စစ်ကိုင်းတိုင်း ရေဦးမြို့တွင် စစ်ကောင်စီတပ် အရာရှိတစ်ဦးနှင့် စစ်သား ၂ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် တိုင်းရင်းဆေးရုံတွင် PDF အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးနှင့် တပ်သား ၂ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်သည် တိုင်းရင်းဆေးရုံအတွင်း စစ်ကောင်စီတပ်မှ တပ်စွဲထားသဖြင့် ဇူလိုင်လ ၃ရက်နေ့ ဆေးရုံဝင်းအတွင်းသို့ SNAKE EYES-PDF နှင့် မဟာမိတ်တပ်ပေါင်းတပ်တို့ မိုင်းဝင်ရောက်ထောင်ထားခဲ့ရာ ထိုနေရာတွင် ပေါက်ကွဲခြင်းမရှိဘဲ ဇူလိုင်လ ၅ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီဘက်မှ