လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လုံးခင်းတွင် ဆိုင်ကယ် ကယ်ရီသမားတစ်ဦး လည်ပင်ကြိုးသုတ်သတ်ခံရပြီး ဆိုင်ကယ်နှင့် ဖုန်း လုယူသွား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ဆိုင်ကယ် ကယ်ရီပြေးဆွဲနေသည့် အမျိုးသားတစ်ဦး လည်ပင်းကြိုးတုတ်သတ်ဖြတ်ခံရပြီး သေဆုံးနေသည့်ရုပ်အလောင်းတွေ့ရှိရသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ 

ယနေ့ နံနက်ပိုင်း ၇နာရီဝန်းကျင် လုံးခင်းဂေါက်ကွင်းရှေ့ ပေါ်ဦးလမ်းကြားတစ်နေရာတွင် ကယ်ရီးသမားတစ်ဦး လည်ပင်းကြိုးတုတ်ပြီး သေဆုံးနေသည့်ရုပ်အလောင်းတွေ့ရှိရပြီး အဆိုပါ သေဆုံးသူ၏ ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်ပါ လုယူသွားကြောင်း လုံးခင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

သတ်ခံရတာက ဘယ်အချိန်လောက်ဖြစ်မလဲမသိဘူး။ အလောင်းကိုတော့ မနက်မှ လမ်းဘေးမှာ လည်ပင်းကိုကြိုးနဲ့ တုတ်ပြီး သတ်ထားတာတွေ့ရတယ်။ တခြားဒဏ်ရာတွေ တော့မတွေ့ရဘူး။ သူက ဒီနားမှာ ဆိုင်ကယ် ကယ်ရီပြေးဆွဲနေတဲ့သူဟုတ်တယ်။ သူရဲ့ ဆိုက်ကယ်အပါ ဖုန်း၊ ပိုက်ဆံအိတ်အကုန်ပါသွားတယ်ဟုပြောဆိုသည်။

သတ်ဖြတ်ခံရသည့် ဆိုင်ကယ် ကယ်ရီသမားသည် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာကျေးရွာနေ အသက် ၄၂နှစ်အရွယ်ရှိ ဦးငှက်ခါး()ကင်းကောင် ခေါ်သူဖြစ်ပြီး ခိုးဆိုးလုနှိုက်အဖွဲ့၏ သတ်ဖြတ်ခံရမှုဖြစ်သည်ဟု သူကဆက်ဆိုသည်။

သူကတကယ့် လူရိုး လူကောင်းဖြစ်တယ်။ ဘာအရှုပ်မှမရှိဘူး။ သူ့ဟာနဲ့သူ ကယ်ရီပြေးဆွဲပြီး အေးဆေးနေတတ်သူဖြစ်တယ်။ အခုနောက်ပိုင်း လုံးခင်းက လုယက် လူသတ်တာတွေ ခဏခဏကိုဖြစ်နေတာဟုတ်တယ်ဟုဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှု အလွန်အားနည်းလာပြီး ရဲတပ်ဖွဲ့အနေဖြင့်လည်း ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် လူသတ်မှုနှင့် လုယက်မှုများ ယခင်ကထက် ပိုမိုများပြားလာကြောင်း ဖားကန့် ပြည်သူများပြောဆိုနေကြသည်။

အခုနောက်ပိုင်း လူငယ်တွေက ငါးယောက်တစ်ဖွဲ့၊ ခြောက်ယောက်တစ်ဖွဲ့လုပ်နေကြတယ်။ သူတို့ပုံစံလေးတွေက ဝတ်စုံအနက်ရောက်ထားပြီးသွားလာကြတယ်။ မျက်နှာတွေလည်း အမဲရောင်နဲ့အုပ်ထားတယ်။ သူတို့ရဲ့ ဆံပင်ပုံစံကလည်း အနီအဝါ လိုင်းဖောက်ထားတယ်။ ဒီနေရာမှာ ၃ဖွဲ့လောက်ရှိတယ်။ ရှေ့ပြေးက ၃ယောက်လောက်ဆိုရင် နောက်ကနေ လေးငါးယောက် ဝိုင်းလိုက်တာ။ ကိုယ်တိုင်လည်းအဲ့လိုကြုံဖူးတယ်။ ကျနော်က ကြိုတင်သိလို့ မခံလိုက်ရဘူးဟု ဖြစ်စဉ်တူကြုံတွေ့ခဲ့ရသည့် ပြည်သူတစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၁၅ရက်နေ့တွင်လည်း လုံးခင်းကျေးရွာရှိ ဝေဖြိုးအောင် ရွှေဆိုင်ဓားပြတိုက်ခံရပြီး ငွေသားကျပ် သိန်း ၅၀၀ ကျော်လုယက်ခံရမှုဖြစ်ပွားခဲ့ပါသည်။

ထို့အပြင် ယခုလအတွင်းမှာပြင် သေနတ်ထောက် ကားလုယက်မှုတစ်ကြိမ်၊ လူငယ်တစ်ဖွဲ့မှ ကျောက်ပွဲစားတစ်ဦးကို မေးမြန်စရာရှိသည်ဟု ပြောဆိုကာ ခေါ်ယူပြီး ကျောက်စိမ်း ၃လုံး၊ ဖုန်းနှင့်ဆိုင်ကယ်တစ်စီး လုယက်မှုတစ်ကြိမ်၊ လုံးခင်းကျောက်ဝိုင်းအနီး အမျိုးသား ၂ဦးကို ဓားထောက်ကာ ငွေရှစ်သိန်းနှင့် ဆိုင်ကယ်တစ်စီး လုယက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button