မိုးသည်းထန်

  • Jun- 2024 -
    24 June
    သတင်း

    ရေကြီးရေလျှံဖြစ်နေတဲ့ နောင်ဟီးကျေးရွာစစ်ဘေးရှောင်များ နေရာအခက်ခဲဖြစ်နေ

    ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာစစ်ဘေးရှောင်နေတဲ့ နောင်ဟီးစစ်ဘေးရှောင်စခန်းထဲ မိုးရေဝင်ရောက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ နောင်းဟီးစစ်ရှောင်ပြည်သူတွေကပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင်ကနေ အင်ဂန်းရွာတစ်ဝိုက်မိုသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေတွေက နောင်ဟီးပြည်သူတွေတိမ်းရှောင်နေတဲ့  စစ်ရှောင်စခန်းထဲအထိ ရေဝင်ရောက်ခဲ့တဲ့အပြင် မိုးကာတဲအမိုးကနေ မိုးရေတွေယိုစိမ့်ပြီး ထမင်းချက်စားတဲ့ နေရာအထိ ရေနစ်မြှုပ်တာတွေကြုံတွေ့နေရတယ်လို့ နောင်ဟီး စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “မိုးတွေလည်းယိုတယ် မိုးကာနဲ့ဘဲ လုပ်ထားတော့ တချို့မိုးကာတွေက အရည်အသွေးမကောင်းတော့ အသစ်ဆိုရင်တောင်ယိုတယ် ကျွန်တော်တို့မှာ လိုအပ်နေတဲ့ အရာတွေဆိုပြောလိုတောင်ကုန်မှာမဟုတ်ဘူး”လို့ ဆိုပါတယ်။ လက်ရှိ နောင်ဟီးကျေးရွာပြည်သူတွေ ဆောက်လုပ်ထားတဲ့စစ်ရှောင်စခန်းဟာ ဘောလုံးကွင်းပြင်လိုမျိုးဖြစ်နေပြီး မြေနိမ့်ပိုင်းမှာဆောက်ထားတဲ့အတွက် အခုလိုမိုးရွာသွန်းချိန်တိုင်း ရေကြီးရေလျှံမှု မကြာခဏကြုံတွေ့နေရသလို ဒီတစ်ကြိမ်ဟာအဆိုးရွားဆုံးဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။  စစ်ဘေးရှောင်တွေဟာ မိုးရေတွေကြောင့် အမိုးအကာပျက်စီးတာ၊ နေရာထိုင်ခင်း၊ အစားသောက်အပြင် သောက်ရေ၊ သုံးရေကအစ ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်…

    Read More »
  • May- 2024 -
    29 May
    သတင်း

    လဟယ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးမြေပြိုမှုကြောင့် လူနေအိမ် ၆ လုံးထက်မနည်းရေထဲမျောပါသွား

    စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံကာမြေပြိုကျမှုကြောင့် လူနေအိမ် ၆ လုံးထက်မနည်းရေထဲမျောပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လဟယ်မြို့မှာ မေလ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၄ ရက်ဆက်တိုက်မိုးသည်းထန်စွာရွာသွန်းခဲ့တယ်လို့ သိရပြီး မြို့အဝင်မှာရှိတဲ့ ချလွေချောင်းရေကြီးကာ တောင်ပြိုတာတွေကြောင့် လူနေအိမ် ၆ လုံးထက်မနည်းမျောပါသွားတယ်လို့ လဟယ်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မိုးက ၄ ရက်ဆက်တိုက်လုံးဝမနားဘူး ရွာတယ် ချလွေချောင်းကမြို့အဝင်မှာရှိတာ အဲ့ချောင်းကရေ အရမ်းကြီးတော့မြေတွေလည်းပြိုကျလာတာ ချောင်းနဲ့နီးတဲ့ရပ်ကွက်ထဲကတော့အိမ်ခြောက်လုံးပျက်စီးသွားတယ်။ တစ်ချို့အိမ်တွေမျောသွားတယ် မီးဖိုချောင်တွေလည်းပါသွားတယ်လူနေအိမ်ကြီးပဲက ခြောက်လုံးပါသွားတယ်”လို့သူကပြောပါတယ်။ အဲ့ဒီရေကြိီးရေလျှံမှုဟာမနေ့က မေလ ၂၈ ရက်နေ့မှာဖြစ်သွားတာဖြစ်ပြီး လဟယ်မြို့ တိုးချဲ့ရပ်ကွက် နယ်မြေ ၂ ထဲက လူနေအိမ် ၆ လုံးနဲ့ မီးဖိုချောင်တွေပျက်စီးသွားတဲ့အပြင် အိမ်မွေးတိရိစ္ဆာရန်တွေလည်းအများအပြားရေထဲပါသွားတယ်လို့သိရပါတယ်။ “ဒီနေ့တော့ မနက်အစောကြီးကိုယ့်အိမ်ကိုယ့်ခြံရှင်းတဲ့လူရှင်းလမ်းရှင်းတဲ့လူရှင်းလုပ်နေကြပြီ လောလောဆယ်တော့တချို့ရပ်ကွက်တွေမီးတွေဘာတွေပျက်နေတာရှိတယ် ရေကြီးမြေပြိုတာတွေ ဖြစ်တော့တချို့ဓာတ်တိုင်တွေဘာတွေထိခိုက်သွားတယ်လေး”လို့ လဟယ်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လဟယ်မြို့မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာလည်း နေရာကွက်ကျားမိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးမြေပြိုမှုတွေဖြစ်ပြီး ကျေးရွာတစ်ချို့ မှာလည်းအလားတူ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
Back to top button