လမ်းတံတား

  • Nov- 2025 -
    10 November
    သတင်း

    ရှိန်းခေါင်နဲ့ လန်ဆယ်ကြားက တံတားတွေဖျက်ဆီးခံထားရတဲ့အတွက် ဒေသခံများသွားလာရေးအခက်ကြုံနေ 

    ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲက ရှိန်းခေါင်နဲ့ လန်ဆယ်ကျေးရွာကိုဆက်သွယ်ထားတဲ့ တံတားအားလုံးဖျက်ဆီးခံထားရတဲ့အတွက် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ခေါင်လန်ဖူး၊ ရှိန်းခေါင်ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာချိန်ကစလို့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက အဲဒီလမ်းပိုင်းမှာရှိတဲ့ တံတားအားလုံးကို ပုဆိန်တွေနဲ့ ခုတ်ပြီး ဖျက်ဆီးထားတယ်လို့ဆိုပါတယ်။ “အဓိက လဟယ်ဆင်ကနေ ရှိန်းခေါင်ဘက်သွားလမ်းပေါ်က တံတားတွေအားလုံးကိုဖျက်ဆီးလိုက်တာဟုတ်တယ်။ ဒီဒေသမှာက ကား၊ဆိုင်ကယ်လမ်းမပေါက်ဘူး လူသွားလမ်းပဲရှိတယ်။ ဒေသခံတွေက ဒီလမ်းတံတားတွေကနေပဲ တစ်ရွာပြီးတစ်ရွာသွားကြတာ။ ဒီလမ်းတံတားတွေမရှိရင် ရွာခံတွေ လိုအပ်တာတွေ သွားယူဖို့၊ သွားဝယ်ဖို့ ခဲယဉ်းနေတယ်။” လို့ ရှိန်းခေါင်ဘက်က KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး ပြောပါတယ်။ လန်ဆယ်ကနေ ရှိန်းခေါင်– ခေါင်လန်ဖူးဘက်သွားလမ်းတွေဟာ ဝေးလံခေါင်ဖျားလွန်းတဲ့အပြင် ကား၊ဆိုင်ကယ်လမ်းမရှိပဲ လူသွားလမ်းတစ်ခုတည်းသာရှိတယ်လို့ ဆိုပါတယ်။ ဒီလမ်းတွေဟာ ကျေးရွာတစ်ခုနဲ့ တစ်ခုကို ဆက်သွယ်ထားတဲ့လမ်းတွေဖြစ်ပြီး အဲဒီလမ်းပိုင်းမှာ ချောင်းကူးကြိုးတံတား၊ ပျဉ်တံတားတွေဟာ ဒေသခံပြည်သူတွေအတွက် အရေးပါတဲ့တံတားတွေဖြစ်တာကြောင့် ကျေးရွာနေပြည်သူတွေက ဝိုင်းဝန်းပြီး ကိုယ်ထူကိုယ်ထနဲ့ တည်ဆောက်ထားတဲ့ ကြိုးတံတားတွေ များတယ်လို့ ဆိုပါတယ်။    အခုလို တံတားတွေကို ဖျက်ဆီးလိုက်ရတာဟာ KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်က ရှိန်းခေါင်၊ ခေါင်လန်ဖူးဘက် ဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ စစ်ရေးနိုင်ငံရေးကျွမ်းကျင်သူ ကချင်အမျိုးသားတစ်ဦးကလည်း အခုလို ပြောပါတယ်။ “အဓိက အခု ခေါင်လန်ဖူးဘက်မှာ ရွေးကောက်ပွဲကျင့်ပဖို့ရှိတာကြောင့် KIA တွေရဲ့ ထိုးစစ် ခေါင်လန်ဖူးဘက်ထိ မရောက်လာအောင် တော်တော်တားဆီး၊ တားမြစ်နေတဲ့အနေအထားရှိတယ်။ KIA ရဲ့ ထိုးစစ်အဲဘက် ရောက်လာရင်တော့ သူတို့ရွေးကောက်ပွဲလည်း ပျက်လာနိုင်တယ်လေ။ ဒါကြောင့် ရှိရှိသမျှ လမ်းတံတားတွေ အားလုံးဖျက်ဆီးပြီး ဆုတ်ခွာသွားကြတာဖြစ်တယ်။” လို့ သုံးသပ်ပြောဆိုပါတယ်။ လတ်တလော လန်ဆယ်နဲ့ ရှိန်းခေါင်ကြားမှာ လက်ရှိ ပြည်သူ့စစ်နဲ့ စစ်တပ်တွေ ဖျက်ဆီးလိုက်တဲ့ တံတားပေါင်း ၆ ခု ရှိတယ်လို့ သိရပါတယ်။ ထဖုန်ကျေးရွာ ၊ နမ်ချိန်၊ ငဂျာလရွာ၊ မတ်ခွာမိ( Mahkwa Mi) ရွာ နဲ့ ရှီလာန်ဒမ်းကျေးရွာ စတဲ့ထဲက ကြိုးတံတားတွေ ဖျက်ဆီးခံထားရတာဖြစ်ပြီး လက်ရှိ ပြည်သူ့စစ်တွေဖျက်ဆီးထားတဲ့ လမ်းတံတားတွေကို KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ လိုက်လံပြင်ဆင်ပြီး တံတားပြုလုပ်နေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အဓိက လန်ဆယ်အထက်  အဲဒီကျေးရွာတွေထဲက ဒေသခံတွေဟာ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အစားအသောက်၊ ပစ္စည်းတွေကို လန်ဆယ်ဘက်ဆင်းပြီး သွားဝယ်ယူလျက်ရှိပေမယ့် ခုလိုလမ်းတံတားတွေဖျက်ဆီးခံထားရတာကြောင့် လမ်းသွားလမ်းလာ အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။   ခေါင်လန်ဖူးမြို့နယ် တရုတ်နယ်စပ်ဘက် ရှိန်းခေါင်ဘက်ကို လက်ရှိ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတာဖြစ်ပြီး ရှိန်းခေါင်မရောက်ခင် နယ်စပ်မှတ်တိုင် (၃၀) နယ်မြေမှာ နိုဝင်ဘာလ ၁၀ ရက် ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ မနေ့ကလည်း ရှိန်းခေါင်ဒေသဘက် နယ်စပ်မှတ်တိုင် (၃၀) ရှိ ဟဲဇတိ (He Zeti) ကျေးရွာက  ပြည်သူ့စစ်နဲ့ စစ်တပ်စခန်း ကာကင်း ၁ ခုကို KIA ဘက်က ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ်တပ်တွေက လန်ဆယ်ကို ပြန်လည်သိမ်းပိုက်ဖို့ KIA ရှိရာ လန်ဟီဆင်တောင်ကုန်းပေါ်ကို ထိုးစစ်ဆင်လာခဲ့ပေမဲ့ တိုက်ပွဲအရေးနိမ့်ခဲ့တာကြောင့် နောက်ဆုတ်လိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ KIA ဘက်က ရှိန်းခေါင်ဘက်ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ပြည်သူ့စစ်နဲ့ စစ်တပ်က ခံစစ်နဲ့ ခုခံနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ နဲ့ နိုဝင်ဘာလဆန်းအတွင်း  လန်ဆယ် နဲ့ ရှိန်းခေါင်ကြားက စစ်တပ်နဲ့ ပြည်သူ့စစ်စခန်း ၄ ခု ထက်မနည်းကို KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။ By…

