုက်ခင်းတွေကတော့ မိုးတွင်းကျခင်ကမ်းပြိုဘာပြိုနဲ့ပါသွားနိုင်တယ်ဘာလို့ဆိုအခုရွှေတူးလိုက်တော့ကမ်းတွေကအကုန်တိုက်စားထားတာနောက်ပြီးအခုရေတွေကလည်းကနယ်တွေဖြစ်ကုန်ပြီ ရေတွေလည်းနောက်ကျိနေတာပဲဆိုတော့စိုက်ခင်းထဲရေသွင်းဖို့လည်းခက်ခဲလာတယ်”လို့သူကပြောပါတယ်။ တာပိန်မြစ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကနေ မြစ်ဖျားခံစီးဆင်းလာပြီ ဧရာဝတီမြစ်ထဲစီးဝင်နေတဲ့မြစ်ဖြစ်ပါတယ်။ By – Zaw…

    Read More »
  • Dec- 2025 -
    28 December
    ရွေးကောက်ပွဲဆိုင်ရာ

    တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင် နဲ့ ဖားကန့်မြို့နယ် ကျေးရွာ ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်တပ်ဝန်ခံ

    ဇန်နဝါရီမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်တပ်က ထည့်သွင်းခဲ့တဲ့ ကချင်ပြည်နယ်ထဲက ဗန်းမော်၊ မံစီ၊မိုးမောက် ရွှေကူ နဲ့ ဖားကန့်မြို့နယ်တွေမှာရှိတဲ့ ကျေးရွာအုပ်စု ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်ကောင်စီက မနေ့ညက ထုတ်ပြန်ပါတယ်။ ဗန်းမော်မြို့နယ်က ကျေးရွာအုပ်စု ၄၃ ခု၊ မံစီမြို့နယ်က ကျေးရွာအုပ်စု ၄၃ အုပ်စု၊ မိုးမောက်မြို့နယ်ကကျေးရွာအုပ်စု ၆၅ခု၊ …

    Read More »
  • Feb- 2025 -
    20 February
    လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း

    စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ်မှာ ကလေးအပါအဝင် အရပ်သားသေဆုံး ထိခိုက်မှု များပြား

    ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှာ စစ်ကောင်စီက လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အောက် ကလေးသူငယ် ၃ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေ ကနေ သိရပါတယ်။…

    Read More »
  • Dec- 2024 -
    5 December
    သတင်း

    ဗန်းမော်တိုက်ပွဲ ကာကင်းစခန်း ၇ ခု KIA သိမ်းပိုက်၊ စစ်မျက်နှာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေဆဲ

