သတင်း

လဟယ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးမြေပြိုမှုကြောင့် လူနေအိမ် ၆ လုံးထက်မနည်းရေထဲမျောပါသွား

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံကာမြေပြိုကျမှုကြောင့် လူနေအိမ်  လုံးထက်မနည်းရေထဲမျောပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လဟယ်မြို့မှာ မေလ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ  ရက်ဆက်တိုက်မိုးသည်းထန်စွာရွာသွန်းခဲ့တယ်လို့ သိရပြီး မြို့အဝင်မှာရှိတဲ့ ချလွေချောင်းရေကြီးကာ တောင်ပြိုတာတွေကြောင့် လူနေအိမ်  လုံးထက်မနည်းမျောပါသွားတယ်လို့ လဟယ်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

မိုးက  ရက်ဆက်တိုက်လုံးဝမနားဘူး ရွာတယ် ချလွေချောင်းကမြို့အဝင်မှာရှိတာ အဲ့ချောင်းကရေ အရမ်းကြီးတော့မြေတွေလည်းပြိုကျလာတာ ချောင်းနဲ့နီးတဲ့ရပ်ကွက်ထဲကတော့အိမ်ခြောက်လုံးပျက်စီးသွားတယ်။ တစ်ချို့အိမ်တွေမျောသွားတယ် မီးဖိုချောင်တွေလည်းပါသွားတယ်လူနေအိမ်ကြီးပဲက ခြောက်လုံးပါသွားတယ်လို့သူကပြောပါတယ်။

အဲ့ဒီရေကြိီးရေလျှံမှုဟာမနေ့က မေလ ၂၈ ရက်နေ့မှာဖြစ်သွားတာဖြစ်ပြီး လဟယ်မြို့ တိုးချဲ့ရပ်ကွက် နယ်မြေ  ထဲက လူနေအိမ်  လုံးနဲ့ မီးဖိုချောင်တွေပျက်စီးသွားတဲ့အပြင် အိမ်မွေးတိရိစ္ဆာရန်တွေလည်းအများအပြားရေထဲပါသွားတယ်လို့သိရပါတယ်။

ဒီနေ့တော့ မနက်အစောကြီးကိုယ့်အိမ်ကိုယ့်ခြံရှင်းတဲ့လူရှင်းလမ်းရှင်းတဲ့လူရှင်းလုပ်နေကြပြီ လောလောဆယ်တော့တချို့ရပ်ကွက်တွေမီးတွေဘာတွေပျက်နေတာရှိတယ် ရေကြီးမြေပြိုတာတွေ ဖြစ်တော့တချို့ဓာတ်တိုင်တွေဘာတွေထိခိုက်သွားတယ်လေးလို့ လဟယ်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လဟယ်မြို့မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာလည်း နေရာကွက်ကျားမိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးမြေပြိုမှုတွေဖြစ်ပြီး ကျေးရွာတစ်ချို့ မှာလည်းအလားတူ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button