    Read More »
  • Sep- 2025 -
    17 September
    သတင်း

    ပူတာအိုမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုများ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ချောင်းရေတွေကြီးပြီး လမ်းတံတားနဲ့ လယ်ယာစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းကနေ မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် မြို့နဲ့ ၅ မိုင်အကွာဝေးတဲ့ အထက်ဆန်ခေါင်နဲ့ငါးနူခါးကျေးရွာကို ဖြတ်သန်းစီးဆင်းနေတဲ့ ပါတိတ်ချောင်းရေကြီးပြီး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။…

    Read More »
  • Jun- 2025 -
    5 June
    သတင်း

    ပန်နန်းဒင်မြို့အဝင် တံတားအပါ ကျေးရွာချင်းဆက် တံတား ၅ ခုအထိရေထဲမျောပါသွား

    ကချင်ပြည်နယ် နောင်မွန်မြို့နယ်ထဲမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပန်နန်းဒင်မြို့အဝင်တံတားအပါအဝင် ကျေးရွာချင်းဆက်တံတား ၅ ခု အထိ ရေစီးထဲ မျောပါသွားကြောင်းသိရပါတယ်။ နောင်မွန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်ကတည်းက မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် တောင်ကျ ချောင်းရေကြီးတာ၊ မေခနဲ့ မလိခ ချောင်းရေမြင့်တက်တာတွေကြောင့် ပန်နန်းဒင်မြို့အဝင်…

    Read More »
  • Mar- 2025 -
    26 March
    သတင်း

    မိုးရွာသွန်းမှုကြောင့် ပူတာအို – ခေါင်လန်ဖူး ကားလမ်းဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာပြတ်တောက်

    မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာတွေပြတ်တောက်နေတယ်လို့သိရပါတယ်။ ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းမှာ မတ်လလဆန်းကတည်းကစပြီး လက်ရှိအချိန်အထိ မိုးတွေအဆက်မပြတ်ရွာသွန်းနေတာကြောင့် ကားလမ်းပိုင်း​မြေပြိုတာ၊ တံတားတွေပျက်စီးတာတွေကြောင့် ကား၊ဆိုင်ကယ်တွေအသွားအလာပြတ်တောက်နေတယ်လို့ ခေါင်လန်ဖူးမြို့ နေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ခေါင်လန်ဖူးလမ်းက သွားလို့မရတာဒီပတ်နဲ့ဆို နှစ်ပတ်တိတိရှိပြီနော် တစ်နေရာ နှစ်နေရာပဲ…

    Read More »
  • Oct- 2024 -
    29 October
    သတင်း

    လုံးခင်းရွာ ဘေလီသံတံတားပျက်ဆီးနေပြီး အမြန်ဆုံးပြုပြင်ပေးဖို့လိုအပ်နေ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ ဘေလီသံဘောင်တံတားပျက်ဆီးနေတဲ့အတွက် လမ်းသွားလမ်းလာဒေသခံတွေနဲ့ တံတားအသုံးပြုနေတဲ့ ကျောင်းသူ၊သားတွေအတွက် အန္တာရယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီတံတားဟာ လုံးခင်းကျေးရွာ အထက်တန်းကျောင်းမှာတက်နေတဲ့ ကျောင်းသား၊သူတွေအတွက် အရေးကြီးဆုံးတံတားဖြစ်ပြီး ကြမ်းခင်းအပြား ၃ ပေလောက်လန်ထွက်နေတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့နဲ့နှစ်စဥ်ထိန်းသိမ်းပေးဖို့ ဒေသခံတစ်ဦး ခုလိုပြောပါ တယ်။ “သွားလို့လာလို့တော့ရပါတယ်။ ကျောင်းတက်ဆင်းချိန်ဆိုရင် အခက်အခဲဖြစ်တာပါ။ နောက်တစ်ခုက ညပိုင်း မမြင်မစမ်းနဲ့ဆိုရင် အန္တာရယ်ရှိနိုင်တယ်။ ဘေးပတ်ဝန်းကျင်ကရွာတစ်ချို့နဲ့ လုံးခင်းအထက ကျောင်းအတွက်အားအကိုးရဆုံးတံတားပါ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဘေလီသံတံတားပေါ် ဆိုင်ကယ်နဲ့ကားတွေ အသွားအလာများသလို သက်တမ်းကြားမြင့်လာပြီဖြစ်တဲ့အတွက် ကားကြီးတွေကိုဖြတ်ခွင့်မပေးပဲ ၃ တန်အောက်ကားသေးနဲ့ ယာဥ်ငယ်တွေကိုသာ ဖြတ်သန်းခွင့် ပေးထားတဲ့တံတားဖြစ်ပါတယ်။ မကြာခဏပြုပြင်နေရတဲ့တံတားဖြစ်သလို ဒီတစ်ကြိမ်မှာတော့ သံပြားလံတာကနေ သံပြားပါးပြီး ဂဟေစတွေလန်ပြီး ပျက်ဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။ “တံတားကပေါက်တာပါ။ တံတားကျိုးတာမဟုတ်ပါဘူး။ ဆိုင်ကယ်နဲ့ကားတွေအသွားအလာများတယ်။ ပြုပြင်ထားတာတွေကလည်း စံချိန်မမှီတာလား အဲ့လိုထင်တယ်။ အခုက သံပြးလန်တာကနေ သံပြား ပါးပြီး ဂဟေစတွေလန်ပြီးဖြစ်သွားတာ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဘေလီသံဘောင်တံတားဟာ လုံးခင်းဒေသခံတွေအတွက်သာမက အဲ့ဒီအနီးတစ်ဝှိုက်က ငြိမ်းချမ်း၊ မလန်း စတဲ့ကျေးရွာက ဒေသခံတွေရော အဓိကအားကိုးရတဲ့တံတားဖြစ်သလို မိုးကောင်းလမ်း နဲ့ မှော်ထဲကို ဆက်သွယ်ပေးထားတဲ့ ဥရုချောင်းဖြတ်ပထမဆုံးတံတားတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ By- အမိုး