    ဗန်းမော်နဲ့ မံစီမြို့နယ်နှစ်ခုမှာ တိုက်ခိုက်ပွဲဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA  တပ်က မနေ့ကတစ်ရက်အတွင်း တပ်စခန်းငယ် ၇ ခုကိုသိမ်းပိုက်ထားနိုင်ပြီး စစ်မျက်နှာပြင် ၃ နေရာမှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဗန်းမော်မြို့– မံစီမြို့ကြားမှာရှိတဲ့ ခလရ ၄၇ တပ်ရင်း၊ ညောင်ပင်သာ၊ နမ်ဖာ၊  မံစီမြို့တွင်းတပ် ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၃၅၂ အပါအဝင် ဗန်းမော်တက္ကသိုလ်ဝင်း၊ မိုးမောက်သွားလမ်း ၃ မိုင်၊ ၄ မိုင် စတဲ့ နေရာအားလုံးကို KIA တပ်က တပြိုင်နက်ထိုးစစ်ဆင် ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲစတင်ဖော်ဆောင်လိုက်တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ တပ်စခန်းအကြီးတွေကို လုံခြုံရေးယူပေးထာတဲ့ ကာကင်းစခန်းငယ် ၇ ခု သိမ်းပိုက်ရှင်းလင်းဆောင်ရွက်နိုက်ခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့မှာလည်း တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ကသိမ်းတဲ့ထဲမှာ တပ်စခန်းအကြီးတွေတော့မပါဘူး။ ကာကင်းစခန်းအငယ်တွေလောက်ပဲသိမ်းတယ် ကားကင်းစခန်း ၇ ခုလောက်တော့ရှိမယ်။ ဗန်းမော်တက္ကသိုလ်အပါပေါ့လေ။ ဒီမနက်မှာလည်း အစေားကြီးကတည်းက တိုက်ပွဲဖြစ်နေတဲ့ စစ်မျက်နှာတိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေတယ်။ မံစီဘက်မှာလည်း ပြင်းပြင်းထန်ထန်ဖြစ်နေတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်၊ မံစီ နဲ့ မိုးမောက် ၃ မိုင်၊ ၄ မိုင် စတဲ့ စစ်မျက်နှာ ၃ ခုမှာ ဒီနေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ နှစ်ဖက်တပ်အပြန်အလှန်တိုက်ပွဲပြင်းထန်နေသလို မြို့ပြင်နေရာတစ်ချို့မှာ လက်နက်ကြီးကျကွဲတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် KIA တပ်ဘက်က သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ ကာကင်းစခန်းတွေကို ရှင်းလင်းဆောင်ရွက်နေပြီး တပ်စခန်းကြီးတွေ ထပ်သိမ်းပိုက်ဖို့ တိုက်ပွဲဆက်ဖော်ဆောင်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီအထိ မြို့တွင်းအထိ လက်နက်ကြီး၊လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲနေရာဘက်ကို စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲစဖြစ်တဲ့ မနေ့က တစ်ရက်အတွင်း စစ်မျက်နှာ ၃ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၁၀ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် ထိခိုက်သေဆုံးမှုအသေးစိတ် သိရဖို့ ခက်ခဲနေပါတယ်။ ဗန်းမော်ဒေသခံပြည်သူအများပိုင်းက တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဘေးလွတ်ရာကို ရေကြောင်း၊ ကုန်းကြောင်း ရရာနည်းလမ်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြပေမယ့် စစ်ကောင်စီတပ်နဲ့ KIA တပ်တွေရဲ့ လမ်းပိတ်ဆို့ခံရမှု ကြုံတွေ့နေရတယ်လို့လည်း ဆက်သိရပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ဗန်းမော်ခရိုင်အဖြစ် မိုးမောက်၊ဗန်းမော်၊ မံစီ၊ရွှေကူမြို့နယ် ၄ ခုပါဝင်ပြီး မိုးမောက်မြို့နယ်ကို ဩဂုတ်လမှာသိမ်းပိုက်ထားပြီဖြစ်ပါတယ် ဒါ့အပြင် ဗန်းမော်မြို့က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ရေးအရ ကုန်းကြောင်း၊ရေကြောင်း အချက်ချာကျသလို သင်္ဘောဆိပ်ရာရှိရာတစ်ခုတည်းသောမြို့ဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Nov- 2024 -
    28 November
    တိုက်ပွဲ

    မိုးမောက်စစ်မျက်နှာပြင်ကို စစ်တပ်က တစ်ရက်တည်း လေကြောင်း ၅ ကြိမ်ထက်မနည်းဗုံးကြဲ

    ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်ကြား တိုက်ပွဲဖြစ်နေတဲ့ အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်က ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ တစ်ရက်တွင်းလေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲက ဒီမနက် ၂ နာရီဝန်ကျင်လောက်ကနေ…

