ရေကြီးရေလျှံ

  • Jul- 2024 -
    2 July
    သတင်း

    ဗန်းမော်မြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်နီးကပ်လာတဲ့အတွက်  ဒေသခံ တစ်ထောင်နီးပါးဘေးလွှတ်ရာရွှေ့ပြောင်း

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်နီးကပ်လာတာနဲ့အတူ မြေနိမ့်ပိုင်း ရပ်ကွက်ကဒေသခံတစ်ထောင်နီးပါး ဘေးလွှတ်ရာတွေမှာကြိုတင်ရွှေ့ပြောင်းနေကြရပြီလို့ လူမှုကူညီရေး အသင်းတွေဆီကသိရပါတယ်။ လက်ရှိ ဗန်းမော်မြို့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်ရောက်ရှိနေပြီး နောက်ထပ် ၆နာရီအတွင်း စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုး/ဇလက ဒီကနေ့ ညနေ ၂ နာရီခွဲမှာပဲ ထုတ်ပြန်ထားပါတယ်။ ဗန်းမော်မြို့နယ်အတွင်းမှာတော့ ရေဘေးရှောင်ရန်အတွက်လို့ဆိုကာ စခန်း ၄ ခုလောက်ပြင်ဆင်ထားပြီး လက်ရှိမြေနိမ့်ပိုင်းရပ်ကွက်က ဒေသခံတစ်ထောင်လောက်ရွှေ့ပြောင်းလာကြပြီလို့ သုညသုခပရဟိတ လူငယ်အသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ကျနော်အခုလာခဲ့တဲ့စခန်းကပဲကို လူဦးရေ ၄၀၀ လောက်ရွှေ့ပြောင်းလာခဲ့ပြီ။ အနိမ့်ပိုင်းရပ်ကွက် တွေကပဲပေါ့။ ရေတွေတော့ဝင်တာတွေရှိတယ်။ ဗန်းမော်ရဲ့စိုးရိမ်ရေအမှတ်ကိုလည်းရောက်နေပြီ။ ခန်းမှန်းဆိုရင် ၁ ထောင်ကျော်လောက်ပြီ ဘာလို့ဆို ကျနော်ရောက်ခဲ့တဲ့ စခန်းကပဲ လူဦးရေ ၄၀၀ ဆိုတော့ လေ” လို့ပြောပါတယ်။ တစ်ဖက်မှာ ဒီကနေ့ နေ့လည် ၁၂ နာရီနောက်ပိုင်းကစလို့ ဗန်းမော်မြို့ပေါ်က ကျောင်းတွေတစ်ချို့ကို ပိတ်ထား ရသလို အဲ့ဒီကျောင်းတွေမှာလည်း ရေဘေးရှောင်လာတဲ့ဒေသခံတွေတည်းခိုးဖို့လုပ်ဆောင်သွားမယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။ မြစ်ကြီးနားမြို့ဧရာဝတီမြစ်ရေကျလာတာနဲ့အမျှ အောက်ဘက်ပိုင်းဖြစ်တဲ့ ဗန်းမော်မြို့နယ်ဟာ ရေကြီး ရေလျှံဖြစ်လေ့ရှိတာဖြစ်ပြီးတော့ အဲ့ဒီအတွက်လည်း အချိန်မှီပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ “ ဒီမှာက မြစ်ကြီးနားမြစ်ရေကျတာနဲ့ပုံမှန်တက်တယ်လေနော် ဒါ့ကြောင့် ကြိုတင်ပြီးတော့ သုံးဘီးတွေ ကားတွေနဲ့ လောစပီကာတွေတင်ပြီးလိုက်အော်ရတာပေါ့ သူတို့ရွှေ့လာပြီဆိုရင် ရေဘေးရှောင်စခန်းတွေမှာ နေရာချနေတာပေါ့” လူမူကူညီရေးအသင်းတာဝန်ခံက ဒေသခံတစ်ယောက်ကပြောပါတယ်။ ဗန်းမော်မြို့နယ်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၁၅၀ စင်တီမီတာဖြစ်ပြီး အန္တရာယ်ရေအမှတ်ကတော့ ၁၂၄၅ စင်တီမီတာ ဖြစ်ပါတယ်။ လက်ရှိတော့ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ၁၁၂၆ စင်တီမီတာရှိပြီလို့ ဒီကနေ့ ညနေ ၂ နာရီခွဲမှာ ထုတ်ပြန်ထားသလို ပြီးခဲ့တဲ့ နှစ်ပေါင်း၂၀ (၂၀၀၄ ခုနှစ်) တုန်းကတေ့ ဧရာဝတီမြစ်ရေ ၁၃၃၈ စင်တီမီတာ အထိမြင့်တက်ခဲ့ဖူးပါတယ်။ By – အမိုး

