မြို့သစ်

  • Feb- 2026 -
    16 February
    သတင်း

    တာပိန်မြစ်ဝမှာ တရုတ်လုပ်ငန်းရှင်တွေ ရွှေအလွန်အကျွံတူးဖော်နေ

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝပေါ်မှာ တရုတ်လုပ်ငန်းရှင်တွေက ရွှေအလွန်အကျွံတူးဖော်နေကြောင်းဒေသခံတွေကဆိုပါတယ်။ မိုးမောက်မြို့နဲ့ ၁၄ မိုင်အကွာရှိတဲ့ တာပိန်မြစ်ဝက ရွှေမြောင်းနဲ့ မြို့သစ်ကြားမှာ တရုတ်လုပ်ငန်းရှင်တွေကပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကတည်းကနေ ရွှေတူးဖော်မှုတွေစတင်လုပ်ဆောင်နေတာဖြစ်ပြီးအစပိုင်းက အသေးစားရွှေတူးဖော်မှုအဆင့် ကနေ လက်ရှိမှာတော့ စက်ယန္တရားကြီးတွေနဲ့ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စတူးတာက ၂၀၂၄ခုနှစ်စက်တင်ဘာမှာစတာအဲ့တုန်းက ရေမုန်သုံးဆိုင်းပေထွက်လေးတွေနဲ့စတူးတာ အခုနောက်ပိုင်းကမဟုတ်တော့ဘူး ဘတ်ဖိုးကြီးတွေ၊ကားကြီးတွေနဲ့တူးနေတယ် ရေအားကလည်းကောင်းတော့ နှစ်ဆယ့်လေးနာရီမရပ်မနားကိုတူးနေတာ အခုမှစတူးတဲ့နေရာတွေလည်းရှိတယ်”လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တရုတ်လုပ်ငန်းရှင်တွေဟာ တာပိန်မြစ်ဝပေါ်မှာ ၂၀၂၄ ခုနှစ်အောက်တို ဘာလကစပြီး ရေမုန်စက် သုံးဆိုင်းစတင်ရွှေတူးဖော်မှုလုပ်ဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ကတော့ မြေတူးစက်၊မြေကောစက်ကြီးတွေနဲ့ မြေသယ်ကား အများအပြားတဲ့စတင်တူးဖော်နေတာလို့ မျက်မြင်ဒေသခံတွေကဆိုပါတယ်။ “လုပ်းငန်းရှင်တွေကတော့တရုတ်တွေပါပဲမြန်မာစကားတောင်မတတ်ဘူး အလုပ်သမားတွေတော့မြန်မာတွေပါတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့မိုးမောက်မြို့ခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ မိုးမောက်မြို့နယ်ဟာ လက်ရှိ KIA ထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပြီး အဲ့ဒီရွေတူးဖော်မှုကိုတာပိန်မြစ်အနီးနေထိုင်ကြတဲ့ ရွာပေါင်း ၁၇ ရွာကပြည်သူတွေနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လက်မှတ်ရေးထိုးပြီး KIA/KIO ကိုကန့်ကွက်စာတင်တာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် ဒီနေ့ချိန်ထိ KIO၊KIA ဘက်က တစ်စုံတစ်ရာတုံံပြန်လာတာမရှိသေးဘူးလို့လည်း သိရပါတယ်။ “ရွာပေါင်း ၁၇(ဆယ့်ခုနှစ်)ရွာက ဥက္ကဋ္ဌတွေနဲ့ပြည်သူတွေလက်မှတ်ထိုးပြီးတိုင်သေးတယ် မနှစ်က(၂၀၂၅) နိုဝင်ဘာလမှာဒါပေမယ့်အခုထိတော့ဘာမှမထူးခြားလာဘူးတူးနေကြတုန်းပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်မှတ်ရေးထိုးတိုင်တဲ့ထဲရွာ မင်းဂျမ်းရွာ၊ရွှေမြောင်းရွာဟောင်း၊ ဟသ်ာရွာ၊စီကော်ရွာ၊ ခုန်စင့်ရွာ၊တာဟေ့လိုင်ရွာ၊ မန်နောင် အောင်တံခွန်၊ နောင်ပေါ်စတဲ့ရွာတွေအပါအဝင်ရွာပေါင်း ၁၇ ရွာပါဝင်ခဲ့ပြီးအဲ့ဒီရွာတွေဟာတာပိန်မြစ်အောက် မြစ်နဲ့နီးတဲ့ရွာတွေဖြစ်တာကြောင့် လက်ဆက်ပြီးကြီးကြီးမားမားရွှေတူးနေရင် ရွာတွေပျက်စီးသွားနိုင်တာကြောင့်အခုလိုကန့်ကွက်ကြတာလို့ဆိုပါတယ်။ ဒေသခံတွေကတော့ လက်ရှိတာပိန်မြစ်ဝမှာလုပ်ဆောင်နေတဲ့ရွှေတူးဖော်မှုကို ရပ်တန့်ခိုင်းဖို့နဲ့ထိထိရောက်ရောက်ကူညီဖြေရှင်းပေးဖို့တောင်းဆိုနေကြပါတယ်။ လက်ရှိပုံစံအတိုင်းစက်ယန္တရားကြီးတွေနဲ့ဆက်တူးနေရင် တာပိန်မြစ်ရဲ့ ရေစီးကြောင်းတွေပြောင်းလဲသွားနိုင်ပြီးလာမယ့်မိုးရာသီကာလမှာ အထက်မှာဖော်ပြခဲ့တဲ့ကျေးရွာတွေရွှေလွှမ်းမိုးသွားမှာကိုစိုးရိမ်နေကြပါတယ်။ မိုးမောက်မြို့နယ်ထဲမှာတော့ယခင်စစ်အာဏာမသိမ်းမှီတုန်းကလည်းလက်ရှိတူးနေတဲ့တာပိန်မြစ်ဝရဲ့အရှေ့ဘက် လေးမိုင်လောက်အကွာမှာ ရွှတူးဖော်မှုတွေရှိခဲ့ပေမယ့်အခုလိုဆိုးဆိုးဝါးဝါးတော့မရှိခဲ့ဘူးလို့သိရပါတယ်။ လက်ရှိမှာတော့မိုးမောက်မြို့နယ်ထဲက အထက်မှာဖော်ပြခဲ့တဲ့ တာပိန်မြစ်ဝအပါအဝင် ကျွန်းကုန်း၊ငါးခ၊ ချွယ်ဟိုင်၊သဘော်ဦး၊ ဆေးတင်စတဲ့နေရာတွေမှာလည်း ရွှေတူးဖော်မှုတွေရှိနေတယ်လို့သိရပါတယ်။ တာပိန်မြစ်ထဲရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင်သုံးဦးက အဓိကဦးဆောင်လုပ်ကိုင်နေတာလို့သိရပြီး စက်ယန္တရားအများအပြားနဲ့တူးဖော်နေသလို အစုရှယ်ယာရှင်တွေလည်းအများအပြားပါဝင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ အခုလိုစက်ယန္တရားကြီးတွေနဲ့အလွန်အကျွံရွှေတူးဖော်မှုကြောင့် လာမယ့်မိုးရာသီကာလအတွင်း မြစ်နဲ့နီးနဲ့မြို့ သစ်၊စီကော်၊ တာဟဲလိုင်၊ရွှေမြောင်း၊ဟင်းသာ၊မင်းဂျမ်းစတဲ့ရွာတွေအပါအဝင် အထက်ဖော်ပြပါကျေးရွာတွေရဲ့လယ်ယာနဲ့စိုက်ခင်းတွေပျက်စီးသွားနိုင်ကြောင်းနဲ့လုပ်ကိုင်ရခက်ခဲလာနိုင်ကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “တာပိန်မြစ်ဘေးကရွာတွေရဲ့လယ်တွေ ၊စိုက်ခင်းတွေကတော့ မိုးတွင်းကျခင်ကမ်းပြိုဘာပြိုနဲ့ပါသွားနိုင်တယ်ဘာလို့ဆိုအခုရွှေတူးလိုက်တော့ကမ်းတွေကအကုန်တိုက်စားထားတာနောက်ပြီးအခုရေတွေကလည်းကနယ်တွေဖြစ်ကုန်ပြီ ရေတွေလည်းနောက်ကျိနေတာပဲဆိုတော့စိုက်ခင်းထဲရေသွင်းဖို့လည်းခက်ခဲလာတယ်”လို့သူကပြောပါတယ်။ တာပိန်မြစ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကနေ မြစ်ဖျားခံစီးဆင်းလာပြီ ဧရာဝတီမြစ်ထဲစီးဝင်နေတဲ့မြစ်ဖြစ်ပါတယ်။ By – Zaw…

