စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး
,
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ မြင်းမူဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို ချောင်းဦးမြို့ ငါးယှန်ကျေးရွာအရှေ့ဘက်အရောက်တွင် ဒေသကာကွယ်ရေးတပ်များ မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် မှ ၂၂ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အဆိုပါ စစ်ဆင်ရေးကို ယမန်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် Farmer Revolution Force (CHU) နှင့် မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA-စစ်ကိုင်းခရိုင်တပ်ရင်း ၅)
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းတွင် PDF တပ်ဖွဲ့များ ထောင်ထားသည့်မိုင်းကွင်းများကို အသွင်ပြောင်းကာ ရှာဖွေစုံစမ်းနေသည့် လူတစ်စုကို သပြေညိုပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း သိရသည်။ စစ်ကောင်စီ ရန်မှ ကာကွယ်ရန်နှင့် နယ်မြေလုံခြုံရေးအတွက် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းများကို စစ်ကောင်စီတပ်လက်ပါးစေ လူငယ်တစ်စုက အသွင်ပြောင်းကာ စုံစမ်းဖော်ထုတ်နေသဖြင့် အဆိုပါအဖွဲ့ကို ၂ ကြိမ်တိုင်တိုင် ဖမ်းမိခဲ့သော်လည်းဆက်လက်လုပ်ဆောင်နေသောကြောင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း သပြေညို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။