ဖမ်းဆီးခံရမှုသတင်း

ရွှေကူမှာ ရွှေမော်တော်ယာဉ် ၄ စီးမီးရှို့ခံရပြီး အရပ်သား ၆ ဦးဖမ်းဆီးခံရ

ကချင်ပြည်နယ် ရွှေကူမြို့ ၊ရွှေကူသင်္ဘောဆိပ်မှာကပ်ထားတဲ့ ရွှေမော်တော်လေးစီး မနေ့က ည ၄နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျကဆီးသွားပြီး အရပ်သား ၄ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ ရွှေကူမြို့ခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ စစ်အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ ရွှေကူမြို့တွင်းတပ်ကနေ ရေယာဉ် ၂ စီးနဲ့ စုန်ဆင်းလာပြီး ရွှေကူသင်္ဘောဆိပ်အရောက်မှာမြစ်ကမ်းကပ်ထားတဲ့ ရွှေမော်တော်ယာဥ်အကြီး ၄ စီးကို မီးရှို့ဖျက်ဆီးသွားတာလို့ ရွှေကူမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“စစ်သားတွေက ရေပျံဆိပ်ကနေဆင်းလာတာ ရေမော်တော် ၂ စီးနဲ့ သင်္ဘောဆိပ်ရောက်တော့ အဲ့ရွှေမော်တော်တွေကို ကြောဆွဲတာတဲ့ကြောဆွဲတာမရလို့ဆိုပြီးဖမ်းပြီး ၄ စီးစလုံးကိုမီးရှို့သွားတာ”လို့ ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ရွှေမော်တော်တွေကို မီးရှို့ဖျက်ဆီးတဲ့အပြင် ရွှေမော်တော်ယာဉ် ပိုင်ရှင်တွေလို့ယူဆရတဲ့ အမျိုးသား ၆ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“လူလည်းဖမ်းခံရတယ် အဲ့ရွှေမော်တော်ပေါကလို့ပြောတယ်ပိုင်ရှင်လား အလုပ်သမားလားတော့မသိဘူး ရဲစခန်းထဲကိုခေါ်သွားတယ် ခုထိတော့မလွတ်လာသေးဘူး”လို့ ရွှေကူဒေသခံအခြားအမျိုးသားတစ်ဦးကပြောပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ မနေ့က မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ရွှေမော်တော်ယာဉ်တွေဟာ အာဏာမသိမ်းမှီက သံခွန်နဲ့စက်ယန္တာယားတွေအပါတစ်စီးကို တန်ဖိုး ကျပ်သိန်း ၃၀၀ ကျော်ရှိပြီး လက်ရှိကာလပေါက်စျေးအရ သိန်း ၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ရွှေကူရေပျံဆိပ်မှာကပ်ထားတဲ့ ရွှေဖောင်တွေနဲ့ သံခွန်မော်တော်တွေဆီကနေ အခွန်ကောက်ခံတာမျိုးနဲ့ စက်လှေကြောဆွဲတာမျိုးလုပ်ဆောင်ရာ ညှိနှိုင်းမရတာကြောင့် ရွှေဖောင်တွေနဲ့ သံခွန်မော်တော်အစီး ၄၀ ကျော်ကိုမီးရဖျက်ဆီးခဲ့ရပါတယ်။

Show More

Related Articles

Back to top button