လမ်းပိုင်းပျက်စီး
-
Nov- 2025 -28 Novemberသတင်း
ပူတာအို – ခေါင်လမ်ဖူးလမ်းပိုင်းပျက်စီးနေဆဲဖြစ်တဲ့အတွက် ရှောက်ကောပါကော အရောင်းအဝယ်ရပ်တန့်နေ
ကချင်ပြည်နယ် ၊ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ခေါင်လန်ဖူး ဒေသထွက် ရှောက်ကော ပါကောတွေ တင်ပို့ဖို့ခက်ခဲနေပြီးအရောင်းအဝယ်ရပ်တန့် နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်သုံးတဲ့ ခေါင်လန်ဖူးဒေသထွက် ရှောက်ကောပါကောဟာ အဓိက အားဖြင့်တရုတ်ပြည်ကိုတင်ပို့ရောင်းချကြတာဖြစ်ပြီး လက်ရှိ ပူတာအိုခေါင်လန်ဖူးလမ်းပိုင်းပျက်စီးနေတာကြောင့် တင်ပို့လို့မရပဲ အရောင်းအဝယ်တွေရပ်တန့်နေတယ်လို့…
Read More » -
Jul- 2025 -3 Julyသတင်း
မဆွန်စွပ်ရွာအနီး မြေပြိုလို့ ပူတာအို – မြစ်ကြီးနားလမ်းပိုင်း ကုန်ကားကြီးတွေပိတ်မိနေ
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းရှိ မဆွန်စွပ်ကျေးရွာအနီးမှား ကားလမ်းမြေပြိုနေတာကြောင့်ကုန်ကားကြီးတွေ သွားလာလို့မရ ပိတ်မိနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို–မြစ်ကြီးနားကား လမ်းပိုင်းမှာမြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး မဆွန်စွပ်ကျေးရွာအနီးမှာ ဆိုးဆိုးဝါးဝါးမြေပြိုသွားတာဖြစ်တယ်လို့ ကားသမားတစ်ဦး KNGကိုပြောပါတယ်။ “လမ်းက ကျဥ်းကျဥ်းလေးပဲကျန်တော့ မိုးဆက်ရွာလို့ထပ်ပြိုရင်တော့…
Read More » -
Jun- 2025 -24 Juneသတင်း
နောင်မွန် – ပူတာအိုလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး ညအိပ်ခရီးဖြင့်သွားလာနေရ
ကချင်ပြည်နယ်အထက်ပိုင်း နောင်မွန် – ပူတာအိုကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့အတွက် ညအိပ်ခရီးဖြင့်သွားလာနေရတယ်လို့ နောင်မွန်မြို့ခံတွေဆီကနေ သိရပါတယ်။ ဇွန်လဆန်းပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်မွန်–ပူတာအိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်ဆီးနေပြီး လက်ရှိချိန်ထိပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ညအိပ်ခရီးဖြင့်သွားလာနေရတယ်လို့ နောင်မွန်မြိုအခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ကုန်ကားကြီးတွေတော့လာလို့မရဘူး ဖောဝီး(Four-Wheel ) ကားတွေပဲလာတယ်။ လမ်းမှာ တစ်ည၊နှစ်ညအိပ်ရတယ် မိုးအရမ်းရွာတဲ့နေ့တွေဆို နှစ်ညလောက်အိပ်မှပဲဒီကိုရောက်တာ”လို့ နောင်မွန်မြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ တစ်လနီးပါးကြာမိုးရွာသွန်းမှုကြောင့် ပူတာအို– နောင်မွန်လမ်းပိုင်းရှိ နောင်မွန်နဲ့ မဂွေဇကြား လမ်းပြိုတာ၊ တံတားကျိုးတာတွေ ဖြစ်ပေါ်နေပြီး ခက်ခက်ခဲခဲသွားလာနေရတယ်လို့ နောင်မွန် – ပူတာအိုကားလမ်းပိုင်းမှာမောင်းနှင်နေတဲ့ကားသမားတစ်ဦး KNG ကိုပြောပါတယ်။ “မဂွေဇဟိုဘက်ကပိုဆိုးတာပေါ့။ ဒီခြမ်းကအဲ့လောက်မဟုတ်ဘူး လမ်းကတစ်လမ်းလုံးလိုပဲပြိုထားတယ် တချို့နေရာက ဘတ်ဖိုးတွေနဲ့ဆွဲတင်ရတယ်ကားကို လူနဲ့တွန်းရတဲ့နေရာရှိတယ် အဖွဲ့တွေရှိတယ် ပိုက်ဆံပေးရတယ် ဘတ်ဖိုးသမားတွေကို”လို့ ပြောပါတယ်။ နောင်မွန်–ပူတာအိုကားလမ်းပိုင်းဟာ ပုံမှန်အားဖြင့်ကား၊ဆိုင်ကယ်နဲ့တစ်ရက်ခရီးသာဖြစ်ပေမယ့် လက်ရှိမှာတော့လမ်းပိုင်းပျက်စီးမှုကြောင့် တစ်ညကနေ နှစ်ညအထ်ိညအိပ်ရတယ်လို့သိရပါတယ်။ အခုလိုလမ်းပိုင်းပျက်းစီးပြီးခက်ခက်ခဲခဲသွားလာနေရတာကြောင့် ကားခတွေလည်း ယခင်ကထက်မြင့်တက်လာပြီး