    Read More »
  • 25 October
    သတင်း

    နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်နိုင်‌ သေးတဲ့အတွက် ဒေသခံများ သွားလာရေး ခက်ခဲ

    စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်ပေးသေးတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲ သွားလာနေရဆဲလို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ နန်းယွန်းမြို့မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေစီးနဲ့မျှောပါပျက်စီးသွားတဲ့ နန်းယွန်းမြို့အဝင်တံတားဟာ ၆ လကျော်ကြာလာတဲ့အထိ တံတားသစ်ပြန်တည်ဆောက်ပေးခြင်းမရှိသေးဘူးလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး…

    Read More »
  • Jun- 2024 -
    7 June
    သတင်း

    ခတ်ချို-စန်းကားလမ်းပိတ်ထားလို့ ငှက်ပျောကားများ ရွာပတ်လမ်းကိုအသုံးပြုနေတဲ့အတွက် တံတားတွေ ပျက်စီးမှာဒေသခံတွေစိုးရိမ်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဒေသခံတွေအဓိကအသုံးပြုတဲ့ ခတ်ချို-စန်းကား ကားလမ်းမပိတ်ထားလို့ ငှက်ပျောကားတွေဟာ ရွာနောက်ဖေးလမ်းကြားတွေကိုအသုံးပြုနေတာကြောင့် အဲ့ဒီလမ်းတွေမှာရှိတဲ့ တံတားငယ်တွေပျက်စီးမှာကိုဒေသခံတွေစိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ပုံမှန်ဆိုရင် ငှက်ပျောသီးတွေကို  ၁၂ ဘီးတွဲကားကြီးတွေနဲ့သယ်ယူတာဖြစ်ပေမယ့် လက်ရှိလမ်းပိတ်ထားတဲ့အခြေနေတွေကြောင့် တုံဖုန်းကား(လေးဘီးကား) တွေနဲ့တင်ကာ ရွာနောက်ဖေးလမ်းကနေ သွားလာနေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “အခုလောလောဆယ်က ခတ်ချိုဘက်ကလမ်းကပိတ်ထားတယ်။ အခုက တော်တော်များများက ဒီမုတ်လွဲ လမ်း ဒီလမ်းသေးသေးလေးကိုပဲဝိုင်းသုံးကြတယ်ဆိုတော့ ငှက်ပျောကားတွေဘာညာက ဒီလောက်များတာ တွဲကားကြီးတွေနဲ့တင်တာတော့မဟုတ်တော့ဘူးပေါ့ တုံဖုန်းကားနဲ့ပေါ့ ဒါပေမဲ့ အစီးရေကအများကြီးပဲဆို တော့ ဒီပုံစံနဲ့ဆိုတံတားပါကျိုးပျက်သွားနိုင်တဲ့အခြေနေပေါ့”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ နဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ပြီး နှစ်ရက်အကြာမှာ ခတ်ချို-စန်းကားလမ်းကနေ ကားတွေသွားလာခွင့်ကိုစစ်ကောင်စီတပ်ကအသုံးပြုခွင့်မပေးဘဲ ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလမ်းမကြီးကိုပိတ်လိုက်တဲ့နောက် ခတ်ချိုရပ်ကွက်နဲ့အနီးတစ်ဝှိုက်မှာ တိမ်းရှောင်နေကြတဲ့အရပ်သားတွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာတွေကိုလည်း ရွာလမ်းကြားတွေကိုသာအသုံးပြုနေရသလို တန်ချိန်လေးလံတဲ့ ငှက်ပျောကားတွေကပါ ဒီလမ်းကြားတွေကိုအသုံးပြုလာတဲ့အတွက်ဒေသခံတွေစိုးရိမ်နေကြ တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီရွာလမ်းကြားကိုအသုံးပြုရင်လည်း လမ်းပိုင်းမှာရှိတဲ့ တံတားတွေရဲ့ခံနိုင်ဝန်လောက်ကိုပဲ ကုန်တွေသယ်ပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ “ဒီသူတို့သုံးနေတဲ့ မုတ်လွဲလမ်းဆိုရင်လည်း တံတားနှစ်ခုရှိတယ်။ မုတ်လွဲတံတားနဲ့ သံတံတား အခုကလည်း ပြောရမယ်ဆိုရင် တံတားရဲ့ တန်ခံနိုင်ဝန်ကိုချင့်ချိန်ပြီးတော့ ဒီငှက်ပျောတင်ကားတို့ ဆန်တင်ကားတို့ ဘာပဲဖြစ်ဖြစ်ပေါ့ ဝိတ်အရမ်းလေးရင်လျော့တင်ပေးဖို့ မေတ္တာရပ်ခံ ချင်ပါတယ်။ ဒီတံတားတွေသာ ကျိုးသွားရင် တစ်မြို့လုံးဒုက္ခရောက်မှာ ဒီလိုအခြေနေမျိုးမှာ ပြန်ပြင်ဖို့လည်း မလွယ်ဘူး တာဝန်ယူမယ့် သူလည်းမရှိဘူး “လို့ဒေသခံတစ်ဦး ကပြောပါတယ်။ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေစတင်ခဲ့တဲ့ KIA နဲ့ပူပေါင်းအဖွဲ့တွေရဲ့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေဟာ ဒီနေ့အထိအရှိန်မြင့်နေဆဲဖြစ်ပြီး အဲ့ဒီလိုတိုက်ပွဲအရှိန်တွေပြင်းထန် လာတာနဲ့အတူ ဒေသခံအရပ်သားတွေကလည်း အဘက်ဘက်ကနေ ဒုက္ခတွေကြုံတွေ့လာရတာဖြစ်ပါ တယ်။ လက်ရှိမှာတော့ ဝိုင်းမော်မြို့နယ်ထဲက ရွာပေါင်း ၂၀ လောက်အပါအဝင် ဧရာဝတီမြစ်အရှေ့ခြမ်း ဗန်းမော်၊ မံစီ၊ မိုးမောက် စတဲ့မြို့ကြီးတွေမှာရှိတဲ့ အရပ်သားတွေသောင်းနဲ့ချီဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။ By – အမိုး

    Read More »
  • 5 June
    သတင်း

    နန်းယွန်းမှာ မိုးသက်လေပြင်းကြောင့် လမ်းတံတား ကျိုးကျပျက်စီးပြီး ဆက်သွယ်ရေးလိုင်းပြတ်တောက်နေ

    ကချင်ပြည်နယ်အနောက်ဘက်၊ စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ်မှာ မိုးသက်လေပြင်းကျရောက်ခဲ့တာကြောင့် လမ်းပမ်းဆက်သွယ်ရေးနှင့် ဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်လောက်ကနေ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံဖြစ်ခဲ့သလို မေလ ၂၈ ရက်နေ့မှာ မိုးသက်လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် နန်းယွန်းမြို့လယ်က ကြိုးတံတားတစ်စင်း…

    Read More »
Back to top button