ရွှေတူးဖော်
-
Feb- 2026 -3 Februaryသတင်း
လန်ဆယ်မှာ ကုမ္ပဏီလုပ်ငန်းဆိုက် တစ်ခုမီးလောင်၊ တရုတ်အမျိုးသား ၃ ဦးထိခိုက်
ကချင်ပြည်နယ်၊ ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ရှိ ရွှေတူးဖော်တဲ့ကုမ္ပဏီလုပ်ငန်းဆိုက် တစ်ခုမီးလောင်မှုဖြစ်ခဲ့ပြီး တရုတ်အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ လန်ဆယ်ဒေသ KIA အရာရှိတွေထံမှ သိရပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနေ့ကညနေပိုင်း ၅ နာရီခန့်မှာ လန်ဆယ်ရှိ ဆွတ်ကဘာ (Sutkaba )ကုမ္ပဏီရဲ့ လုပ်ငန်းဆိုက်တွင်း လျှပ်စစ်အပူပေးစက် မီးချောင်းကနေ ရှော့ခ်ဖြစ်ပြီး မီးစလောင်တာဖြစ်တယ်လို့ ဆိုပါတယ်။ “လူက ၃ ယောက်ထိတယ် ၂ ယောက်က ဒဏ်ရာပြင်းထန်တယ်။ တစ်ယောက်တော့ သိပ်မဆိုးဘူး။ ဒဏ်ရာပြင်းထန်တဲ့ ၂ ယောက်ကိုတော့ တရုတ်နိုင်ငံကို ပို့လိုက်ပြီ။ မီးလောင်လာတာက လျှပ်စစ်အပူပေး မီးစက်ကနေရှော့ခ်ဖြစ်လို့လို့ ကြားတယ်” လို့ လန်ဆယ် KIA အရာရှိတစ်ဦးက ပြောပါတယ်။ လုပ်ငန်းဆိုက်အတွင်း တရုတ်အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ခြားထိခိုက်မှုတော့မရှိဘူးလို့ ပြောပါတယ်။ တစ်ကိုယ်လုံး မီးလောင်ကျွမ်းလို့ ဒဏ်ရာပြင်းထန်တဲ့ တရုတ်အမျိုးသား ၂ ဦးကတော့ တရုတ်နိုင်ငံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။ အခုမီးလောင်သွားတဲ့ ဆွတ်ကဘာကုမ္ပဏီဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ တရုတ်လုပ်ငန်းရှင်များပူးပေါင်းပြီး လုပ်ငန်းလည်ပတ်နေတဲ့ကုမ္ပဏီဖြစ်ပြီး လုပ်ငန်းဆိုက် A မီးလောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ “လုပ်ငန်းဆိုဒ်အားလုံးတော့ မလောင်သွားဘူး၊ ယမ်းတွေသိုလှောင်ထားတဲ့ အိမ်တစ်အိမ်မီးလောင်သွားတယ်။ အခြားသူတွေ အလုပ်သမားတွေ ထိခိုက်တာတော့မရှိဘူး။ အဲဒီတရုတ်အမျိုးသား ၃ ဦးပါပဲ” ဟု KIA အရာရှိက ဆက်ပြောပါတယ်။ လန်ဆယ်ဒေသမှာ ၀ကုမ္ပဏီတွေအပါအဝင် တရုတ်လုပ်ငန်းရှင်တွေအမြောက်အများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ လုပ်ငန်းဆိုက်တွေပေးထားကာ ရွှေတူးဖော်နေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Jan- 2026 -16 Januaryသတင်း
ပူတာအို၊မချမ်းဘော့မြို့နယ်တွေမှာ ရပ်နားထားတဲ့ရွှေတူးဖော်ရေးလုပ်ငန်းတွေပြန်စနေ
ကချင်ပြည်နယ် မြောက်ဘက်မှာရှိတဲ့ ပူတာအိုမြို့နယ်နဲ့ မချမ်းဘော့မြို့နယ်တွေထဲမှာ ရွေးကောက်ပွဲကာလအတွင်းရပ်နားထားတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်တပ်ရဲ့ရွေးကောက်ပွဲ အပိုင်း (၁) မတိုင်ခင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့ကပြီး စစ်ကောင်စီတပ် အင်အား…
Read More » -
Dec- 2025 -10 Decemberသတင်း
ပူတာအို နမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားနဲ့ရွှေလုပ်သားတစ်ချို့ကို စစ်တပ်ဖမ်းဆီး
