ရွှေမော်တော်ယာဉ်

  • Oct- 2023 -
    13 October
    သတင်း

    ရွှေကူမှာ ရွှေမော်တော်ယာဉ် ၄ စီးမီးရှို့ခံရပြီး အရပ်သား ၆ ဦးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ရွှေကူမြို့ ၊ရွှေကူသင်္ဘောဆိပ်မှာကပ်ထားတဲ့ ရွှေမော်တော်လေးစီး မနေ့က ည ၄နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျကဆီးသွားပြီး အရပ်သား ၄ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ ရွှေကူမြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့ စစ်အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ ရွှေကူမြို့တွင်းတပ်ကနေ ရေယာဉ် ၂ စီးနဲ့ စုန်ဆင်းလာပြီး ရွှေကူသင်္ဘောဆိပ်အရောက်မှာမြစ်ကမ်းကပ်ထားတဲ့ ရွှေမော်တော်ယာဥ်အကြီး ၄ စီးကို မီးရှို့ဖျက်ဆီးသွားတာလို့ ရွှေကူမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်သားတွေက…

    Read More »
  • Sep- 2023 -
    18 September
    သတင်း

    စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၆ စီး ဝင်ရောက်လာလို့ ပြည်သူတွေရဲ့ရွှေမော်တော်ယာဉ်တွေ အများအပြားမီးရှို့ခံရ

    ရွှေကူမြို့နယ် ရေပျံသင်္ဘောဆိပ်မှာ ဆိုက်ထားတဲ့ စစ်တပ်ရဲ့သင်္ဘော ၆ စီး ဒီကနေ့ မနက် ဧရာဝတီမြစ်အထက်ဘက်ကို ဆက်ပြီးဆန်တက်နေချိန်တစ်ဆက်တည်းမှာဘဲ ရွှေကူ အမှတ် ၂ ရွာသစ်မြစ်ကမ်းနံဘေးမှာ ကပ်ထားတဲ့ပြည်သူတွေရဲ့ ရွှေမော်တော်ယာဉ်ခေါ် (စက်လှေ) တွေကို မီးရှို့ပြီး ဆန်တက်နေတယ်လို့ ရွှေကူဒေသခံတွေကပြောပါတယ်။ အဲဒီသင်္ဘော ၆ စီးဟာ စက်တင်ဘာလ ၁၇ ရက်နေ့ မနေ့က ကသာကနေ ဆန်တက်လာတာဖြစ်ပြီး မနေ့ညမှာ ရွှေကူနယ်အဝင် ရေပျံရပ်ကွက်မြစ်ဘေးနားမှာ ဆိုက်ကပ်ထားရာကနေ ဒီနေ့မနက် ၁၀ လောက်မှာ ဆက်ပြီးဆန်တက်နေတာ လည်းဖြစ်ပါတယ်။ “မနက်တုန်းက သင်္ဘောတစ်စီးအရင်ဆန်လာခဲ့တယ် ဆန်လာပြီးလို့ မကြာဘူး စေတီကျောင်းနားမှာကပ်ထားတဲ့ စက်လှေတွေကို ပစ်တဲအသံအရင်ကြားလိုက်တယ်။ ထွက်ကြည့်တော့ ရွှေမော်တော်တွေကို အများကြီးရှို့သွားတာ အဲမော်တော်စက်လှေအသေးရောအကြီးရော ရှို့သွားတာ ။ ကြိုးချည်ထားတာလေ အဲဒါ ကြိုးတွေပျက်သွားတော့ တစ်စီးနဲ့တစ်စီးမီးတွေကူးကုန်တာ အဲဒါကို သူတို့ အဲမော်တော်တွေကို လာဖြန်ရင် ပစ်မယ်ဆိုပြီးပြောတော့ သွားမဖြန်ရဲကြဘူး”လို့ရွှေကူဒေသခံတစ်ယောက်က ပြောပါတယ်။ လက်ရှိချိန်ထိ စစ်ကောင်စီတပ်ရဲ့လက်နက်ရိက္ခာတင် သင်္ဘော ၆ စီးဟာ ရွှေကူရေလယ်ခေါင်မှာဘဲ ရှိနေဆဲဖြစ်ပြီးတော့ ရွာတွေကို လက်နက်တွေနဲ့ပစ်ခတ်နေသေးတာကြောင့် မီးလောင်နေတဲ့ ရွှေမော်တော်ယာဉ်စက်လှေတွေကို မီးမငြိမ်းနိုင်ကြဘူးလို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၆ စီး မနေ့ည ဆိုက်ကပ်ပြီး ညအိပ်နားခဲ့တဲ့ ရေပျံရပ်ကွက်မှာလည်း အမျိုးသားတစ်ချို့ကို စစ်တပ်က ဖမ်းဆီးသွားတာတွေရှိတယ်လို့ ဒေသခံတွေကပြောပေမယ့် အသေးစိတ်သိရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ “ဖမ်းခံရတာအမျိုးသားတွေချည်းဘဲလို့ ပြောတယ် ဒါပေမယ့်အသေးစိတ်ဘယ်သူတွေပါသွားသလဲဆိုတာတော့ မသိရဘူး။ ခုလည်းပစ်နေတုန်းဆိုတော့ မြစ်ကမ်းဘက် သိပ်မကပ်ရဲကြဘူး”လို့ နောက်ထပ် ရွှေကူဒေသခံတစ်ယောက်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ခုလိုအရပ်သားပြည်သူတွေရဲ့ ရွှေမော်တော်လို့ ခေါ်တဲ့ စက်လှေတွေကို မီးရှို့သွားတာဟာ သင်္ဘောတက်မယ့်မြစ်ကြောင်းတစ်လျှောက် ပစ်ခံရမှာစိုးရိမ်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိ ကမောက်ကမဖြစ်အောင် လုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုဆန်တက်နေတဲ့ စစ်တပ်ရဲ့လက်နက်ရိက္ခာတင် သင်္ဘော ၆ စီးဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၇ နာရီလောက်က မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ ဆန်တက်လာတာဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကသာဆိပ်ကမ်းမှာရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၁၆ ရက်နေ့ ကသာကနေပြန်ပြီး ဆန်တက်ခဲ့ပြီး ၁၇ ရက်နေ့ ညမှာတော့ ရွှေကူမြို့နယ်အဝင် ရေပျံရပ်ကွက်မြစ်ကမ်းမှာ တစ်ညအိပ်ဆိုက်ကပ်ထားရာကနေ ဒီမနက်မှာပြန်ပြီး ဆန်တက်နေပြီဖြစ်ပါတယ်။ လက်ရှိချိန်ထိ အဲဒီသင်္ဘော ၆ စီးဟာ ရွှေကူနယ်အဝင် မြစ်လယ်ခေါင်မှာဘဲရှိနေသေးတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဩဂုတ်လမှာလည်း မန္တလေးကနေ လက်နက်ရိက္ခာတင်တဲ့ သင်္ဘော ၉ စီး ဗန်းမော်ဘက်ကို ဆန်တက်ခဲ့တဲ့အတွက် သင်္ဘောတက်ရာမြစ်ကမ်းတစ်လျှောက်မှာနေထိုင်တဲ့အရပ်သားပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာတွေရှိသလို ဒီတစ်ခေါက်ဆန်တက်ချိန်မှာလည်း ကသာနယ်ထဲက အရပ်သား ၆ ယောက်ကို သတ်ဖြတ်သွားတာရှိတယ်လို့ ဒေသခံတွေကပြောဆိုနေတဲ့အပေါ် အသေးစိတ်သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

    Read More »
Back to top button