သတင်း

ဖမ်းဆီးခံထားရတဲ့ စစ်ရှောင် ၁၇ ဦးထဲက အမှု‌တော်ဆောင်ဆရာတစ်ဦးနဲ့ စစ်ရှောင်တစ်ဦးလွှတ်မြောက်

ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက ဖမ်းဆီးခံထားရတဲ့ အမှာတော်ဆောင်တစ်ဦးအပါအဝင်စစ်ရှောင်အမျိုးသား ၁၇ ဦးထဲက  အမှုတော်ဆောင်ဆရာနဲ့ စစ်ရှောင်လူငယ်တစ်ယောက် ပြန်လွတ်လာပြီလို့ စစ်ရှောင်စခန်းနဲ့နီးစပ်တဲ့ ဗန်းမော်မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်ည ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်တွေဟာ အိမ်စီးကား ၂ စီး၊ စစ်ကား ၁ စီးနဲ့ ရောဘတ် စစ်ရှောင်စခန်းထဲကို ဝင်းတံခါး ရိုက်ချိုးဝင်ရောက်လာခဲ့ပြီး အမှာတော်ဆောင်ဆရာတစ်ဦးအပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဒါပေမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေ့မှာဘဲ စစ်ရှောင်ကလေးတစ်ဦးကို အသက်မပြည့်သေးတာကြောင့် ပြန်လွတ်ပေးခဲ့သလို အမှုတော်ဆောင်ဆရာကိုတော့ ဗ မတ်လ ၁၀ ရက်နေ့ ၁၂ နာရီ ပြန်လွတ်ပေးလိုက်တယ်လို့ ရောဘတ်စစ်ရှောင်စခန်းနဲ့ နီးစပ်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဖမ်းသွားတာက ၁၇ ဟုတ်တယ်၊ အဲ့ထဲက အမှုဆာင်ဆရာကိုတော့ PCG တွေပြန်လာထုတ်ပေးတာပေါ့၊  အခု ၁၅ ယောက်ကျန်သေးတယ်၊ တစ်ယောက်ကတော့ အဲ့ဒီဖမ်းသွားတဲ့ နေ့မှာဘဲ ၁၈ နှစ်မပြည့်လို့ဆိုပြီး ပြန်လွတ်ပေးလိုက်တယ်၊ ဖမ်းခံရတာဆိုတော့ သူတို့ထားတဲ့နေရာမှာ ဒီလိုဘဲနေနေရတာပေါ့လို့ပြောပါတယ်။

ဒါ့အပြင် မလွတ်မြောက်သေးဘဲ ကျန်ရှိနေတဲ့စစ်ရှောင် ၁၅ ဦးကိုလည်း အမဲရောင်၊ အညိုရောင်၊ အဖြူရောင်စတဲ့ အပိုင်းသုံးပိုင်းခွဲ စစ်ဆေးနေပြီး အဖြူရောင်အဆင့် သတ်မှတ်ထားပြီဖြစ်တဲ့အတွက် မကြာခင်ပြန်လွတ်ပေးမှာဖြစ်တယ်လို့ စစ်တပ်ဘက်ကပြောဆိုထားကြောင်း သူကဆက်ပြောပါတယ်။

ဒီကလူတွေကို စစ်ဆေးပြီးတဲ့အချိန်မှတော့ အဖြူရောင်မှာထည့်ပေးလိုက်တယ်။ သူတို့ စာရွက်စာတမ်းတွေ လုပ်ပြီး ပြန်လွတ်ပေးမယ်လို့ သူတို့ဘက်က ကတိတော့ပေးထားပြီ၊ နောက်နေ့ တစ်ဘက်ခါလောက်တော့ လွတ်ပေးမယ် ထင်တယ်လို့ပြောပါတယ်။

လက်ရှိ ဗန်းမော်ထဲက ဖမ်းဆီးခံထားသူအားလုံးကိုအမဲရောင်စရင်းထဲ အရင်ဆုံးထည့်ကာ စစ်ဆေးမေးမြန်မှုတွေလုပ်ပြီးနောက် တစ်ဆင့် အညိုရောင်ပြန်သတ်မှတ်တာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ အဖြူရောင်မှာတော့ သူတို့ မေးမြန်းတာတွေ မှန်မမှန် အတွင်းရေးတွေ တစ်ဖန်စစ်ဆေးပြီး အဲ့ဒီအဆင့်ရောက်သူတိုင်းကိုတော့ ပြန်လွတ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

ခုလို ဖမ်းဆီးတာဟာ အကြမ်းဖက်တွေ ရောက်နေတယ်ဆိုပြီး  ကြားတဲ့အတွက် အခုလို ဖမ်ဆီးတာတွေ လုပ်ရခြင်းဖြစ်တဲ့အကြောင်း စစ်တပ်ဘက်က ပြောတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ဖြေဆိုတော့မှာ ဖြစ်တဲ့အတွက် ဗန်းမော်မြို့မှာရှိတဲ့ အရက်ဘီယာဆိုင်၊ ဘားဆိုင်၊ KTV ဆိုင်တွေအကုန်လုံးကို  မနေ့ညနေ ၁ နာရီလောက်ကနေ ပိတ်ခိုင်းလိုက်တယ်လို့လည်း သိရပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button