    Read More »
  • Mar- 2024 -
    7 March
    သတင်း

    ဒေ့ါဖုန်းယန်နဲ့ မြို့သစ်ကြားက ကျေးရွာ ၂၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ

    KIO လိုင်ဇာအနီးတဝိုက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲပွားနေတာကြောင့် ဒေါ့ဖုန်းယန် နဲ့ မြို့သစ် ကုန်းလောတစ်လျှောက်မှာရှိတဲ့ ကျေးရွာအားလုံးက မိုးမောက်မြို့နယ်နဲ့ နီးတဲ့ မန်နောင်နဲ့ နမ့်ရီ ကျေးရွာတွေဘက်မှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ မြစ်ကြီးနား –…

    Read More »
  • Aug- 2023 -
    29 August
    သတင်း

    ဗန်းမော်လမ်း မြို့သစ်မှာတိုက်ခိုက်ခံရတဲ့ စစ်လက်နက်ရိက္ခာသယ်ယာဉ်တန်း နွမ်လန့်မှာရောက်ရှိ

    ဗန်းမော်ကနေ နမ်ဆန်ယန်ဘက်ကို စစ်အင်အားအပါအဝင် စစ်လက်နက်ရိက္ခာအပြည့် တင်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ စစ်ရိက္ခာသယ်ယာဉ်တန်းက မြို့သစ်နဲ့ ဒါဆိုင်း ကျေးရွာကြားမှာ တိုက်ခိုက်ခံလိုက်ရပေမယ့် နွမ်လန့်(Numlang) တပ်စခန်းအထိ စစ်ကြောင်းထိုးရောက်ရှိသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီ စစ်ယာဉ်တန်းဟာ စစ်အင်အားတင်ဆောင်ထားတဲ့ စစ်ကား ၆ စီးနဲ့ လက်နက်စစ်ရိက္ခာတင်ဆောင်ထားတဲ့ စစ်ကားအစီး ၂၀၊ စုစုပေါင်း စစ်ကားအစီး  ၂၆ စီးဖြစ်ပြီးတော့ ဩဂုတ်လ…

    Read More »
  • Apr- 2021 -
    26 April
    တိုက်ပွဲ

    မြို့သစ်၊ ကုန်းလော ကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

    မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ ကုန်းလော ကျေးရွာများတွင် ယနေ့ နံနက်မှစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲမှုများ ပြုလုပ်နေကြောင်း သိရသည်။ “ဒီမနက်ကနေ့ နေ့လည်အထိဆိုရင် လေယာဉ်နဲ့ဗုံးလာကြဲတာ ၅ခါထက်မနည်းတော့ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။…

    Read More »
Back to top button