ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာကြရန် မြို့လှ PDF သတိပေး

ကချင်ပြည်နယ် ရွှေကူမြို့နယ် မြစ်ကြောင်းတစ်လျှာက် ရွှေတူးဖော်နေကြသည့် ရွှေဖောင်များ ၂၄ နာရီအတွင်း ‌ထွက်ခွာကြရန် မြို့လှ PDF မှ ယနေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် သတိ ထုတ်ပြန်ထားသည်။ "ဒေသခံတွေက ဒီကိစ္စကဘက်ကနေ ကျနော်တို့ကို ဖြေရှင်းပေးဖို့ တောင်းဆိုလာတာဖြစ်တယ်။ အဲကြောင့် ကျနော်တို့ဘက်ကလည်း ရွှေဖောင်တွေကို ထွက်ခွာဖို့ ၂၄ နာရီအချိန်ပေးထားတယ်။ မထွက်ခွာဘူးဆိုရင်တော့ ကျနော်တို့ထုတ်ပြန်ချက်ကအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်" ဟု မြို့လှတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။