    Read More »
  • 11 November
    တိုက်ပွဲ

    မိုးမောက်စစ်မျက်နှာပြင် သုံးလကျော်ကြာမြင့်လာတဲ့အထိ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေ တင့်ကားကြီးတွေနဲ့ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြန်ရဖို့ ဩဂုတ်လကစပြီး ဗန်းမော်မြို့ဘက်ကနေ တစ်ပတ် ၂ ကြိမ် တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဗန်းမောက်နဲ့ မိုးမောက်ကြားမှာရှိတဲ့ ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေ ပြောပါတယ်။ “တိုက်ပွဲက ပုံမှန်ဖြစ်နေတာ မနေ့ကဖြစ်တဲ့ တိုက်ပွဲက ၆ မိုင်အနီး စစ်တပ်ရဲ့ ထောက်ပို့လမ်း နောက်ကြောဘက်မှာ လမ်းပိတ်ဆို့ပြီး သွားရောက် တိုက်ခိုက်ခဲ့တယ်။ ပြောက်ကျားစနစ်နဲ့ သွားတိုက်တာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်။ သေနတ် ၄၊ ၅ လက်နက်လည်း သိမ်းဆည်းနိုင်ခဲ့တယ်။ ပြောရရင် ၆ မိုင်၊ ၇ မိုင်နေရာမှာက နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာပေါ့”လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦး KNG ကို ခုလိုပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ မနေ့က ဗန်းမော်နဲ့ မိုးမောက်ကြား စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ ၆ မိုင်ရှိထောက်ပို့လမ်းနေရာကို KIA ပူးပေါင်းတပ်ဘက်က ပိတ်ဆို့ပြီး သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီး ၄ ရက်ခန့်အကြာမှာ စစ်ကောင်စီတပ်တွေက မိုးမောက်ကို ပြန်လည်ရရှိဖို့ တင့်ကားကြီးအသုံးပြုပြီး ဗန်းမော်မြို့ဘက်ကနေ ထိုးစစ်ဆင် တန်ပြန်တိုက်ခိုက်နေတာ ခုဆိုရင် သုံးလဝန်းကျင် ကြာမြင့်လာပြီဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်နဲ့ မိုးမောက်ကြား ၆ မိုင်နဲ့ ၇ မိုင် အောင်မြေကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ်က စစ်အင်အား ၄၀၀ ဝန်းကျင် စစ်အင်အားတိုးချဲ့ထားပြီး မိုးမောက်မြို့နယ်ဘက်ကို ထိုးတက်နိုင်ဖို့ရန်အတွက် တင့်ကားအပါ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာ KIA တပ်တွေလည်း  မိုးမောက် ခမရ ၄၃၇ တပ်ရင်း သိမ်းပြီးနောက် စစ်အင်အားအလုံးအရင်းသုံးပြီး စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေကို လမ်းကြောင်း ပိတ်ဆို့ပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ  ၇ မိုင်အထိ ထိုးတက်လာနိုင်ပြီးတော့ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ  တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ မိုးမောက်စစ်မျက်နှာပြင်ဘက် ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။ “တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်နေတာက ကြာပြီး လေကြောင်းနဲ့ကော မြေပြင်နဲ့ပါ ထိုးဆင်နေတာ။ ပြီးရင် ဒရုန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ သူတို့ရဲ့ အခြေအနေက သူတို့လက်လွတ်လိုက်ရတဲ့ ခမရ ၄၃၇ တပ်ရင်းတွေကို ပြန်လည် ရရှိအောင် လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်”လို့ပြောပါတယ်။ ဗန်းမော်နဲ့ မိုးမောက်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ စစ်ကောင်စီတပ်ဘက်က တပ်ဆုတ်သွားခြင်းမရှိတရွေ့  အချိန်ကာလ တစ်ခုကြာရှည်အထိ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ၆ မိုင်တစ်ဝိုက် ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း KIA ဘက်က သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဗန်းမော်မြို့နဲ့ မိုင် ၄၀ အကွာမှာရှိတဲ့ မိုးမောက်မြို့…

    Read More »
  • Oct- 2024 -
    31 October
    သတင်း

    မိုးမောက်အပါ နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေ

    ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ထိုးဖောက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံး KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၄၀၀ ဝန်းကျင်လောက်တဲ့ စစ်ကောင်စီတပ်သားတွေက မိုးမောက်မရောက်မှီ ၆ မိုင်၊ ၇ မိုင် အောင်မြေကျေးရွာအနီးတဝိုက်မှာရှိနေပြီး KIA တပ်တွေနဲ့ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့မှာ  ဗန်းမော်ဘက်က စစ်တင့်ကား ၄ စီးပါတဲ့စစ်ကြောင်းတစ်ခု ထပ်မံစစ်အင်အားတိုးချဲ့လားပြီးတော့ စစ်အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်လာတဲ့အတွက် ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “မိုးမောက်ဘက်မှာ ဒီလ ၂၀ ရက်နေ့ကစပြီး တစ်ကျော့ပြန်တိုက်ပွဲပြန်ဖြစ်လာတယ်။ တစ်နေ့ကနဲ့ မနေ့အထိတော့ နည်းနည်းပြန်ငြိမ်သွားတယ်။ လုံးဝငြိမ်သွားတဲ့ ပုံစံမဟုတ်ဘူး။ တိုက်ပွဲက ဖြစ်နေတုန်း။ ဘာလို့လဲဆိုတော့ စစ်ကြောင်းတွေက ရှိနေသေးတဲ့အတွက် တိုက်ပွဲက ဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က တင့်ကား၊ ဒရုန်းလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်လဝန်းကျင်အထိ KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ ၆ မိုင်နဲ့ ၇ မိုင်ကုန်းကျော်လွန်လာပြီး ၈ မိုင်နားအထိ စစ်ကောင်စီတပ်တွေ နီးကပ်လာတာရှိတယ်လို့လည်း သိရပါတယ်။ KIA တပ်တွေလည်း မိုးမောက်မြို့နယ်ဘက်ခြမ်းကို မကျော်တက်လာနိုင်အောင်  ခမရ ၄၃၇ တပ်ရင်းသိမ်းပြီးကတည်းက ၃ လခန့်အထိ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေ တိုက်ပွဲဖြစ်ပွားနေသလို ဖားကန့်ဒေသ KIA တပ်မဟာ (၉) နေရာမှာလည်း စစ်ကောင်စီဘက်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “ဟုတ်တယ်ဗျ။ မနက်က လာပစ်တာ ၄ ကြိမ်ရှိပြီ ထိခိုက်မှုတော့မသိရသေးဘူး။ ဥရုချောင်းမှာလည်း ကျတာတွေရှိတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဆိုင်းတောင်မှာလည်း စစ်တပ်ရဲ့လေယာဉ်လာရောက်ပျံဝဲနေတယ်လို့ ဆိုင်းတောင်ဒေသခံတွေပြောပါတယ်။ အလားတူ တရုတ်နယ်စပ်နဲ့ ထိစပ်တဲ့ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ကချင်အထူးဒေသ(၁) ဖီမော်မြို့စောင့်တပ် အမှတ် ၁၀၀၁ တပ်ရင်းနေရာကိုလည်း KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့လည်းသိရပါတယ်။ ပြည်သူ့စစ်နဲ့ BGF တပ်တွေရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ဌာနချုပ် နေရာဖြစ်တဲ့ ဖီဖော် ၁၀၀၁ နေရာကို KIA ဘက်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထပ်မံသိမ်းပိုက်ထားနိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဆက်အသွယ်အခက်အခဲကြောင့် အတည်ပြုဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA တပ်တွေဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလ အတွင်းမှာပဲ တရုတ်နယ်စစ်တစ်ကြောမှာရှိတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့အပါ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲဲ့ လုပီ ၁၀၀၂၊ စင်ကြိုင် ၁၀၀၃ တပ်ရင်းနေရာတွေကို သိမ်းပိုက်ထားနိုင်ပြီး အမှတ် ၁၀၀၁ တပ်ရင်းတစ်ခုသာကျန်နေတာလည်း ဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 23 October
    တိုက်ပွဲ

