,
စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်စီးပွားရေးမှာဂေဟစနစ် နဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ မြစ်များကို ပျက်စီးစေတဲ့ ရာသီဥတုဆိုင်ရာကို ခြိမ်းခြောက်မဲ့ ရွှေတူးဖော်တဲ့ အကြီးစားလုပ်ငန်းကြီးတွေကို ပူတာအိုခရိုင် မချမ်းဘော်မြို့နယ် နမ်းထီးချောင်းနှင့် မေခမြစ်နဲ့ မလိခမြစ်အထက်ပိုင်း မြစ်ဆုံ နှင့်ဧရာဝတီမြစ်အရှေ့ဘက် ကမ်းတွေမှာ စက်အကြီးစားများဖြင့် ရွှေတူးဖော်နေကြတာကိုတွေ့ရပါတယ်။ မညီမျှတဲ့ စီးပွားရေး၊ မညီမျှတဲ့ အာဏာခွဲဝေမှုကြောင့် ဖြစ်တည်လာတဲ့ အစပျိုးလာတဲ့ တူးဖော်မှုဟာ နောင်အနာဂတ်မှာ လူသားတွေအတွက် ကြီးမားတဲ့ အသက်သေဆုံးမှု သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ရာသီဥတု
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း မြစ်ဆုံဒေသတဝိုက် နှင့် ချီဖွေမြို့ မြစ်ကြောင်းတစ်လျှောက်တွင် စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်နှင့်ဆက်နွယ်သူများက စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု အလွန်များပြားလာကြောင်း ဒေသခံများပြောသည်။ မြစ်ဆုံဒေသတဝိုက်တွင် ဒေသခံများကန့်ကွက်နေသည့်ကြား စီးပွားရေးလုပ်ငန်းရှင်အချို့က ငါးမွေးမြူသည့် လုပ်ငန်းအသွင်ယူပြီး ရွှေတူးဖော်သည့် လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း မြစ်ဆုံဒေသခံတစ်ဦးက ပြောသည်။ “ အဲ့မှာ ရွှေတူးနေတဲ့ အင်လားနော်အောင် အရင်ကတော့ ဒီအထက်ဘက်မှာနေတယ် အခုတော့ စီတာပူမှာ နေတယ်ကြားတယ် ငါးကန်လုပ်မယ်ဆိုပြီး ပြောတယ်။ ရပ်ကွက်ကသူတွေကိုလည်း ငါးကန်လုပ်ဖို့