သတင်း

မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်မှ မီးဝင်ရှို့၊ ပြည်သူ ၁၂ ဦး ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် နဂါးတွင်းကျေးရွာအတွင်းရှိ နေအိမ်များကို စစ်ကောင်စီက ယနေ့နံနက်ပိုင်းမှစကာ မီးရှို့ဖျက်ဆီးနေပြီး အရပ်သား ပြည်သူ ၁၄ ဦး ကိုလည်း ဖမ်းဆီးထားသည်ဟု ဒေသခံများထံမှသိရသည်။

အင်အား ၁၅၀ ဝန်းကျင်ပါသော စစ်ကောင်စီတပ်သည် ယနေ့နံနက် ၆ နာရီဝန်းကျင်တွင် နဂါးတွင်းကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာဝင်ရောက်လာပြီးနောက် နံနက် ၉ နာရီဝန်းကျင်မှစပြီး ပြည်သူပိုင်နေအိမ်များကို  မီးရှို့ဖျက်ဆီးခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

ရွာထဲကိုပြန်ကပ်လို့မရသေးတော့ အိမ်ဘယ်လောက်ပါသွားတယ် ဆိုတာတော့မသိသေးဘူး ရွာထဲကပြည်သူတွေလည်း အကုန်ထွက်ပြေးနေရတယ် ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ရက်နေ့က အင်အား၂၀၀ ဝန်းကျင်ဖြင့် ကျွန်းကြီး၊ နတ်ကြီးကျွန်း၊ ဂျိုးစု စသည့် ကျေးရွာများကို လည်းလက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သေးသည်ဟု သူက ဆက်ပြောသည်။

စက်တင်ဘာလ ၁၂ ရက်နေ့က ညောင်ဖြူပင်ကျေးရွာ ရဲစခန်းမှ ရဲနှစ်ဦး စျေးဝယ်ထွက်ရာ ဒေသကာကွယ်ရေးတပ်များ၏ ပစ်သတ်ခံလိုက်ရခြင်းကြောင့် ယခုလို စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်နေသောကြောင့် မုံရွာမြို့နယ် တောင်ဘက်ခြမ်းက ရွာပေါင်း ၆ ရွာ ထက်မနည်း ပြည်သူများ ထွက်ပြေးနေရသည်ဟု သိရသည်။

Show More

Related Articles

Back to top button