မြေမြုပ်မိုင်း

  • May- 2024 -
    24 May
    သတင်း

    မြေမြုပ်မိုင်းကြောင့် နေရပ်ပြန်ဖို့ခက်ခဲနေကြတဲ့ နမ့်လင်းပါပြည်သူများ

    ဆယ်စုနှစ်တစ်စုကြာ စစ်ရှောင်နေကြရတဲ့ ဗန်းမော်ခရိုင် မံစီမြို့နယ် နန်လင်းပါကျေးရွာဒေသခံပြည်သူတွေဟာ နေရပ်ပြန်ဖို့ပြင်ဆင်နေကြပြီဖြစ်ပေမယ့် စစ်ကြွင်းစစ်ကျန်မြေမြုပ်မိုင်းအန္တရယ်စိုးရိမ်နေရဆဲဖြစ်တာကြောင့် အခက်အခဲတွေရှိနေတယ်လို့ နန့်လင်းပါ ဒေသခံတွေက ပြောပါတယ်။ နန့်လင်းပါကျေးရွာက ဒေသခံပြည်သူတွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ၂၀၁၁ တစ်ကြော့ပြန်တိုက်ပွဲကြောင့်  ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်း၊ ထွယ်ဆန်စစ်ရှောင်စခန်းနဲ့ တစ်ခြားနီးစပ်တဲ့ စစ်ရှောင်စခန်းတွေမှာ  ဆယ်စုနှစ်တစ်စုကျော်အကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့တာဘဲ ဖြစ်ပါတယ်။ လက်ရှိ နန့်လင်းပါကျေးရွာကို KIA ဘက်က ထိန်းချုပ်ထားနိုင်ပေမယ့်လည်း နယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို သေချာမလုပ်ရသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ နေရပ်ပြန်ပြီးနေထိုင်ဖို့ အခက်တွေ့နေကြတာဖြစ်တယ်လို့ နန့်လင်းပါ ဒေသခံ အမျိုးသား တစ်ဦးက ခုလိုပြောပါတယ်။ “အဲဘက်မှာက မြေမြုပ်မှိုင်းကနေရာအနှံ့ ထောင်ထားတော့ မြေတူးကားတွေနဲ့ သေချာမယူလိုက်နိုင်ရင်တော့ အိမ်မပြန်ရဲသေးဘူး မြေတူးကားတွေနဲ့ လုပ်တာတောင် ကားဘီးတွေ မှိုင်းထိပြီးပေါက်သွားတာတွေလည်းရှိတယ်”လို့ဆိုပါတယ်။ နမ်လင်းပါကျေးရွာရဲ့ အရှေ့ဘက်တောင်မှာ စစ်အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စခန်းရှိခဲ့ပေမယ့်လည်း ၂၀၂၄ မတ်လလောက်ကနေ ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ နမ့်လင်းပါရွာကို KIA တပ်က ထိန်းချုပ်ထားပြီဖြစ်ပြီး မိုင်းအန္တရယ်လည်း ရှင်းပေးကြဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ နမ်လင်းပါကျေးရွာမှာ ၂၀၁၁ လောက်က အိမ်ခြေ ၃၉၀ ကျော်ရှိခဲ့ပေမယ့်လည်း မနှစ်ကတောမီးလောင်ချိန် ဆွေးမြေ့နေတဲ့အိမ်တွေမီးလောင်သွားတာကြောင့ အိမ်ခြေ ၃၀ လောက်သာကျန်ရှိတော့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ခုလို နေအိမ်အဆောက်အအုံအခက်အခဲ၊ မြေမြုပ်မှိုင်းဗုံးအန္တရာယ်တွေနဲ့ စားဝတ်နေရေးဖြေရှင်းဖို့ အခက်အခဲတွေကြောင့် ဒေသခံတွေအနေနဲ့ နေရပ်ပြန်ဖို့ပြင်ဆင်နေပေမယ့် အခက်ခဲမျိုးစုံဖြစ်နေတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း အခုလိုပြောပါတယ်။ “ကျွန်မတို့က စစ်မဖြစ်ခင်တုန်းကတော့ ခြံတွေလုပ်တယ် စိုက်ပျိုးရေးတွေပေါ့။ အခုကြတော့ ကျွန်မတို့ လင်မယားလည်း အသက်ကြီးသွားတော့ မလုပ်နိုင်တော့ဘူး။ အစစအရာရာခက်ခဲတယ် စားဖို့ရော၊ မိုင်းတွေရော ရှိသေးတယ်လေ”လို့ သူမက ပြောပါတယ်။…

    Read More »
  • Apr- 2024 -
    13 April
    သတင်း

    ပလုံကောက်တဲ့အမျိုးသားတစ်ဦးမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရ

    ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ကနေ ပလုံကောက်ပြီးအသက်မွေးဝမ်းကျောင်းပြုတဲ့ ဇနီးမောင်နှံ ၂ ဦးအနက် အမျိုးသားဖြစ်သူမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်လည်းတစ်ဖက်ဖြတ်လိုက် ရတယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီလ ၁၂ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိကွတ်ခိုင်မြို့နယ် ဇီဝကဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ အမျိုးသမီးဖြစ်သူကပြောပါတယ်။…

    Read More »
  • Apr- 2023 -
    8 April
    သတင်းဆောင်းပါး

    ခေတ်က ဖိအားပေးလိုက်တဲ့ မသန်စွမ်းများ၏ ရင်တွင်းသံ

    “ကျမခင်ပွန်းက တောထဲတောင်ယာသွားလမ်းမှာ မြေမြှုပ်မိုင်းထိခိုက်ခံလိုက်ရတာကြောင့် မိသားစုအသက်ဆက်ဖို့ ပိုပြီးခက်ခဲသွားတယ် အဆိုးဆုံး က ကလေးတွေရဲ့ပညာသင်ကြားရေး ရပ်တန့်သွားခဲ့ရတယ်” ဟု ဒေါ်ထုဆန်က ပြောပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပြည်သူများအဘက်ဘက်ကနေ ခက်ခဲမှုတွေနဲ့တွေ့ကြုံနေရပါတယ်။ ထိုပြည်သူများထဲတွင် မသန်စွမ်းများလည်း အကြီးအကျယ် ခက်ခဲနေတဲ့…

    Read More »
Back to top button