    မိုးမောက်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်နေ

    ဗန်းမော်နဲ့ မိုးမောက်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီ KIO ပြောပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ဘက်ကနေ တင့်ကား ၄ စီးအပါ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ၆ မိုင်နဲ့ ၇ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “၂၀ ရက်နေ့ကစပြီး စစ်တပ်က တစ်ဖန်တင့်ကားတွေ တဖန်စစ်ကြောင်းထိုးနေတယ်လို့ကြားတယ်။ တိုက်ပွဲဖြစ်နေတာ သုံးရက်လောက်တော့ရှိလာပြီး ဒီကနေ့ အထိတော့ သေချာမသိရသေးဘူး။ အခုဖြစ်နေတဲ့ စစ်ရေးခြေအနေက ၇ မိုင်ကုန်းဘက်ကို တင့်ကားတွေနဲ့ စစ်ကြောင်းပြန်ထိုးနေတာ။ ဒရုန်း လက်နက်ကြီးမျိုးစုံ နဲ့ တိုက်ခိုက်နေတာ။ ဒါပေမယ့် ကျနော်တို့ဘက်က တန်ပြန်ခုခံတိုက်ခိုက်လိုက်တော့ ပြန်နောက်ဆုတ်ဆုတ်သွားကြတယ်။ အပြန်အလှန်တိုက်ပွဲဖြစ်နေတဲ့ သဘောပါ”လို့ပြောပါတယ်။ စစ်တင့်ကား ၄ စီးအပါအဝင် ခြေလျင်စစ်ကြောင်းနဲ့အင်အားအလုံးအရင်းသုံးပြီး KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းရှိတဲ့ ဘက်ကို ဦးတည်ပြီးတော့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။ ဒါကြောင့် စစ်တပ်နဲ့ KIA တပ်အကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေရှိနေတယ်လို့လည်း ဗန်းမော်ကာကွယ်ရေးတပ်ဘက်ကလည်း ပြောပါတယ်။ “လေကြောင်းကနေပစ်တာတွေလည်းရှိနေတယ် ၇ မိုင်မှာမဟုတ်ပဲ ၆ မိုင်အထက်ဘက်မှာဖြစ်တယ် တပ်ဘက်က ဗျူဟာမှုးတယောက်ကျသွားတယ်လို့ကြားရတယ်ပြောတယ်။ စစ်တပ်ဘက်က အထိနာလို့ပြန်ဆုတ် ပြန်တက်လုပ်နေတယ်”လို့ပြောပါတယ်။ နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗျူဟာမှူးကျသွားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မKIA တပ်သိမ်းပိုက်လိုက်ပြီးနောက်  စစ်တပ်ဘက်က စစ်အင်အား ၄၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်းဟာ မိုးမောက်မြို့နယ်ဘက်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ …

    Read More »
Back to top button