ရေဘေးသင့်

  • Jul- 2024 -
    17 July
    သတင်း

    ရေဘေးကြောင့် နေအိမ် ၈၀ ကျော်ပျက်စီးသွားတဲ့ မြစ်ဆုံဒေသ ခန်းပူရွာပြည်သူတွေ ကူညီလိုအပ်နေ

    မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ ခန်းပူ(Hkang Pu)ကျေးရွာက နေအိမ် ၈၀ ဝန်းကျင်ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေပါတယ်။ ဖုန်းအင်တာနက် ဆက်သွယ်ရေးလိုင်းခက်ခဲပြီး သွားလာရေးအခက်ကြောင့် အကူအညီတွေမရောက်ရှိနိုင်သေးတဲ့ နေရာတွေထဲမှာ ခန်းပူကျေးရွာလည်းတစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိမှာ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေ အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အိမ်ပျက်စီးသွားတဲ့သူတွေလည်း ဘာမှမလုပ်ယူနိုင်သေးဘူး။ အိမ်ခြေ ၆ ခုက အစကနေ အိမ်ပြန်ဆောက်လုပ်ယူရတော့မယ်။ လောလောဆယ်ဖျားနာတာတွေလည်း အများပိုင်းဖြစ်နေတယ်။ ဆေးဝါးလည်းခက်ခဲတယ်။ ရေဘေးကြုံပြီး အခု ၂ ပတ်ကျော်ထိဆိုရင် ဆန်၊ဆီဆား ကူညီမှု ၂ ဖွဲ့တော့ရောက်တယ်။ ခန်းပူလိုင်းမမိတော့ ရေဘေးကြုံနေတဲ့အချိန်လည်းဘယ်သူနဲ့မှ ချိတ်ဆက်မှုမရဘူး။”လို့ ခန်းပူကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။  မြစ်ဆုံဒေသ ဧရာ၀တီမြစ်ကမ်းဘေးရှိ ခန်းပူကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အထဲ အိမ်ခြေ ၈၈ က ရေဘေးကြောင့် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အိမ်ခြေ ၆ ခုက နေအိမ်တစ်ခုလုံး ရေထဲမျှောပါသွားတာနဲ့ ပျက်စီးသွားတာတွေရှိတာကြောင့် လက်ရှိ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတဲ့အပြင် ရေကြီးပြီးနောက် ကျန်းမာရေးထိခိုက်တဲ့သူတွေလည်းရှိနေပြီး ဆေးဝါးအခက်အခဲတွေလည်း အခက်ကြုံနေတယ်လို့ ပြောပါတယ်။ “လမ်းတံတားတွေလည်းပျက်စီးသွားပြီဖြစ်တာကြောင့် သွားလာရေးခက်ခဲတယ်။ မီးတိုင်တွေလည်း ကျိုးသွားလို့ မီးလည်းခက်တယ်။ အစားအသောက်နဲ့ ဆေးဝါးတွေ အရမ်းခက်နေတယ်။ အကူအညီတွေလည်း အပြင်ဘက်ကနေ သီးသန့်ဘယ်သူမှ မရောက်နိုင်ဘူး။ အခုက ပြန်လည်ထူထောင်ရေး အဓိက လိုအပ်နေတယ်။ ဒီရွာက ရွာပြင်ဖြစ်တာကြောင့် အားလုံးသိရှိနိုင်ဖို့ခက်တယ်။ ပြီးရင်ရောက်ရှိနိုင်ဖို့ခက်တာကြောင့် မရောက်ရှိသလောက်ဖြစ်နေတယ်။” လို့ သူမက ဆက်ပြောပါတယ်။ လက်ရှိ ရေဘေးအန္တရယ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့နေအိမ်တွေမှာ နေလို့မရတော့တဲ့သူတွေရှိသလို ၊ အိမ်အလုံးလိုက်မရှိတော့တဲ့သူတွေဟာ နီးစပ်ရာ အသိ၊ဆွေမျိုးတွေနဲ့ အဆောက်အဦးတွေမှာ ယာယီခိုလှုံနေကြသေးတယ်လို့ ပြောပါတယ်။ မြစ်ဆုံဒေသ မလိယန်ကျေးရွာနဲ့ ခန်းပူကျေးရွာဟာ ရေကြီးပြီး နေအိမ်တွေထိခိုက်ပျက်စီး၊ ဆုံးရှုံးမှုအဆိုးဆုံးကြုံတွေ့ရတဲ့ကျေးရွာတွေထဲက အပါအဝင်ဖြစ်ပါတယ်။ တစ်ဖက်မှာ မြစ်ဆုံအထက် ဆွမ်ပရာဘွမ်သွားလမ်းပေါ် တယန်ဇွပ်ကျေးရွာမှာလည်း လမ်းခရီးအခက်အခဲကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေမရောက်ရှိနိုင်သေးသလို ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ အိမ်ခြေများစွာရှိနေတာဖြစ်ပါတယ်။ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေထဲ ရေဘေးအန္တရယ်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိနေပေမဲ့ တစ်ဖက်မှာ လမ်းခရီးအခက်အခဲကြောင့် မရောက်ရှိနိုင်သေးတဲ့ ကျေးရွာတွေရှိနေသလို  အင်တာနက်အခက်ခဲကြောင့် လူသိရှိသူနည်းပြီး ဒုက္ခရောက်နေသူတွေ များစွာရှိနေပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 12 July
    သတင်း

