ကချင်ဒေသ မျိုးစေ့များပျောက်ကွယ်သွားရန်လုပ်ဆောင်နေသော တရုတ်မျိုးစေ့များ

"​ဈေးကထဲဝယ်ပြီး အိမ်မှာ တနိုင်တပိုင်စိုက်ပျိုးတယ်။ ဒီတရုတ်မျိုးစေ့ကို ဈေးထဲကဝယ်ပြီးစိုက်ပျိုးလာတာ လေးငါးနှစ်ရှိလာပြီ။ ဒီအပင်က စိုက်ထားတဲ့အမျိုးကနေပြန်ရလာတဲ့မျိုးစေ့တွေကို နောက်နှစ်အတွက် မျိုးစေ့ပြန်ယူလို့မရဘူး မျိုးပွားလို့မရဘူး။ ပြန်စိုက်လို့မရဘူး မပေါက်ဘူး။ အဲ့တာကြောင့် ဒီနှစ်စိုက်ဖို့အတွက်မျိုးစေ့ကို ဈေးထဲကနေပြန်ဝယ်ပြီး နှစ်တိုင်းဒီလိုစိုက်ပျိုးရတယ်’’ လို့ ဝိုင်းမော်မြို့ခံ ဒေါ်ယိန်းဝမ်က ပြောပါတယ်။ ကချင်ဒေသခံပြည်သူလူထုထဲ စိမ့်ဝင်နေတဲ့ ပြဿနာတစ်ခုမှာ မျိုးစေ့ပြသာနာပဲဖြစ်ပါတယ်။ ဒေသတွင်း မျိုးစေ့ထိန်းသိမ်းမှုအလေ့အထမရှိတော့ဘဲ စီစစ်မှုမရှိ အဆင်သင့်ဝင်လာတဲ့ တရုတ်ပြည်က မျိုးစေ့တွေပဲ နေရာအနှံမှာ နေရာယူထားကြပါပြီ။ ဒေသမျိုးစေ့တွေဟာ ပျောက်ကွယ်သလောက်ရှိနေပါတယ်။