ရေအားလျှပ်စစ်
-
Apr- 2026 -6 Aprilဆန်းစစ်ချက် ဆောင်းပါး
“မြစ်ဆုံစီမံကိန်း နှင့် တိတ်ဆိတ်သွားသော လူထုအသံများ”
မြစ်ဆုံစီမံကိန်းသည် လူထုကန့်ကွက်မှုကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကျော် ရပ်နားထားခဲ့ရသောစီမံကိန်းတစ်ခုဖြစ်သည်။ သို့သော် စစ်ကော်မရှင်ဘက်မှ အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာတွင် ထိုစီမံကိန်းကို ပြန်လည် စတင်နိုင်ရန်အသည်းအသန်ကြိုးစားလာနေသည်။
Read More » -
Jan- 2026 -16 Januaryသတင်း
မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့နဲ့ မြစ်ဆုံဒေသကိုဝိုင်းဝန်းကာကွယ်ပေးကြဖို့ ဒေသခံတွေတောင်းဆို
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်စဖို့စစ်တပ်ကလုပ်ဆောင်လာမှုအပေါ် ဝိုင်းဝန်းကာကွယ်တားဆီးပေးကြဖို့ မြစ်ကြီးနားမြို့ခံတွေ တောင်းဆိုနေပါတယ်။ မြန်မာပြည်ရဲ့အသက်သွေးကြောလို့ဆိုရမယ့် မေခမြစ်နဲ့ မလိခမြစ်ပေါင်းဆုံရာမြစ်ဆုံဒေသဟာ သဘာ၀အလျောက်ထိန်းသိမ်းထားသင့်တဲ့နေရာဖြစ်သလို သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့အတွက် ပျောက်ကွယ်မသွားဖို့သက်ဆိုင်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အနေနဲ့ဝိုင်းဝန်းကာကွယ်တားဆီးပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေတာဖြစ်ပါတယ်။ “မလိခနဲ့အင်မိုင်ခဆိုတာ အခြားမြစ်တွေနဲ့မတူဘူး အရမ်းကြောက်စရာကောင်းတယ်။ ရေအားအရမ်းပြင်းတဲ့မြစ်တွေဖြစ်တယ်။ ဒါကြောင့် ဒီနေရာမှာ လုံး၀ရေကာတာဆောက်လို့ မဖြစ်ပါဘူး။ အန္တရာယ်ကြီးတဲ့နေရာဖြစ်တဲ့အတွက် ဒီနေရာမှာ ရေကာတာမဆောက်လုပ်ဖို့ အစိုးရအနေနဲ့ရော သက်ဆိုင်ရာကိုပြောပေးဖို့၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ရော ဒါကို ကာကွယ်ပေးဖို့၊ သက်ဆိုင်ရာကို ပြောပေးဖို့၊တောင်းဆိုပေးဖို့ ဆန္ဒပြုချင်တာဟုတ်တယ်။” လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားမြို့ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကျရောက်တဲ့ ကချင်ပြည်နယ်နေ့မှာလည်း အင်အား ၆၀ ကျော်နဲ့ ဧရာ၀တီမြစ်ကမ်းဘေးတစ်နေရာမှာ မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကချင်ပြည်နယ်နေ့မှာ အဲဒီလိုလှုပ်ရှားမှုပြုလုပ်ရခြင်းရဲ့ ရည်ရွက်ချက်က ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ဝိုင်းဝန်းတားဆီးပေးဖို့ အဓိကတောင်းဆိုချင်တာဖြစ်တယ်လို့ ပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့တဲ့ ဒီဧရာ၀တီမြစ်ဆုံ စီမံကိန်းရပ်နားခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ ဧရာဝတီမြစ်ဆုံ–မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း ကနဦးအမိန့်ကြေညာစာထုတ်ပြန်လာပါတယ်။ အဲဒီနောက်မှာတော့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ပြန်လာပြီးနောက် မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား မြစ်ဆုံစီမံကိန်းအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ မန္တလေး–မူဆယ် ရထားလမ်းစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထပ်မံထုတ်ပြန်လာပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်အပြင် ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့-KIO ဘက်ကလည်း တားဆီးပေးဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်တောင်းဆိုသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တစ်ခါငြိမ်သက်သွားပြီဆိုတဲ့အရာက ပြန်ရှင်လာပြီး ကျနော်တို့ကို စိတ်ဒုက္ခပြန်ပေးနေတာကြောင့် စိတ်ထိခိုက်နေတာတွေရှိတယ်။ တစ်ခုက ဒီမြစ်ဆုံရေကာတာစီမံကိန်း မဖြစ်မြောက်အောင် ကျနော်တို့ ပြင်းပြင်းထန်ထန် ဝိုင်းဝန်းကန့်ကွက်သွားကြရမှာဖြစ်တယ်။ ကျနော်တို့ပဲ အားမရှိတာကြောင့် ဒီနေ့တာဝန်ရှိနေတဲ့ ကချင်ပြည်နယ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအစိုးရ-KIO တွေကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”လို့ မြစ်ကြီးနားဒေသခံလူငယ်တစ်ဦးကလည်း ပြောပါတယ်။ စစ်ကော်မရှင်ဘက်ကတော့ လျှပ်စစ်စွမ်းအင်မလုံလောက်တဲ့အကြောင်းပြချက်တဲ့ တရုတ်အစိုးရဆီ မြစ်ဆုံကိုရောင်းလိုက်ဖို့ ကြံရွယ်နေပြီး ကန့်ကွက်တဲ့သူတွေကိုလည်း ဖမ်းဆီးအရေးယူမယ်လို့ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်းရဲ့ အကျိုးအမြတ်ကို တရုတ်အစိုးရကသာ အဓိကခံစားရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ဘေးထွက်ဆိုးကျိုးတွေက မြန်မာပြည်တစ်ပြည်လုံးကို သက်ရောက်မှုရှိနေတာကြောင့် ဒီမြစ်ဆုံစီမံကိန်းကို လူထုနဲ့ရပ်တည်ကာ NUG အစိုးရကလည်း တားဆီးသွားမယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။ မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေဟာ အစားထိုးမရအောင်ကြီးမားနေတဲ့အပြင် ဆည်မြောင်းနဲ့နှုန်းမြေစီးဆင်းမှုရပ်တန့်သွားရင် ဧရာ၀တီတိုင်းကလယ်ယာမြေတွေ မြေဆီလွှာပျက်စီးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။…
Read More » -
Aug- 2023 -18 Augustသတင်း
အထက်နမ့်ထွမ်ရေအားလျှပ်စစ်ရုံမှာ စက်ပိုင်းဆိုင်ရာချို့ယွင်းနေတာကြောင့် ပူတာအိုတစ်မြို့နယ်လုံးလျှပ်စစ်မီးပြတ်တောက်
ကချင်ပြည်နယ် ပူတာအိုတစ်မြို့နယ်လုံးကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေရှိနေတာကြောင့် ပူတာအိုတစ်မြို့နယ်လုံး လျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ ပူတာအို EPC ကနေ သိရပါတယ်။ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံတစ်ခုလုံးကို ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်ထားတာဖြစ်ပြီး စက်ရုံလည်ပတ်မှုစနစ်တစ်ခုလုံးကိုထိန်းချုပ်ထားတဲ ကွန်ပျူတာ စက်ပိုင်းဆိုင်ရာချို့ယွင်းနေတာကြောင့်ပူတာအို တစ်မြို့နယ်လုံး သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းကတည်းကနေလျှပ်စစ်မီးပြတ်တောက်နေတာလို့…
Read More »


