ရှဒေါင် မိဘမဲ့ဂေဟာတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေ

မြစ်ကြီးနားမြို့ပြင် ရှဒေါင်ကျေးရွာတွင် ဖွင့်လှစ်ထားသော မေတ္တာပျိုးခင်း (Tsaw Myit Sha-It ) မိဘမဲ့ဂေဟာတွင် အစားအသောက်နှင့်အတူ အခြားကူညီထောက်ပံ့မှု အများအပြားလိုအပ်နေသည်ဟု သိရသည်။ အဆိုပါ မိဘမဲ့ ဂေဟာကျောင်းတွင် ပြည်နယ်အတွင်း မြို့နှင့်ဝေးလံသောကျေးလက်ဒေသမှ ပညာသင်ကြားရန် လာရောက်နေထိုင်သော မိဘမဲ့ကလေးများအတွက် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ခရစ်ယာန်ဘာသာရေးဆရာ မိသားစုက ပြုစုနေခြင်း ဖြစ်သည်။ လက်ရှိ ထိုဂေဟာကျောင်းတွင် ကလေးငယ်များနေထိုင်သည့် အဆောက်အဦးမှာ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်လာသည့်အတွက် ကလေးငယ်များ