    ရေဘေးသင့်ခဲ့တဲ့ ဝိုင်းမော်မှာ နေအိမ်ပျက်စီးမှုတွေများပြားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ရေဘေးသင့်ခဲ့တဲ့ကျေးရွာတစ်ချို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်ရာမှာ ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေ ကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကနေစပြီး ဧရာဝတီမြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ဝိုင်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အမြင့်ပိုင်းကျတဲ့ရပ်ကွက်တစ်ချို့ပါရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး နေအိမ်၊အိမ်သာအများအပြား ထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်။ “ဝိုင်းမော်မြို့ထဲမှာဆိုရင်တော့ ရပ်ကွက်၅အထိရှိတယ်။ ဝိုင်းမော်မြို့ထဲကရေဘေးသင့်ပေမဲ့ အဲ့လောက်ထိ အခက်အခဲမရှိဘူး။ အဓိကကတော့ခတ်ချိုရွာပဲ ရွာသူရွာသားတွေတော်တော်လေးဒုက္ခရောက်ကြတယ်။ အိမ်သာတွေအားလုံးမျှောပါသွားတာတွေရှိတယ်။ အိမ်ခြံစည်းရိုးတွေရောပေါ့။ အခုက သန့်ရှင်းရေးလုပ် တာတွေလည်းခက်ခဲနေကြတယ်။” လို့ဝိုင်းမော်မြို့နယ်ထဲက လူမှုကူညီရေးအသင်းတစ်ဖွဲ့ကတာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။ အထူးသဖြင့်တော့ ဝိုင်းမော်မြို့နယ်မြစ်ကမ်းဘေးကရွာတွေရပ်ကွက်တွေရေဘေးသင့်ခဲ့ရပြီး ခတ်ချိုရပ်ကွက် နဲ့ နောင်တာလောကျေးရွာတို့မှာ နေအိမ်၊အဆောက်အဦးတစ်ချို့ပျက်စီးမှု နဲ့ မျှောပါသွားတာတွေပါရှိခဲ့တယ် လို့ နောက်ထပ် ဝိုင်းမော်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “နေအိမ်တွေပါသွားတာကတော့ နောင်တာလောဘက်ပဲ ပြီးတော့ ခတ်ချိုဘက်ကပျက်စီးဆုံးရှုံးမှုတွေ များတယ်။ ရေဘေးကိုအဓိကကြုံတာက ခတ်ချိုပဲ ဘာလို့လဲဆိုတော့ရေလမ်းကြောင်းနဲ့ကွက်တိဖြစ်နေလို့ ထူထောင်ရေး တွေလည်းအခုမှကြိုးစားကြတုန်းပေါ့ ခတ်ချိုဘက်ဆို ကားအသေးနဲ့ဆိုမနည်းရုန်းရတယ်။ အခုကတော့ကိုယ်ထူကိုယ်ထနဲ့ပဲ သောက်ရေတို့ဘာတို့နဲ့ထမင်းထုပ်တွေတော့လာကူကြပါတယ်”လို့ပြောပါတယ်။ ဝိုင်းမော်မြို့ပေါ်ကရပ်ကွက်တစ်ချို့နဲ့ ကျေးရွာတစ်ချို့ကတော့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့ ပျက်စီး ဆုံးရှုံးမှုကြီးကြီးမားမားမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ရေတက်တဲ့ကာလအတွင်းမှာ ဒေသခံတွေဟာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်းမရှိတဲ့အတွက် အကူအညီတစ်စုံတစ်ရာမရကြသလို တစ်ချို့ဒေသခံတွေဆိုရင်ရေမကျမချင်းအိမ်ခေါင်မိုးပေါ်မှာပဲ နေထိုင်ခဲ့ရသူတွေပါရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ရေကျပြီးတဲ့ကာလမှာလည်း ပြန်လည်ထူထောင်ရေးအတွက်အကူညီများစွာလိုအပ်နေပြီး ရေကြီးပြီးခံစားရတဲ့ ကျန်းမာရေးပြဿနာကိုလည်း ဒေသခံတွေရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အခုလောလောဆယ်တော့ ကျန်းမာရေးပဲပြန်ဖောက်နေကြတယ်။ ရေကြီးပြီးနောက်ပိုင်း ဝမ်းလျှော ဝမ်းပျက်ပြဿနာကတော့ဖြစ်နေကျပဲလေ။ အိမ်သာတွေဆိုလည်း ပြန်လုပ်ရမယ်။ တော်တော်များများ ဖြစ်ကြတယ် ကျန်းမာရေးပြဿနာက “လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ ရေဘေးသင့်ဒဏ်ကြောင့်ဆုံးရှုံးမှုကြီးခဲ့တဲ့ မြစ်ကြီးနားမြို့တစ်ဖက်ကမ်းမှာပဲတည်ရှိ တာဖြစ်ပြီး မြစ်ကြီးနားမြို့လိုပဲ ရေဘေးသင့်ဒဏ်ကြောင့်ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းအခက်အခဲတွေကြောင့်အကူညီတွေမရပဲ ဆုံးရှုံးမှုမှန်သမျှကို ကိုယ်ထူ ကိုယ်ထပဲလုပ်ဆောင်နေကြရတာလို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းအဖွဲ့တွေကဆိုကြပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ ပြီးခဲ့တဲ့ မတ်လကနေ ရေမကြီးခင်ကာလတွေအထိ စစ်ပွဲကြောင့်ဒေသခံတွေ ကြောက် လန့်နေခဲ့ကြရသလို တစ်ချို့ဘေးလွှတ်ရာတွေပါထွက်ပြေးခဲ့ကြရပြီး ရေဘေးဒဏ်ပါထပ်ပြီးကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 4 July
    အင်တာဗျူး