    Read More »
  • 2 July
    သတင်း

    မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေကျနေပြီဖြစ်လို့ အောက်ဘက်ပိုင်းကမြို့တွေ ကြိုတင်ပြောင်းရွှေ့တာတွေ လုပ်ဖို့ မိုး/ဇလ အသိပေး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေတစ်နာရီကို ၄ လက်မနှုန်းနဲ့ကျနေပြီဖြစ်လို့ ဧရာဝတီမြစ်အောက်ဘက်ပိုင်းမြို့တွေက ဒေသခံတွေကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့ ကချင်ပြည်နယ် မိုး/ဇလ ဦးစီး အရာရှိကအသိပေးထားပါတယ်။ ဧရာဝတီမြစ်ရေဟာ မနေ့က ည ၉ နာရီခွဲအထိကို စိုးရိမ်ရေအမှတ် ၆ ပေခွဲအထိရှိခဲ့တာဖြစ်ပြီးတော့ ဒီကနေ့ မနက် ၇ နာရီ စိုးရိမ်ရေအမှတ် လေးပေခွဲဝန်းကျင်အထိဆက်ရှိနေပြီး တစ်နာရီကို ၄ လက်မနှုန်းနဲ့ မြစ်ရေပြန် ကျနေတယ်လို့ မိုး/ဇလ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဆက်ကျလာတာနဲ့အတူ အောက်ဘက်ပိုင်းက မြို့တွေဖြစ်တဲ့ ထီးချိုင့်၊ ကသာ၊ ရွှေကူ၊ ဗန်းမော်၊ တကောင်း ၊ မန္တလေးနဲ့ စစ်ကိုင်း စတဲ့မြို့တွေက ဒေသခံတွေ ကြိုတင်ပြင်ဆင်တာ တွေလုပ်ကြဖို့ မိုး/ဇလက အသိပေးထားပါတယ်။ ဒါ့ကြောင့် ကသာဒေသခံတစ်ယောက်ကို KNG က ဆက်သွယ်မေးမြန်းတဲ့အခါ မြစ်ရေအရှိန်နဲ့တက်လာနေပြီး မြေနိမ့်ပိုင်းရပ်ကွက်ကဒေသခံတွေတော့ ရွှေ့ပြောင်းနေကြပြီလို့ အခုလိုပြောပါတယ်။ “ရေကတော့ အရှိန်တော့နည်းနည်းပါလာခဲ့ပြီ။ မြစ်ကြီးနားကျမယ်ဆိုရင်တော့ ကျနော်တို့ စိုးရိမ်ရေ အမှတ် တော့ရောက်နိုင်မယ့်အနေအထားအများကြီးရှိတယ်။ အခြေနေလောလောဆယ်တော့ အောက်ဘက် ပိုင်းက ဒေသခံတွေ ရွှေ့ပြောင်းနေတာမျိုးတော့ရှိလာပြီ“လို့ပြောပါတယ်။ တစ်ဖက်မှာ နှစ်ရက်တာ ရေဘေးအန္တရာယ်ကြုံခဲ့ရတဲ့ မြစ်ကြီးနားမြို့မှာတော့ ကူညီကယ်ဆယ်ရေးတွေ ဆက်တိုက်လုပ်ဆောင်နေရသလို ရေကြီးခဲ့တဲ့ရပ်ကွက်တွေမှာ အင်တာနက်၊ ဖုန်းလိုင်းမရတဲ့အပြင် မီးကတော့ မြစ်ကြီးနားမြို့တစ်မြို့လုံးပြတ်တောက်နေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့မှာ မိုးလည်းဆက်ရွာနေသလို ရပ်ကွက်တစ်ချို့တွေမှာတော့ ရေတွေဆက်ဝပ်နေပြီး မြစ်ကြီးနားမြို့အခြေနေနဲ့ပတ်သက်လို့ ဒေသခံတစ်ယောက်က အခုလိုဆက်ပြောပါတယ်။ “မြို့ထဲသွားကြည့်ရသလောက်ကတော့ စီတာပူမနောကွင်းဘက်က မနေ့က ရေတွေအရမ်းကြီးထားတော့ ဒီနေ့လည်းသွားလို့မရဘူးထင်လို့ တပ်ကုန်းလမ်းမကြီးတစ်လျှောက်ပဲလာခဲ့လိုက်တယ်။အဲ့ကနေလာရင်းနဲ့ လမ်းမှာ ဂေါက်ကွင်းရဲစခန်းရှေ့ကရယ် အထက ၂ အဲ့နားတွေကတော့ ဒူးကျော်ကျော်လောက်ရေရှိသေး တယ်။ ကျနော်သွားတဲ့ လမ်းတစ်လျှောက်တော့ အပျက်အစီးတွေမတွေ့ရသလောက်ပဲ။သစ်ပင်လဲတာတို့ တော့ရှိတယ်။ အခုတော့မိုးကရွာနေတယ်။ အရမ်းတော့မရွာဘူး” လို့ပြောပါတယ်။ တစ်ဖက်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဘက်မှာလည်း မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် ဥရု ချောင်းရေမြင့်တက်လာပြီးတော့ မနေ့က နေ့လည် ၁နာရီလောက်ကစလို့ ရပ်ကွက်တစ်ချို့ ရေကြီး ရေလျှံ မှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၄၀၇ cm ၊ ၁၉၉၇ ခုနှစ်တုန်း က စိုးရိမ်ရေအမှတ် ၁၄၁၁ cm အထိ မြစ်ရေမြင့်တက်ခဲ့ဖူးပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာတော့ ဧရာဝတီမြစ်ရေက စိုးရိမ်ရေအမှတ် ၁၄၀၄ cm အထိ တက်ခဲ့တာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Jun- 2024 -
    30 June
    သတင်း

    မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တယ်လို့ ပြည်နယ်မိုးဇလသတိပေး

    ကချင်တစ်ပြည်နယ် မြစ်ကြီးနားမြို့မှာ အခု နှစ်မိုးရာသီရဲ့ဧရာဝတီမြစ်ရေမှတ်ဟာ စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တယ်လို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မြစ်ကြီးနာမြို့မှာ မနေ့ကနေ ဒီကနေ့ နေလည်ပိုင်းအထိ ဧရာဝတီမြစ်ရေဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဒီညပိုင်း စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာရောက်ရှိနိုင်တယ်လို့ ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးအရာရှိ ဦးနိုင်လင်းထွေး …

    Read More »
  • 24 June
    သတင်း

    ရေကြီးရေလျှံဖြစ်နေတဲ့ နောင်ဟီးကျေးရွာစစ်ဘေးရှောင်များ နေရာအခက်ခဲဖြစ်နေ

    ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာစစ်ဘေးရှောင်နေတဲ့ နောင်ဟီးစစ်ဘေးရှောင်စခန်းထဲ မိုးရေဝင်ရောက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ နောင်းဟီးစစ်ရှောင်ပြည်သူတွေကပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင်ကနေ အင်ဂန်းရွာတစ်ဝိုက်မိုသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေတွေက နောင်ဟီးပြည်သူတွေတိမ်းရှောင်နေတဲ့  စစ်ရှောင်စခန်းထဲအထိ ရေဝင်ရောက်ခဲ့တဲ့အပြင် မိုးကာတဲအမိုးကနေ မိုးရေတွေယိုစိမ့်ပြီး ထမင်းချက်စားတဲ့ နေရာအထိ ရေနစ်မြှုပ်တာတွေကြုံတွေ့နေရတယ်လို့ နောင်ဟီး စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “မိုးတွေလည်းယိုတယ် မိုးကာနဲ့ဘဲ လုပ်ထားတော့ တချို့မိုးကာတွေက အရည်အသွေးမကောင်းတော့ အသစ်ဆိုရင်တောင်ယိုတယ် ကျွန်တော်တို့မှာ လိုအပ်နေတဲ့ အရာတွေဆိုပြောလိုတောင်ကုန်မှာမဟုတ်ဘူး”လို့ ဆိုပါတယ်။ လက်ရှိ နောင်ဟီးကျေးရွာပြည်သူတွေ ဆောက်လုပ်ထားတဲ့စစ်ရှောင်စခန်းဟာ ဘောလုံးကွင်းပြင်လိုမျိုးဖြစ်နေပြီး မြေနိမ့်ပိုင်းမှာဆောက်ထားတဲ့အတွက် အခုလိုမိုးရွာသွန်းချိန်တိုင်း ရေကြီးရေလျှံမှု မကြာခဏကြုံတွေ့နေရသလို ဒီတစ်ကြိမ်ဟာအဆိုးရွားဆုံးဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။  စစ်ဘေးရှောင်တွေဟာ မိုးရေတွေကြောင့် အမိုးအကာပျက်စီးတာ၊ နေရာထိုင်ခင်း၊ အစားသောက်အပြင် သောက်ရေ၊ သုံးရေကအစ ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်…

    Read More »
  • May- 2024 -
    30 May
    သတင်း

    မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေမြင့်တက်လာလို့ လူဦးရေ ၄၀၀ ကျော် ညတွင်းချင်းနေရာရွှေ့ပြောင်းရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေမြင့်တက်လာတဲ့အတွက် မြို့ပေါ်ကမြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်နေလို့ နေအိမ်တစ်ချို့ဘေးလွှတ်ရာကိုရွှေ့ပြောင်းနေရတယ်လို့ လူမှုကူညီရေးအသင်း အဖွဲ့တွေဆီကသိရပါတယ်။ ဧရာဝတီမြစ်ရေဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကစလို့တစ်ဖြည်းဖြည်းမြင့်တက်နေတာဖြစ်ပြီး မနေ့ကညပိုင်း ၁၀ နာရီလောက်မှာတော့ ရေတက်နှုန်းမြန်လာတဲ့အတွက် ညတွင်းချင်းဒေသခံတွေနေရာပြောင်းရွှေ့ခဲ့ရတယ်လို့ ဧရာဝတီဂရုဏာအခမဲ့လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ “ရွှေ့ပြောင်းရတာကတော့ လူနေအိမ်တော်တော်များတယ် လူအရေအတွက်က ၄၀၀ လောက်ရှိတယ်/ ဒီရပ်ကွက်တွေက မြေနိမ့်ပိုင်းတွေ ကျနော်တို့စကယ်တုန်းက ခါးလောက်ရှိတယ်အဲ့ဒီကနေ ရင်ဘတ်လောက် ထိရောက်လာတာ “ လို့ပြောပါတယ်။ ဧရာဝတီဂရုဏာလူမှုကူညီရေးအသင်းအဖွဲ့အပါအဝင် မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကူညီရေးအသင်းတော် တော်များများကညတွင်းချင်းကယ်ဆယ်ရေးတွေလုပ်ခဲ့ရပြီး ၅ နာရီကြာကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရတယ် လို့သိရပါတယ်။ ရေဝင်ရောက်တဲ့ရပ်ကွက်တွေကတော့ အနောက်လယ်ကုန်းရပ်ကွက်၊ ရမ်ပူရပ်ကွက် နဲ့ ကြက်ပေါက်ခြံ ရပ်ကွက်တို့ဖြစ်ပြီး နှစ်စဥ်ရေကြီးလေ့ရှိတဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်ပါတယ်။ အခုလို မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်လေ့ရှိတာ နှစ်စဥ်ပုံမှန်ဖြစ်နေပြီဖြစ်ပြီး ဒီနှစ်မှာတော့ လူနေအိမ်ခြေတွေ မြင့်တက်လာတဲ့အတွက် ရွှေ့ပြောင်းကယ်ဆယ်ရတာပိုကြာသွားတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီကနေ့ မေလ ၃၀ ရက်နေ့မှာတော့ မြစ်ရေကအနည်းငယ်ပြန်ကျသွားပြီဖြစ်ပြီး လက်ရှိအခြေနေကို မြစ်ကြီးနားမြို့ခံတစ်ယောက်ကအခုလိုပြောပါတယ်။ “ တစ်နေ့ကတည်းကမြစ်ရေကစတက်တာ မနေ့ကတော့တော်တော်လေးတက်လာတာ ကျနော်တို့ မန်ခိန် ဘက်မှာ တောင် ကမ်းပါးရောက်ဖို့တောင်လူတစ်ရပ်လောက်ပဲလိုတယ်။ ဒီနေ့တော့နည်းနည်းကျသွား တယ်။ မနေ့ကတော့ မြို့ထဲမြေနိမ့်ပိုင်းရပ်ကွက် တိရစ္ဆာန်တွေရောဆွဲထုတ်ခဲ့ရတယ်ကြားတယ်။”လို့ပြောပါတယ်။  ဧရာဝတီမြစ်ရေမြင့်တက်လာတာနဲ့အတူ မြစ်ကြီးနားမြို့မှ ရေဝင်နိုင်တဲ့လမ်းကြောင်း ၈ ခုထိရှိတာ ဖြစ်ပြီး လယ်ကုန်း၊ ဇီးလွန်၊ ကျွန်းပင်သာ၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ကွက်သစ်၊ စီတာပူ စတဲ့ရပ်ကွက် တွေပဲဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ကချင်ပြည်နယ်ချီဖွေမြို့မှာလည်း ရေကြီးရေလျှံဖြစ်ပေါ်နေပြီး ရေဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ စစ်ရှောင်ပြည်သူများအတွက် အကူအညီများလိုအပ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကိုင်းနဲ့ကချင်အစပ် နာဂဒေသ လဟယ်မြို့နယ်တွေမှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပြိုတာတွေကြောင့် နေအိမ်မျှောပါသွား တဲ့အခြေနေတွေပါဖြစ်နေတယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • May- 2023 -
    27 May
    သတင်း

