ရှဒူးဇွပ်ဒေသ ပြည်သူ့စစ်တပ်စခန်းတစ်ခု ထပ်တိုးကာ ၃နေရာ ငွေကြေးကောက်ခံနေ

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က တပ်စခန်းအသစ်တစ်ခု ထပ်မံ တိုးချဲ့ကာ ဂိတ် ၃ခုဖြင့် ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှစပြီး ဇူလိုင် လကုန်ပိုင်းအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ရွှေမှော်ဘက်သို့သွားသော လမ်းမကြီး ၄ ခုကို ဖြတ်တောက်လိုက်ပြီးနောက် တစ်လအတွင်း ရှဒူးဇွပ်ကျေးရွာအနီး ကိုင်းတောမှော်အဝင်ဝတွင် ပြည်သူ့စစ်