သတင်း

ချီဖွေမြို့ လူမြင်ကွင်းတွင် ရွှေတူးဖော်နေမှုကို မည်သည့်အဖွဲ့ထံ ကန့်ကွက်စာပို့ရမည်ကို မသိဘဲ အခက်တွေ့နေ

ချီဖွေမြို့ မြစ်ဘေးတွင် ရွှေတူးဖော်နေသည့် လုပ်ကွက်များကို ဒေသခံများ ကန့်ကွက် တိုင်းကြားလိုသော်လည်း မည်သူမည်ဝါထံ လိပ်မူရမည်ကို မသိရသောကြောင့် အခက်တွေ့နေကြောင်း သိရသည်။

ချီဖွေမြို့ ဘောလုံးကွင်းအနီးတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုကို ဒေသခံများ မျက်မြင်တွေ့နေရသော်လည်း မည်သူ၏ ခွင့်ပြုချက်ကြောင့် လုပ်နေကြသည်ကို မသိ၍ တိုင်ကြားရန် အခက်အခဲဖြစ်နေကြောင်း ချီဖွေဒေသခံတစ်ဦးက KNG ကို ပြောသည်။

သူတို့က ဒီ စက်ယန္တရားတွေ၊ ဘက်ဟိုး နှစ်ခုသုံးခု၊ ဂုတ်လျှောတွေနဲ့ တူးနေတာ၊ ကျွန်တော်တို့ ဒေသခံတွေက ကန့်ကွက်ချင်နေကြပေမဲ့ မလုပ်ရဲဘူးလေ၊ ဦးဆောင်မဲ့သူလည်း မရှိတော့ ကြောက်လည်းကြောက်ကြတာပေါ့၊ ပြီးတော့ ဘယ်သူရဲ့  ခွင့်ပြုချက်တွေနဲ့ လုပ်နေကြတာလဲဆိုတာ ကျွန်တော်တို့လည်း မသိဘူးဟုပြောသည်။

ရွှေတူးဖော်နေသည့် မြင်ကွင်း

မတ်လ ၆ ရက်နေ့တွင် ဒေသခံတချို့ ရွှေလုပ်ကွက်ကို ကန့်ကွက်ကြောင်း သွားရောက်ပြောဆိုရာတွင်လည်း လုပ်ကွက် တာဝန်ရှိသူ ကိုယ်စားလှယ်က ယခုလို ပြန်လည်ပြောဆိုခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက KNG ကို ပြောသည်။

နင်တို့ ဘယ်သူရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေကြတာလဲလို့ မေးတော့ နင်လည်း လုပ်ချင်တယ်ဆိုရင် လုပ်တဲ့၊ သူတို့က ကိုးယောက်ပေါင်းပြီး လုပ်ထားတယ်လို့ပြောတယ်၊ နင်တို့ အဲ့လိုပေါင်းလုပ်နေကြတာ တခြားသူတွေရော သိရဲ့လားလို့ ဒေသခံတွေ အရမ်းပြောနေကြပြီလို့ ၊ နင်တို့တွေ တရားဝင်လုပ်နေတယ်ဆိုရင် ပြည်သူတွေကို ဒီလိုလုပ်ကွက်တွေ လုပ်နေတယ်ဆိုပြီး ဗီနိုင်းဆွဲပြီး လုပ်ကွက်ရှေ့မှာ ချိတ်ထားလေလို့ ကျွန်တော်လည်း ပြန်ပြောလိုက်တယ်” ဟု ပြောသည်။

ထိုရွှေလုပ်ကွက်များသည် ချီဖွေဒေသခံတချို့ နှင့် စစ်ကောင်စီနှင့် နီးစပ်သူများ ပူးပေါင်းကာ လုပ်ဆောင်နေသည်ဟု ဒေသခံများ ပြောဆိုသည်။

လက်ရှိ ရွှေတူးဖော်နေသော နေရာသည် ကျေးရွာသို့ ရေဝင်ရောက်ခြင်းကို တားဆီးရမယ့် နေရာဖြစ်သောကြောင့် ရွှေတူးဖော်ခြင်းမပြုရန် ကန့်ကွက်ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက KNG ကိုပြောသည်။

ဒီနေရာက ကျွန်တော်တို့ တစ်မြို့လုံးရဲ့ အဓိကပေါ့ ထင်းတွေလည်း အဲ့ကနေဘဲကောက်တယ်၊ သဲကျောက်တွေ အကုန်လည်း အဲ့ကနေဘဲတူးယူတာ၊ ပိုဆိုးတာက အဲ့နေရာမှာ ရွှေတူးလိုက်ရင် ကျွန်တော်တို့ ရွာထဲကို ရေတွေဝင်လာပြီး အကုန် ဒုက္ခရောက်ကုန်မှာဟုပြောသည်။

ဒေသခံ၏ ပြောဆိုချက်အရ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ မှစတင်ကာ ရွှေတူးဖော်ခဲ့ခြင်းဖြစ်ပြီး ယခင်ရွှေမတူးခင်ကလည်း ရေတိုက်စားမှုကြောင့် ပျက်စီးစပြုလာသောကြောင့် ရွှေတူးဖော်လိုက်မည်ပါက ဒေသအတွင်း ထိခိုက်ဆုံးရှုံးမှု ပိုမိုများပြားလာနိုင်ကြောင်း ဒေသခံများ ပြောဆိုနေကြသည်။

Show More

Related Articles

Back to top button