    ဖားကန့် ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းစဉ် နှောင့်နှေးမှု ရှိနေ

    ဖားကန့် ရေကြီးရေလျှံမှု အန္တရာယ်ကိုကာကွယ်ရန်အတွက် ဥရုချောင်းရှင်းလင်းရေးကို ပြီးခဲ့သော ဧပြီလပိုင်းမှ စတင်ခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများကြား ညှိနှိုင်းဆောင်ရွက်မှုနေရသောကြောင့် နှောင့်နှေးကြန့်ကြာမှုဖြစ်ပေါ်စေသည်ဟု သိရသည်။ ယန္တရားနှင့် အင်အားအသုံးပြုခွင့်နည်းပါးသည့်အတွက် အဓိက ရေကြီးရေလျှံ ဖြစ်ပေါ်စေနိုင်သော ၉ နေရာတွင်သာ အဓိကထား လုပ်ဆောင်နေသည်ဟု ချောင်းရှင်းလင်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “အရင်နှစ်တွေထက်စာရင်…

    Read More »
  • Sep- 2022 -
    9 September
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    နောင်မွန်တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ပျက်ဆီးသွားသည့် လယ်ယာမြေတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်

    ပူတာအိုခရိုင် နောင်မွန်မြို့တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးမြေ ဧက ၂၀ ကျော်အထိ ထိခိုက်ပျက်စီးသွားပြီး ထိုပျက်စီးသွားသည့် လယ်ယာမြေယာတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်လိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ နောင်မွန်ဒေသတွင် စက်တင်ဘာ လဆန်းပိုင်းအတွင်းမှ မိုးသည်းထန်ရွာစွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်…

    Read More »
Back to top button