    ဧရာဝတိီမြစ်ရေစံချိန်ကျော်မြင့်တက်ခဲ့တဲ့ မြစ်ကြီးနားမြို့ အခြေနေဘယ်လိုရှိနေလဲ

    ရေဘေးသင့်ခဲ့တဲ့ မြစ်ကြီးနားနဲ့ဝိုင်းမော်မြို့နယ်တွေမှာ ဖုန်းအင်တာနက်လိုင်းအားလုံးပြတ်တောက်နေတဲ့အပြင် စက်သုံးဆီအခက်ခဲတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်သူတွေအခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစပြီးဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာထက် ၆ ပေကျော်မြင့်တက်ခဲ့ပြီး တစ်မြို့လုံးနီးပါးရေဘေးဒဏ်ကြုံခဲ့ပါတယ်။  ရေဘေးကြုံခဲ့ရတဲ့ မြစ်ကြီးနားမြို့ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ အဘက်ဘက်ကအခက်အခဲတွေကြုံနေရ တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။ မြစ်ကြီးနားမြို့က ရပ်ကွက်တစ်ချို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညကနေ တနင်္လာနေ့ညအထိ ဧရာဝတီမြစ်ရေ မြင့်တက်ကာရေကြီးရေလျှံမှုတွေကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိတော့ ဧရာဝတီမြစ်ရေကကျသွားပြီဖြစ်ပေမဲ့လည်း ရပ်ကွက်တစ်ချို့ရေဝပ်နေဆဲဖြစ်ပြီးတော့ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်လည်းအခက်ကြုံနေရ မြစ်ကြီးနားမြို့ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ တက်ကြွလူငယ်တစ်ဦးကို KNG သတင်းဌာနကနေ မေးမြန်းထားပါတယ်။ မေး–မြစ်ကြီးနားမြို့ အခြေနေလေးသိပါရစေ။ ဖြေ – မြစ်ကြီးနားမှာ အားလုံးသိတဲ့အတိုင်းဘဲ ရေတော့ကျသွားပြီ  ဒါပေမယ့် ကြက်ပေါင်ခြံ၊ အနောက်လယ်ကုန်း၊ဇိီးလွန်၊မြင့်ငြိမ်းအေး ရပ်ကွက်တွေမှာ တော်တော်လေးရေများနေသေးတယ်။ အဲမှာပြည်သူတွေအများကြီး ဒုက္ခရောက်နေကြတယ် ကယ်ဆယ်ရေးလုပ်တဲ့သူတွေလည်း အဲဘက်ကိုအများပိုင်းမရောက်ကြဘူး။ မေး– ပြည်သူတစ်ချို့ပိတ်မိနေသေးတယ်လို့ ဆိုလိုချင်တာလား။ ဖြေ – ဟုတ်တယ် အနောက်လယ်ကုန်း နယ်မြေ ၁၄ မှာဆိုရင်တစ်ရပ်ကွက်လုံးနီးပါး ရေဝပ်နေသေးတယ်  