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲက နာမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားတစ်ချို့နဲ့ရွှေလုပ်သားတစ်ချို့စစ်ကောင်စီဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင် အင်အား ၃၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပူတာအိုမြို့အရှေ့ဘက်ရှိ နမ့်စဘွမ်နဲ့နမ့်ခမ်းရွှေမှော်ထဲဝင်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ နမ့်စဘွမ်ကျေးရွာနေအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “မျက်စိရှေ့မှာတော့ ဘတ်ဖိုးနှစ်စီးဖမ်းသွားတယ် နောက်ထပ်ဘယ်နှစ်စီးဖမ်းခံရလဲအတိအကျတော့မသိရဘူး။ ပြီးတော့ ရွှေကျင်းက ကျင်းသားခြောက်ယောက်ဖမ်းသွားတယ်”လို့ သူကပြောပါတယ်။ စစ်ကောင်စီစစ်သားတွေဟာ နမ့်စဘွမ်ရွှေမှော်ထဲက ဘတ်ဖိုးယာဥ်နှစ်စီးထက်မနည်းနဲ့ ရွှေလုပ်သားအမျိုးသား ၆ ဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရပါတယ်။ “ပြန်လွတ်လာတာတော့မကြားမိသေးဘူး စစ်သားတွေရုတ်တရက်ဝင်လာတော့အကုန်ထွက်ပြေးကြတာ အခုလောလောဆယ်ရွှေမှော်တွေအကုန်ပိတ်ထားတယ်”လို့အထက်ဖော်ပြပါနမ့်စဘွမ်ကျေးရွာနေအမျိုးသားကဆက်ပြောပါတယ်။ အလားတူမနေ့ကတစ်ရက်တည်းမှာပဲ ပူတာအိုမြို့အနောက်ဘက်ခြမ်းက မကျော့ဝါ၊နာမ်ဟော်စတဲကျေးရွာတွေဘက်က ရွှေမှော်တွေမှာလည်း စစ်ကောင်စီစစ်သားတွေဝင်ရောက်လာပြီး အရပ်သားတစ်ချို့ဖမ်းခံရတာရှိတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အချက် လက်အတိကျ…
Read More » -
Jan- 2025 -7 Januaryသတင်း
မြစ်ဆုံ မှာ လုပ်ငန်းရှင်များ စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီး
မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသ မှာ စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်တပ် နှင့် နီးစပ်တဲ့ လုပ်ငန်ရှင်တွေက စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာနေကြောင်း ဒေသခံတွေ ပြောဆိုနေကြပါတယ်။ မြစ်ဆုံ မြစ်ကမ်းတလျှောက် ဒေသခံတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့မှုကြောင့် လအနည်းငယ် ယာယီရပ်တန့်ခဲ့တဲ့ နေရာတချို့မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စတင်ပြီး…
Read More » -
Apr- 2024 -15 Aprilသတင်း
ဟူးကောင့်ဒေသမှာ ရွှေမှော်အသစ်တိုးချဲ့တာ၊ စည်းကမ်းမဲ့ရွှေတူးနေတာကို ရပ်တန့်ပေးဖို့ဒေသခံများတောင်းဆို
ကချင်ပြည်နယ် ဟူးကောင့်ဒေသတစ်လျှောက် တနိုင်းလီဒိုလမ်းမပေါ် မှာရှိတဲ့ကျေးရွာတွေမှာ ရွှေအလွန်အကျွံတူး ဖော်မှုတွေကြောင့် ချောင်းရေများပျက်စီးပြီး ဒေသခံပြည်သူတွေရဲ့ ကျွဲ၊ နွားသေဆုံးတာအပြင် လယ်ယာမြေပျက်စီးဆုံးရှုံးတာလည်းကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်KIA/KIO ရဲ့ ခွင့်ပြုချက်နဲ့ ရွှေမှော်အသစ်ဖွင့်လှစ်လိုက်တာကြောင့် ရွှေတူးဖော်မှုဟာပိုဆိုးရွာလာပြီး ဒေသခံတွေရဲ့ အိမ်ခြံမြေအနီးနားအထိ တူးဖော်လာနေတယ်လို့ ဆိုပါတယ်။ “ကားလမ်းမ ကမ်းပါးတွေအထိ ရွှေတူးဖော်လာတော့…
Read More » -
Mar- 2023 -20 Marchမြေယာနှင့် သဘာဝပတ်ဝန်းကျင်
အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပြန်လည်စတင်နေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာနှင့် လုံးတုံကျေးရွာကြားတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုပြန်လည်စတင်နေပြီဟု ဒေသခံများ ပြောသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုကြီးကြီးမားမားလုပ်ဆောင်နေသည့်အပေါ် ဒေသခံများကန့်ကွက်နေသည့်အတွက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်အပြီးတိုင် ရပ်နားခိုင်းလိုက်ပြီဖြစ်သည်။ သို့သော် တစ်လကျော်ကြာပြီးနောက် မတ်လ ဒုတိယအပတ်မှစတင်ပြီး ထိုနေရာတွင် ရွှေတူးဖော်မှုကို စစ်တပ်ကပြန်လည် ခွင့်ပြုနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ “ခုရွှေပြန်တူးနေတဲ့နေရာက လုံးတုံရွာနားမှာဘဲ စစ်တပ်ရဲ့ စခန်းနဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ဘဲ မိုင်အားဖြင့်က တစ်မိုင်လောက်ဘဲရှိတာလေ သူတို့မသိဘဲနေမလား သူတို့ပြန်ခွင့်ပြုထားလို့ စစ်တပ်ကခွင့်မပြုရင် ဘယ်သူလာလုပ်ရဲမလဲ။ သူတို့ကိုအခွန်ဆောင်ပြီး လုပ်နေကြတာ”ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်သည် ရွှေတူးဖော်ခွင့်အတွက် ငွေကြေးကောက်ခံကာ ပြန်လည်တူးဖော်ခွင့်ပြုနေခြင်းဖြစ်သည်ဟု ပြောဆိုသည်။ လက်ရှိရွှေတူးဖော်နေသောနေရာသည် လုံးတုံနှင့် မမုံကိုင်ကြားရှိ တောထဲတွင်ဖြစ်ပြီး ရပ်ရွာတာဝန်ရှိသူများ၊ခရစ်ယာန်ဘာသာဝင်များနှင့် ဒေသခံများက ဆက်လက်တူးဖော်ခြင်းမပြုရန် သွားရောက်တားမြစ်ကြသော်လည်းရပ်နားပေးခြင်းမရှိဘဲ ညဘက်တွင် ဆက်လက်တူးဖော်နေကြောင်း သိရသည်။ အဆိုပါမြေနေရာသည် မမုံကိုင်ရွာနှင့် လုံးတုံကျေးရွာအကြားရှိ သင်္ချိုင်းမြေနဲ့အနီးဆုံးနေရာဖြစ်သည့်အပြင်ဒေသခံများစိုက်ပျိုးလုပ်ကိုင်စားသောက်နေကြသည့် လယ်မြေများနှင့်လည်း ရှိနေသည့်အတွက် ရွှေတူးဖော်မှုဆက်လက်လုပ်ဆောင်နေမည်ဆိုပါက သင်္ချိုင်းမြေနေရာ ပျက်စီးလာမည့်အပြင် လယ်မြေများလည်း ထိခိုက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း အခြားဒေသခံတစ်ဦးက ခုလိုပြောသည်။ “မမုံကိုင်ဧရိယာထဲမှာဆိုပေမယ့် သင်္ချိုင်းကတော့ လုံးတုံခရစ်ယာန်ဘာသာဝင်တွေရဲ့သင်္ချိုင်း သူတို့ရွှေတူးနေတဲ့နေရာနဲ့ သင်္ချိုင်းကမဝေးဘူး ပေ ၃၀၀ ကျော်လောက်ပဲရှိမှာ ဓာတ်တိုင် ၂တိုင် စာပဲရှိတယ် အဲ့မှာတူးနေကြတာ။ သူတို့ဆက်တူးနေမယ်ဆိုရင်တော့အဓိက သင်္ချိုင်းမြေပျက်စီးသွားမယ် ပြီးတော့ အခုတူးနေတဲ့အနီးမှာ လယ်တွေရှိတယ်အဲ့ဒီလယ်တွေလည်းထိခိုက်မယ်နောက်တစ်ခုက လယ်တောသွားဘာသွားအသုံးပြုနေတဲ့လမ်းရှိတယ် အဲ့တာတွေပျက်စီးသွားမယ် ဒေသခံတွေကတော့ကန့်ကွက်ကြတာပေါ့”ဟုဒေသခံအမျိုးသားတစ်ဦးကပြောသည်။…
Read More » -
9 Marchသတင်း
ချီဖွေမြို့ လူမြင်ကွင်းတွင် ရွှေတူးဖော်နေမှုကို မည်သည့်အဖွဲ့ထံ ကန့်ကွက်စာပို့ရမည်ကို မသိဘဲ အခက်တွေ့နေ
ချီဖွေမြို့ မြစ်ဘေးတွင် ရွှေတူးဖော်နေသည့် လုပ်ကွက်များကို ဒေသခံများ ကန့်ကွက် တိုင်းကြားလိုသော်လည်း မည်သူမည်ဝါထံ လိပ်မူရမည်ကို မသိရသောကြောင့် အခက်တွေ့နေကြောင်း သိရသည်။ ချီဖွေမြို့ ဘောလုံးကွင်းအနီးတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုကို ဒေသခံများ မျက်မြင်တွေ့နေရသော်လည်း မည်သူ၏ ခွင့်ပြုချက်ကြောင့် လုပ်နေကြသည်ကို မသိ၍ တိုင်ကြားရန် အခက်အခဲဖြစ်နေကြောင်း ချီဖွေဒေသခံတစ်ဦးက KNG ကို…
Read More »






