စစ်ပြေးဒုက္ခသည်များသတင်း

ရွှေကူနယ်မှာ စစ်ရှောင်ပြည်သူ ၃၀၀ ဝန်းကျင် ရာသီတုပ်ကွေးဖြစ်နေ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များလာနေပြီး အသက်ကြီးရွယ်အိုတစ်ချို့တွေလည်းလေဖြတ်တဲ့ ရောဂါအဖြစ်များလာနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူဆီကနေ သိရပါတယ်။

အဲဒီစစ်ရှောင်ပြည်သူတွေဟာ ရွှေကူမြို့ အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်း ၂ကြောင်းခွဲပြီးဝင်ရောက်နေတဲ့အတွက် တောထဲထွက်ပြေးတိမ်းရှောင်နေရာကနေ ရာသတီဥတုဆိုးဝါးမှုအပြင် နေရာထိုင်ခင်းအဆင်မပြေမှုတွေကြောင့် ရာသတီတုပ်ကွေးအဖြစ်များလာနေတာဖြစ်တယ်လို့ စစ်ဘေးရှောင်နေရတဲ့ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

ကျွန်တော်တို့ဘက်ခြမ်းက ဝမ်းလျော်ဝမ်းကိုက်တော့သိပ်မရှိဘူး အခုအဖြစ်များတာက ရာသီတုပ်ကွေးတွေက တော်တော်များတယ် ကျွန်တော်တို့အရှေ့ဘက်ခြမ်းမှာပဲကို ၁၀၀ ကျော်တယ်ဗျ။ ဒုက္ခဖြစ်တာပေါ့အေး အခုချိန်က မိုးတွင်းမိုးဆိုတော့သိတဲ့အတိုင်း ပဲလေလို့ ပြောပါတယ်။

လက်ရှိထွက်ပြေးတိမ်းရှောင်နေသူတွေဟာ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက ရေလဲ၊မိုးစစ်၊ဆင်တပ်စတဲ့ကျေးရွာတွေနဲ့ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက ငဘတ်ဝ၊ဝဲမရွာ၊ဇင်းဘုံရွာစတဲ့ကျေးရွာကဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ထဲမှာ ၃၀၀ လောက်ရာသီတုပ်ကွေးဖြစ်နေပြီး သက်ကြီးရွယ်အို ၅ ဦးလည်း လေဖြတ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရွာတွေကတော့ လေဖြတ်နေတာရှိတယ်သက်ကြီးပိုင်းတွေအခု ၅ယောက်လောက်ရှိပြီ ရေလဲ၊ ဆင်တပ်ဘက်က ဖြစ်တာ တောထဲရောက်မှလေဖြတ်ကြတာ တောထဲမှာမိုးကာတဲတွေဘာတွေနဲ့နေရတချို့က အခင်းတဲထဲနေရပေမယ့် ခုချိန်ကအခင်းတဲတွေလည်း ရေလွှမ်းတာပါ့အေး အ့ကြောင့်သက်ကြီးပိုင်းတွေလေဖြတ်တာလို့ သူကပြောပါတယ်။

ဒေသခံတွေပြောဆိုတဲ့အချက်အလက်အရ လက်ရှိ ရေလှဲ၊ဆင်တပ်နဲ့ မိုးစစ်ကျေးရွာတွေထဲက အသက် ၆၀ ကျော်နှင့် ၇၀ ကျော်အသက်ကြီးရွယ်အို ၅ ဦးထက်မနည်းလေဖြတ်တဲ့ဝေဒ နာခံစားနေရတယ်လို့သိရပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ ကျေးရွာပေါင်း ၁၀ ကျော်မှာ စစ်ဘေးရှောင်ပြည်သူဦးရေ ၅၀၀၀ အထက်ရှိပြီ ရာသီတုပ်ကွေးဖြစ်နေတဲ့ လူနာ ၃၀၀ နီးပါးရှိတာကြောင့် ဆေးဝါးအကူအညီတွေလည်းလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေကဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိ ဇင်းဘုံကျေးရွာ၊ ငဘတ်ဝကျေးရွာ၊ ဆင်တပ်ရွာ၊သဘော်အင်းရွာ မိုးစစ်ကျေးရွာတွေထဲမှာ တပ်ဖြန့်ထားတာဖြစ်ပြီးကျေးရွာတစ်ရွာမှာအင်အား ၃၀ ကနေ ၅၀ အထိ တပ်စွဲထားတယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကြောင်းတွေဟာ လက်ရှိဗန်းမော်ဘက်ကိုဆန်တက်နေတဲ့ စစ်သဘော် ၉ စီးကို ရွှေကူ ၊ဗန်းမော်ကြားရေကြောင်းလုံခြုံရေးပေးဖို့ သြဂုတ် ၅ရက်နေ့လောက်ရတည်းက တက်သွားတာဖြစ်ပြီး အရပ်သားအချို့ဖမ်းဆီးခံရတာတွေလည်းရှိနေပါတယ်။

Show More

Related Articles

Back to top button