လုံးခင်းတွင် ဆိုင်ကယ် ကယ်ရီသမားတစ်ဦး လည်ပင်ကြိုးသုတ်သတ်ခံရပြီး ဆိုင်ကယ်နှင့် ဖုန်း လုယူသွား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ဆိုင်ကယ် ကယ်ရီပြေးဆွဲနေသည့် အမျိုးသားတစ်ဦး လည်ပင်းကြိုးတုတ်သတ်ဖြတ်ခံရပြီး သေဆုံးနေသည့်ရုပ်အလောင်းတွေ့ရှိရသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။  ယနေ့ နံနက်ပိုင်း ၇နာရီဝန်းကျင် လုံးခင်းဂေါက်ကွင်းရှေ့ ပေါ်ဦးလမ်းကြားတစ်နေရာတွင် ကယ်ရီးသမားတစ်ဦး လည်ပင်းကြိုးတုတ်ပြီး သေဆုံးနေသည့်ရုပ်အလောင်းတွေ့ရှိရပြီး အဆိုပါ သေဆုံးသူ၏ ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်ပါ လုယူသွားကြောင်း လုံးခင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “သတ်ခံရတာက ဘယ်အချိန်လောက်ဖြစ်မလဲမသိဘူး။ အလောင်းကိုတော့ မနက်မှ လမ်းဘေးမှာ လည်ပင်းကိုကြိုးနဲ့ တုတ်ပြီး သတ်ထားတာတွေ့ရတယ်။