ရောဘတ်စခန်း
-
Jul- 2024 -12 Julyသတင်း
ဗန်းမော် ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်အသစ်တွေကို နေရာပေးလိုက်တဲ့အတွက် မူလရှိနေတဲ့ စစ်ရှောင်တွေကြား နေရာပြဿနာဖြစ်နေ
ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူတွေမရှိတဲ့ချိန် အသစ်ပြောင်းရွှေ့လာတဲ့ နောက်ထပ်စစ်ဘေးရှောင်တွေကိုနေရာပေးလိုက်တာကြောင့် နဂိုမူလရှိတဲ့ စစ်ရှောင်ပြည်သူတွေဟာ နေရာစရာအခက်အခဲကြုံတွေ့နေရပြီး စစ်ရှောင်ပြည်သူတွေကြား နေရာပြဿနာဖြစ်နေကြတယ်လို့ သိရပါတယ်။ ဗန်းမော်မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့လောက်ကစပြီး ရောဘတ်စစ်ရှောင်စခန်းထဲ စစ်တပ်က မကြာခဏဝင်ရောက်စစ်ဆေးတာတွေအပြင် မြို့အနီးတစ်ဝိုက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ကြားနှစ်ဖက်စစ်ရေးတင်းမာလာတဲ့အခြေနေတွေကြောင့် မူလရှိနေတဲ့ စစ်ရှောင်တွေဟာ မိုင်းခေါင် ၊ မုန်းဒိန်ပါကျေးရွာတွေနဲ့ တောင်ယာ၊အခင်းတွေထဲ ယာယီတိမ်းရှောင်ခိုလှုံသွားကြတာဖြစ်ပါတယ်။ အဲဒီနောက် တစ်လကျော်အကြာ ဇူလိုင် ၂ ရက်နေ့ကစပြီး ဗန်းမော်ခရိုင် ကချင်နှစ်ခြင်းခရစ်ယာန် စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေဟာ ရောဘတ်စစ်ရှောင်စခန်းအတွင်း သော့တွေရိုက်ဖျက်ပြီး စစ်ရှောင်အသစ်တွေကို နေရာပေးလိုက်တဲ့အတွက် နေရာပြဿနာဖြစ်နေကြတယ်လို့ သိရပါတယ်။ “စစ်တပ်ဝင်လို့လေ ကျမတို့စစ်ရှောင်စခန်းထဲ စစ်တပ်ဝင်တဲ့အချိန် စစ်ရှောင်ထဲက အမျိုးသမီးတွေ၊ ကလေးတွေ အားလုံး ကြောက်လန့်ပြီး နောက်မနက်မှာပဲ ဘယ်သူမဆို ကိုယ်စိတ်လုံခြုံမယ်လို့ထင်တဲ့ နေရာတွေဆီ ခဏသွားလိုက်ကြတယ်။ ဒီက တာဝန်ရှိတဲ့ဆရာတွေလည်း မသွားကြနဲ့ ၊ မပြေးမရှောင်ကြနဲ့လို့ ဘယ်သူကမှ မတားကြဘူးလေ။ အခန်းတွေကို သော့ခတ်ထားတာ အခုသော့တွေကိုရိုက်ဖွင့်လိုက်ပြီး အထဲကပစ္စည်းတွေ လုံးထုတ်လိုက်ပြီး ဝင်နေလိုက်တာဖြစ်တယ်”လို့ ဗန်းမော်ရောဘတ်စစ်ရှောင်စခန်းမှာ အရင်ကတည်းက နေနေတဲ့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ရောဘတ်စစ်ရှောင်စခန်းမှာ အသစ်ထပ်ရောက်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ မိုးမောက်၊ မံစီဘက်က စစ်တပ် နဲ့ KIA ပူးပေါင်းတပ်တို့အကြားတိုက်ပွဲကြောင့် ဗန်းမော်ဘက်ကိုထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ပြီးတော့ ၃ လခန့် အကြာမှာ နေစရာအခက်အခဲဖြစ်နေတာကြောင့် ရောဘတ်စစ်ရှောင်စခန်းအတွင်း လူမရှိနေတဲ့အခန်းတွေမှာ နေရာပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
Mar- 2024 -11 Marchသတင်း
ဖမ်းဆီးခံထားရတဲ့ စစ်ရှောင် ၁၇ ဦးထဲက အမှုတော်ဆောင်ဆရာတစ်ဦးနဲ့ စစ်ရှောင်တစ်ဦးလွှတ်မြောက်
ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက ဖမ်းဆီးခံထားရတဲ့ အမှာတော်ဆောင်တစ်ဦးအပါအဝင်စစ်ရှောင်အမျိုးသား ၁၇ ဦးထဲက အမှုတော်ဆောင်ဆရာနဲ့ စစ်ရှောင်လူငယ်တစ်ယောက် ပြန်လွတ်လာပြီလို့ စစ်ရှောင်စခန်းနဲ့နီးစပ်တဲ့ ဗန်းမော်မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်ည ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်တွေဟာ…
Read More »