ရွှေတူးဖော်မှုကြောင့် မြစ်ကြီးနား–ပူတာအိုလမ်း မြေပြိုမှုများလာဟုဆို

မြစ်ကြီးနားပူတာအိုလမ်းပိုင်း မြေပြိုမှုတွေဟာ မလိခမြစ်ကမ်းပါးတစ်လျှောက် ရွှေအလွန်အကျွံတူးဖော်မှုရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ကားသမားတွေက ပြောပါတယ်။

လက်ရှိ မြစ်ကြီးနားပူတာအိုလမ်းပိုင်း၊ မြစ်ဆုံနဲ့ တယန်ဇွပ်ကျေးရွာကြားမှာ လမ်းမြေပြိုမှုတွေ မကြာခဏဖြစ်ပွားနေတာကြောင့် ကားသမားတွေအနေနဲ့ သတိထားသွားလာနေရတယ်လို့ သိရပါတယ်။

အဲဒီနေရာတွေက နွေရာသီဆို သိသာတယ်လေ။ မလိခမြစ်ရေခမ်းချိန်ရောက်ရင် ရွှေတူးတာ အရမ်းများတယ်။ မြေအောက်ကို အနက်ကြီးတူးလိုက်တော့ ကမ်းပါးတွေ အားပျော့သွားပြီး မိုးရာသီရောက်မှ ပြိုကျတာ။ လမ်းအခြေအနေကတော့ အမြဲစောင့်ကြည့်ပြီး သွားနေရတယ် လို့ မြစ်ကြီးနားပူတာအိုလမ်းကို ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁၅ ရက် မနက်ပိုင်းမှာလည်း မြစ်ဆုံအကျော် တယန်ဇွပ်ကျေးရွာမရောက်ခင် လမ်းပိုင်းတစ်နေရာမှာ မြေပြိုမှုဖြစ်ပွားပြီး လမ်းယာယီပိတ်ဆို့ခဲ့ပါတယ်။

ဒါပေမယ့် နေ့လယ်ပိုင်းမှာတော့ တာဝန်ရှိသူတွေက လမ်းကို ပြန်လည်ပြင်ဆင်ဖွင့်လှစ်ပေးခဲ့တာကြောင့် ယာဉ်တွေ ပြန်လည်ဖြတ်သန်းနိုင်နေပြီဖြစ်ပေမယ့် မြေပြိုနိုင်ခြေ ဆက်ရှိနေတဲ့တွက် သတိထားသွားလာဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ကားသမားတွေက ပြောပါတယ်။

မနက်က လမ်းပြိုသွားတာ။ နေ့လယ်မှာတော့ ပြန်ပြင်ပေးလို့ အခုကားတွေ ဖြတ်သွားနိုင်ပြီ။ ဒါပေမယ့် ကားတွေဖြတ်သွားပြီးနောက် ထပ်ပြိုတာတွေ ရှိနေသေးတယ်လို့ သိရတယ်။ ထပ်ပြင်ပေးမလားတော့ မသိသေးဘူး လို့ ကားသမားတစ်ဦးက ဆိုပါတယ်။

မြစ်ကြီးနားပူတာအိုလမ်းပိုင်းဟာ နှစ်စဉ် မိုးရာသီအတွင်း မြေပြိုမှုတွေကြောင့် လမ်းပိတ်ဆို့လေ့ရှိပြီး ယင်းအကျိုးဆက်ကြောင့် ပူတာအိုဒေသမှာ ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကို ပုံမှန်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ကားဆရာတွေကတော့ လမ်းပြန်ပွင့်ရင် နည်းနည်းစောင့်ပြီး သွားလို့ရတယ်။ ဒါပေမယ့် ကားတွေ မတက်နိုင်တော့ရင် ပူတာအိုဒေသက ပိုထိခိုက်တယ်။ ကုန်ဈေးနှုန်းတွေ တက်လာပြီး ကုန်ပစ္စည်းတွေလည်း ပြတ်လပ်တတ်တယ်။ လမ်းမသေချာတဲ့နေရာဆို ကားဆရာတွေက ဆင်းကြည့်ပြီးမှ မောင်းရတာ။ အခက်အခဲတွေက ပြောမကုန်ဘူး” လို့ အဆိုပါကားသမားက ဆက်ပြောပါတယ်။

ကားသမားတွေဟာ လမ်းဖြတ်ခကုန်ကျစရိတ် မြင့်မားတာအပြင် လမ်းပိတ်ဆို့မှုနဲ့ မြေပြိုမှုတွေကြောင့် ခရီးစဉ်အတွင်း စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိ မြစ်ကြီးနားကနေ ပူတာအိုကို သွားရာမှာ မြို့တွင်းမော်တော်ပီကေဂိတ်၊ ရွှေစက်ဂိတ်၊ ငြိမ်းချမ်းရေးဂေဟာအကျော်ဂိတ်၊ မြစ်ဆုံဂိတ်၊ တန်ဂျာဂိတ်၊ လုံရှာယန်ဂိတ်နဲ့ မူလာရှီးဒီဂိတ် အပါအဝင် စစ်တပ်စစ်ဆေးရေးဂိတ်  ခုကို ဖြတ်သန်းရပြီး ဂိတ်ကြေးအတွက် စုစုပေါင်း ကျပ်  သိန်းကနေ  သိန်းအထိ ပုံမှန်ကုန်ကျတယ်လို့ ကားသမားတွေက ပြောပါတယ်။

ခုလို သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ဂိတ်ကြေးကွာခြားကာ ဆန်၊ ဘက်ထရီ၊ ဆိုင်ကယ်စတဲ့ ကုန်ပစ္စည်းတွေအတွက် ဂိတ်တစ်ခုနဲ့တစ်ခု အခွန်ကောက်ခံနှုန်း မတူညီဘူးလို့ သိရပါတယ်။ 

လက်ရှိ မြစ်ကြီးနားကနေ ပူတာအိုတက်မယ်ဆိုရင် ခရီးသည်တစ်ဦးကို ကားခ  သိန်းကနေ ၂သိန်းခွဲ ကုန်ကျတယ်လို့ ဆက်လက်သိရပါတယ်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းအပြင် လက်ရှိ ဝိုင်းမော် – ဆဒုံး – ကန်ပိုင်တီလမ်းပိုင်းတွေမှာလည်း မြေပြိုမှုတွေရှိနေတာကြောင့် ကား၊ ဆိုင်ကယ်တွေ သတိထား သွားလာနေရတဲ့ အခြေအနေဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button