သတင်း

အထက်နမ့်ထွမ်ရေအားလျှပ်စစ်ရုံမှာ စက်ပိုင်းဆိုင်ရာချို့ယွင်းနေတာကြောင့် ပူတာအိုတစ်မြို့နယ်လုံးလျှပ်စစ်မီးပြတ်တောက်

ကချင်ပြည်နယ် ပူတာအိုတစ်မြို့နယ်လုံးကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေရှိနေတာကြောင့် ပူတာအိုတစ်မြို့နယ်လုံး လျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ ပူတာအို EPC ကနေ သိရပါတယ်။

အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံတစ်ခုလုံးကို ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်ထားတာဖြစ်ပြီး စက်ရုံလည်ပတ်မှုစနစ်တစ်ခုလုံးကိုထိန်းချုပ်ထားတဲ ကွန်ပျူတာ စက်ပိုင်းဆိုင်ရာချို့ယွင်းနေတာကြောင့်ပူတာအို တစ်မြို့နယ်လုံး သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းကတည်းကနေလျှပ်စစ်မီးပြတ်တောက်နေတာလို့ ပူတာအို EPC တာဝန်ရှိသူတစ်ဦးကKNG ကိုအခုလိုပြောပါတယ်။

“Control ပိုင်းကိုထိန်းချုပ်ထားတဲ့ ကွန်ပျူတာပျက်သွားလို့ဟုတ်တယ် သြဂုတ် ၁၆ ရက်နေ့ မနက် ၈နာကီကနေစပြတ်သွားတာပါ ဘယ်နေ့ပြန်ရမယ်တော့မသိသေးဘူး ဒီကလူတွလို့သူကပြောပါတယ်။

လျှပ်စစ်မီးဟာသြဂုတ် ၁၆ ရက်နေ့ကနေ ဒီကနေ့ သြဂုတ် ၁၈ ရက်နေ့အထိ လုံးဝပြတ်တောက်သွားတာဖြစ်ပြီး နောက်ထပ် ၅ရက်လောက်ပြတ်တောက်နိုင်ခြေရှိတယ်လို့ ပူတာအို EPC နဲ့နီးစပ်တဲ့အခြားဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

အဲ့ရေအားလျှပ်စစ်စက်ရုံကို ကျွန်တော်တို့သာမာန်စက်တွေလိုတာဘိုင်တွေနဲ့လှည့်ပြီးနိုးတာမဟုတ်ဘူးဗျ စက်ရုံကိုအဖွင့်အပိတ်က အစ ကွန်ပျူတာ စနစ်နဲ့ပဲသွားတာအဲ့ကွန်ပျူတာပျက်နေတာ ဒီကလူတွေကမပြင်တတ်လို့အခု ရန်ကုန်ကနေအင်ဂျင်နီယာခေါ်ထားတာသူမရောက်လာသေးဘူးလောလောဆယ်ပူတာအိုတက်မယ့်လေယာဥ်စောင့်နေတာ နောက်ထပ်ကြာအုံးမယ်သိရတယ်”လို့ သူကပြောပါတယ်။

အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံသည် NLD အစိုးရလက်ထက်က ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ပြီးစီး၍ လက်ရှိ မီးအသုံးပြုသူ ပူတာအိုမြို့ပေါ်ရပ်ကွက်နဲ့ကျေးရွာပေါင်း ၅၄ ရွာမှ အိမ်ထောင်စု ၆၄၀၀ စုကအသုံးပြုနေကြောင်း သိရပါတယ်။

Show More

Related Articles

Back to top button