ရေကတစ်ချို့နေရာမှာဆိုရင် လူတစ်ရပ်ကျော်ရှိတယ်။ အဲဘက်ကို ကူညီတဲ့သူတွေသိပ်မတွေ့ရဘူး ရမ်ပူရော အတူတူဘဲ မြေနိမ့်တဲ့ဘက် ဇီးလွန်ရော လာကူညီသူတွေကို သိပ်မတွေ့ရဘူး။ အများပိုင်းက စီတာပူလိုရပ်ကွက်တွေမှာဘဲ ကူနေကြတာတွေ့တယ် ပိုခက်ခဲနေသေးတဲ့သူတွေများကြီး ရှိနေသေးတယ်။ မြစ်နဲ့နီးတဲ့ရပ်ကွက်တွေက တော်ရုံတော့ရေမခန်းလောက်ဘူး ပြည်သူတော်တော်များများပိတ်မိနေသေးတယ်။ မေး– ခုမြင်တွေ့ရတဲ့အတိုင်းဆိုရင် ရေဝပ်နေသေးတဲ့ရပ်ကွက်တွေမှာ ဘယ်လိုအခြေနေရှိနေလဲ။ ဖြေ – တော်တော်ဆိုးတယ် ကျွဲ၊နွား၊တိရိစ္ဆာတွေလည်းသေထားတော့ အနံ့တွေကထွက်လာပြီ ဒါအမြန်မရှင်းလိုက်နိုင်ရင် နောက်ထပ် ၃ရက်လောက်ဆိုရင်တော့ အဲကပြည်သူတွေ ဝမ်းပျက်၊ဝမ်းလျှောဖြစ်ပြီး ဖျားကြတော့မှာ ခုတောင်ဖျားတဲ့သူတွေရှိနေပြီ။ ပြီးတော့ တစ်ချို့ဆို အိမ်အလုံးလိုက်ပါသွားတာ၊ခြံစည်းရိုးလည်းတွေလည်း အားလုံးပါသွားတာတော်တော်လေးများတယ် တိရိစ္ဆာသေထားတဲ့အနံ့ကထွက် ရေကလည်းဝပ်နေသေးတော့ တော်တော်လေးဒုက္ခရောက်နေကြတယ်ဗျာ။သက်ကြီးရွယ်အိုတွေ ကလေးတွေ၊ ခွဲစိတ်လူနာတွေလည်း များကြီးရှိနေတယ်။ ရေကျသွားတဲ့အိမ်တွေကလည်း နှုံးတွေပြည့်တော့ ဒီနှုန်းတွေကိုထုတ်လိုက်ဖို့ကလည်း မလွယ်ကြဘူး မီးကမလာနဲ့ဆိုတော့ အရမ်းခက်နေကြတယ် ပြန်လည်ထူထောင်ရေးတော့မလွယ်လောက်ဘူး။  မေး– ဘာလို့ဒီရပ်ကွက်တွေမှာ ကယ်ဆယ်ရေးထိထိရောက်ရောက်မလုပ်နိုင်တာလဲ ရေကြီးတဲ့နေ့ကလည်း ကြက်ပေါင်ခြံဘက်က ပိတ်မိနေသူပိုများတယ်ဆိုတာ သိရတယ်။ ဘာကြောင့် ဒီဘက်ကို မရောက်ကြတာလဲ။ ဖြေ – အများပိုင်းက စီတာပူရပ်ကွက်ကို Focus လုပ်ကြတယ်။ ကြက်ပေါင်ခြံ၊လယ်ကုန်း၊ဇီးလွန်ဘက်တွေကျတော့  သိပ်မရောက်ကြဘူး။ ကျနော့်အထင်ပြောရရင် ရေကြီးတဲ့နေ့ဆိုလည်း အဲဘက်ရပ်ကွက်တွေက ရေစီးလည်းအရမ်းသန်တယ် တော်ရုံလှေနဲ့သွားလို့မရဘူး မျှောသွားမှာ။ နောက်ပြီးတော့ လှေရှိလည်း ဆီမရှိတဲ့ဒုက္ခတွေရှိတော့ ထိထိရောက်ရောက်မလုပ်နိုင်တာဟုတ်တယ်။ ပြီးရင် ရေကြီးတဲ့နေ့ကလည်း