မြေသယ်ယာဉ်မောင်း

  • May- 2024 -
    13 May
    သတင်း

    ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားမောင်းသမားများ ပြန်လွတ်ခြင်းမရှိသေး

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားသမားများ ဒီနေ့ထိလွတ်မြောက်လာတာမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က နန်းခွင်တံတားအကျော်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက မြေသယ်ကား ၇ စီးကို အရင်ဆုံးဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်နဲ့ပြန်ရွေးကြဖို့ပြောဆိုခဲ့ပေမယ့် ကားပိုင်ရှင်တွေဘက်က ရွေးနိုင်ခြင်းမရှိခဲ့တာကြောင့် မြေသယ်ယာဉ်အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ဒါ့အပြင် မေလ ၅ ရက်နေ့မှာလည်း နောက်ထပ်မြေသယ်ကား ၆ စီးကိုထပ်မံဖမ်းဆီးခဲ့ပြီး ဟိုပင်အခြေစိုက် ခလရ ၄၀ တပ်ရင်းမှာ ထိန်းသိမ်းထားကာ မြန်မာကျပ်ငွေ ၅ ထောင်ပေးဖို့ပြောဆိုနေတယ်လို့ သိရပါတယ်။ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ မြေသယ်ကားကို ဖမ်းဆီးတာတင်မဟုတ်ဘဲ မြေသယ်မောင်းသူတွေကိုလည်း ဖမ်းဆီးထားတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။  “မီးရှို့ခံရတဲ့ ၇ စီးရဲ့နောက် ၆ စီးကိုထပ်ဖမ်းတယ် မိုးညှင်းက တပ်နဲ့ ပြည်သူ့စစ်တပ်တွေဖမ်းမိပြီးတော့ ဟိုပင်က တပ်ရင်း ၄၀ မှာ ထိန်းသိမ်းထားတာ ယာဥ်မောင်းတွေရောဖမ်းထားတာဟုတ်တယ် နှစ်ခေါက်လုံး က ဖမ်းမိတဲ့ ယာဥ်မောင်းတွေကိုဖမ်းထားတာလို့ပြောတယ် ယာဥ်နောက်လိုက်တွေတော့မပါဘူးပြောတယ်”လို့ပြောပါတယ်။ ဖမ်းဆီးထားရတဲ့ ကားသမား ၁၃ ဦးထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေကပြောနေပေမဲ့ ဒီအခြေနေနဲ့ ပတ်သက်လို့ KNG က သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ ခုလို မြေသယ်ကားတွေကိုဖမ်းဆီးတဲ့ထဲ မိုးညှင်းမြို့နယ် ခလရ ၁၅ တပ်ရင်းနဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပူးပေါင်းပေါင်းပြီးလုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ ဒီအခြေနေနဲ့ပတ်သက်လို့ ဟိုပင် PDF ကတော့ အခုလို ပြောပါတယ်။ “ဖမ်းခံရတဲ့ရက်တွေကတော့မတူဘူး မြေသယ်ကားတွေကြီးပဲ မီးရှို့လိုက်တာလည်းရှိတယ် တပ်ရင်း ၄၀ မှာ ထိန်းသိမ်းထားတာလည်းရှိတယ် အတိအကျတော့မသိဘူး ယာဥ်မောင်းနဲ့နောက်လိုက်တွေလည်းဖမ်းခံရတယ် လူဦးရေအတိအကျတော့မသိဘူး ဖမ်းဆီးခံရတာကတော့သေချာတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ နန်းခွင်တံတားအကျော် လမ်းပိုင်းမှာဂိတ်အထိုင်ချပြီး အရပ်သားတွေကိုဖမ်းဆီးစစ်ဆေးတာတွေ အရင်ကတည်းကလုပ်ခဲ့ပေမဲ့ ဒီနှစ် ဧပြီလလောက်ကစလို့ ဂိတ်အတည်တကျအထိုင်ချတာမျိုးမဟုတ်ဘဲ အင်အားအနည်းငယ်နဲ့လက်နက်တွေကိုင်ပြီး ကားလမ်းမပေါ်ထွက်ကာရှောင်တခင်စစ်ဆေးနေတာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စည်ပင်သာယာရေးဌာနက ဦးစီးပြီးဂိတ်တွေလုပ်ကာ ငွေကြေးကောက်ခံတာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါ တယ်။ မိုးညှင်းမြို့ဟာ မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်မှာရှိတာဖြစ်ပြီး ၂၀၂၄ နှစ်ဆန်းပိုင်းကနေ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က မကြာခနဆိုသလို လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နန်းခွင်ကျေးရွာမှာလည်း ပြည်သူ့စစ်အဖွဲ့တွေဟာ ဆေးရုံမှာတပ်စွဲထားပြီး လမ်းမပေါ်ထွက်ကာ ကား၊ဆိုင်ကယ်တွေကို အခွန်ကောက်ခံတာတွေလုပ်နေတယ်လို့လည်း နန်းခွင်ဒေသခံတွေကပြောပါတယ်။  By – အမိုး

    Read More »
Back to top button