ရာသီတုပ်ကွေး
-
Sep- 2023 -4 Septemberသတင်း
မော်တိတ်စစ်ဘေးရှောင်တွေ ရာသီတုပ်ကွေးအဖြစ်များနေ
စစ်ကိုင်းဒေသကြီး အင်းတော်နယ် မော်တိတ်ဒေသ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတဲ့ပြည်သူတွေ ရာသီတုပ်ကွေးအဖြစ်များနေလာနေတယ် မော်တိတ်ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ ဒီနှစ် မတ်လကတည်းက စစ်ကောင်စီစစ်ကြောင်းတွေ မော်တိတ်ဒေသထဲမှာ ဝင်ရောက်တပ်စွဲလာတာကြောင့် တောတောင်တွေနဲ့ လယ်ခင်း၊ယာခင်းတဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေတာ ၆ လကြာမြင့်လာပြီဖြစ်တယ်လို့ မော်တိတ်ဒေသ အောင်ကုန်းရွာက ဒေသခံအမျိုးသားတစ်ယောက် KNG သတင်းဌာနကို ခုလိုပြောပါတယ်။ “ဖြစ်တာက ကလေးလူကြီးမရွေးအားလုံး ဖြစ်နေကြတာ စဖြစ်တဲ့ချိန်က ဒီသြဂုတ်လ ကုန်ပိုင်းလောက်က စဖြစ်ကြတာ မိုးရွာလိုက် နေပူလိုက်ရာသီဥတုကမမှန်တော တောင်တွေထဲဆိုတော့ဖြစ်ကြတာတစ်ယောက်ပြီးတစ်ယောက်ပါ့…
Read More » -
Aug- 2023 -16 Augustသတင်း
ရွှေကူနယ်မှာ စစ်ရှောင်ပြည်သူ ၃၀၀ ဝန်းကျင် ရာသီတုပ်ကွေးဖြစ်နေ
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များလာနေပြီး အသက်ကြီးရွယ်အိုတစ်ချို့တွေလည်းလေဖြတ်တဲ့ ရောဂါအဖြစ်များလာနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူဆီကနေ သိရပါတယ်။ အဲဒီစစ်ရှောင်ပြည်သူတွေဟာ ရွှေကူမြို့ အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်း ၂ကြောင်းခွဲပြီးဝင်ရောက်နေတဲ့အတွက် တောထဲထွက်ပြေးတိမ်းရှောင်နေရာကနေ ရာသတီဥတုဆိုးဝါးမှုအပြင် နေရာထိုင်ခင်းအဆင်မပြေမှုတွေကြောင့် ရာသတီတုပ်ကွေးအဖြစ်များလာနေတာဖြစ်တယ်လို့ စစ်ဘေးရှောင်နေရတဲ့ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ကျွန်တော်တို့ဘက်ခြမ်းက…
Read More »