ကျနော်တို့ဆီကိုလည်း အဝင်ခေါ်က နှစ်ထောင်လောက်ရှိတယ် ဒါပေမယ့်လည်း ဘာမှမလုပ်ပေးနိုင်ဘူး ကျနော်တို့အားနဲ့လက်လှမ်းမှိီသလောက်ဘဲလုပ်ပေးနိုင်တယ်။  မေး–ခုကော ကယ်ဆယ်ရေးလုပ်ဖို့  အဓိကဘာတွေခက်ခဲနေကြလဲ။ ဖြေ – ရေကြီးတုန်းကလည်း ကျနော်တို့ဆီကို ဖုန်းအဝင်ခေါ်ထားတာ ၂ ထောင်လောက်ရှိတယ်။ဒါပေမယ့် ကျနော်တို့ဘက်က လှေမရှိတာနဲ့စက်သုံးဆီအခက်ခဲနဲ့ဆိုတော့ ကြက်ပေါင်ခြံရပ်ကွက်လိုဆို ရေစီးအရမ်းသန်တယ် ကျနော်တို့အာ့လောက်ထိ မသွားနိုင်ခဲ့ဘူး ဒီနေရာတွေက အစိုးရကနေ အနီရောက်စီမံချက်နဲ့ကိုလုပ်ရမယ့်နေရာဟုတ်တယ်။ဒါပေမယ့် လုပ်သလားမလုပ်ဘူးလားလည်း ကျနော်တို့မမြင်ရဘူး။ ခုရေကျသွားပြီးနောက်မှာလည်း အတူတူဘဲ ခုနပြောတဲ့ရပ်ကွက်တွေမှာကယ်ဆယ်ရေးအထူးလုပ်ပေးနေတာလည်းမတွေ့ရဘူး။ ပိုခက်တာက ခုလိုင်းမရ မီးကမလာဘူးဆိုတော့ ဆက်သွယ်တွေပြတ်ပြီး ဘယ်နေရမှာဘာဖြစ်နေတယ်ဆိုတာ တိတိကျကျမသိနိုင်ဘူးလေ။နောက်တစ်ခုက ကုန်စျေးနှုန်းတွေက မတရားစျေးတင်ပြီးရောင်းနေကြတာ ကွေကာအုပ်တစ်ထုတ်ကို တစ်သောင်းခွဲပေးဝယ်နေရတယ် သိန်း ၂၀ ဆိုဘာဝယ်မရဘူး။ပြီးတော့ စက်သုံးဆီ တစ်လီတာကို တစ်သောင်းခွဲ ကျနော်တို့ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေပါ လျော့ပေးကြပါဆိုလည်းမရဘူး ဒီလောက်စျေးနဲ့တော့ ဘယ်လိုမှမတတ်နိုင်ဘူး ဒီလိုအစစအရာရာခက်နေတာ့ အရမ်းလည်းစိတ်ညစ်ရတယ် အရမ်းခက်တယ်။…

    Read More »
  • Jun- 2024 -
    5 June
    သတင်း

    မျောမောပါရွာက ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်နေ

    ချီဖွေမြို့နယ် မျောမောပါကျေးရွာအထက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးရေလျှံမှုကြောင့် တိမ်းရှောင်နေရတဲ့ဒေသခံပြည်သူအယောက် ၂၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ မနက် ၄ နာရီဝန်းကျင်ကစပြီး ချီဖွေမြို့တစ်လျှောက်နဲ့  ချီဖွေမြို့ကနေ ၈…

    Read More »
Back to top button