အတက်ခရီးသည် တစ်ဦးကိုကျပ် ၉၀၀၀၀( ကိုးသောင်း) အဆင်းခရီးသည်တစ်ဦးကိုကျပ် ၅၀၀၀၀ (ငါးသောင်း) အထိရှိတယ်လို့သိရပါတယ်။ အလားတူ ကုန်စည်စီးဆင်းမှုတွေလည်း နှောင့်နည်းနေတဲ့အတွက် ကုန်စျေးတက်တာ ၊ကုန်စည်ပြတ်လပ်တာမျိုးတွေလည်းကြုံတွေ့နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “ကြက်ဥကတော့တစ်လုံးတစ်ထောင် ရှားတယ် မရှိသလောက်ပဲ။ ခရမ်းချဥ်သီးကတော့ တစ်ပိဿကို တစ်သောင်းခွဲ ဟိုတလော တစ်သောင်းပဲတန်ဆာခအရမ်းတက်တယ် လမ်းမှာလည်းကားဆွဲခတွေပေးရတော့ ဘာမဆိုစျေးတက်နေတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ လက်ရှိပျက်စီးနေတဲ့ နောင်မွန်–ပူတာအိုလမ်းပိုင်းဟာလည်း တချို့နေရာတွေ ဆိုးဆိုးဝါးဝါးမြေပြိုထားတာကြောင့် လမ်းပိုင်းပြန်ကောင်မွန်ဖို့ အချိန်တစ်လနီးပါးလောက်ကြာမြင့်နိုင်ကြောင်းသိရပါတယ်။ နောင်မွန်–ပူတာအိုလမ်းပိုင်းနဲ့ အလားတူ နောင်မွန်မြို့နယ်ထဲက ပန်နန်းဒင်မြို့အဝင်တံတား၊ တဆူထုတံတား၊ ဂဝိုင်တံတား၊မရီမိုင်းတံတားအပါတံတားကြီး ခြောက်စင်းအထိ ရေစီးနဲ့မျောပါသွားတာကြောင့် ဒေသခံတွေကြိုးတံတားမရှိပဲ ခက်ခက်ခဲခဲသွားလာနေရတယ်လို့ သိရပါတယ်။ “ပန်နန်းဒင်တံတားလည်းမပြီးသေးဘူးဟိုဘက်လည်းတစ်စင်းမှမဆောက်သေးဘူးမိုးကရွာတုန်းဆိုတော့ အခုကတံတားမရှိတော့ ကြိုးတစ်ချောင်းကိုချောင်းဟိုဘက်ကမ်းဒီဘက်ကမ်းသွယ်တန်းပြီးတော့အဲ့ကြိုးမှာထိုင်ခုံချည်ပြီးစွန့်စွန့်စားစားသွားနေရတယ်”လို့ နောက်ထပ်နောင်မွန်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ နောင်မွန်မြို့ဟာ မြန်မာပြည်မြောက်ဖျားပိုင်းမှာရှိတာဖြစ်ပြီး လမ်းပိုင်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသဖြစ်တာကြောင့် နှစ်စဥ်မိုးရာသီကာလမှာ လမ်းပိုင်းမြေပြိုတာတွေခကြာခနကြုံတွေ့လျက်ရှိကြောင်းသိရပါတယ်။ By…
Read More » -
17 Juneသတင်း
မြစ်ကြီးနား – မန္တလေးကွင်းလမ်းပျက်စီးနေလို့ ကချင်မှာ စားသောက်ကုန်တစ်ချို့ပြတ်လပ်
မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးပြီး ကုန်ကားတွေပိတ်မိနေတာကြောင့် ကချင်မှာစားသောက် ကုန်တစ်ချို့ပြတ်လပ်နေတယ်လို့သိရပါတယ်။ မန္တလေး – မြစ်ကြီးနားဗျူဟာ ကားလမ်းမကြီးကို စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် ပေကြီး၊ဇီးကုန်းနဲ့စပယ်နံ့သာကျေးရွာတစ်လျှောက်မှာ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားအားလုံးကွင်းလမ်းလို့ခေါ်တဲ့ (မိုင် ၄၀ )လမ်းကို အသုံးပြုသွားလာနေရပြီး လက်ရှိ…
Read More » -
May- 2025 -20 Mayသတင်း
မိုင် ၄၀ ကျော်ကွင်းလမ်း ဆိုးဆိုးဝါးဝါးပျက်စီးနေလို့ မြစ်ကြီးနားတက်တဲ့ကားများ ပိတ်မိနေ
စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့နယ်မြို့သိမ်းတိုက်ပွဲအပြီးမှာ အင်းတော်မြို့နယ်လမ်းပိုင်းကိုကာကွယ်ရေးတပ်ဘက်က ပြန်ဖွင်ပေးခဲ့ပေမဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုဆက်လက်အသုံးပြုနေရဆဲလို့ ကားသမားတွေကပြောပါတယ်။ ကန့်ဘလူမြို့နယ် ဇီးကုန်း၊ ပေကြီး၊ စံပါယ်နံ့သာ စတဲ့ကျေးရွာတွေတစ်ဝှိုက်က ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ် က ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားတာကြောင့် ကားသမားတွေဟာကွင်းလမ်းကိုအသုံးပြုနေရတာလို့သိရပါတယ်။ လက်တလောမှာတော့…
Read More » -
2 Mayသတင်း
မိုးရွာသွန်းမှုကြောင့် ပူတာအို-ခေါင်လန်ဖူးကားလမ်း ဆိုးဆိုးဝါးဝါးပျက်စီး
ကချင်ပြည်နယ် အထက်ပိုင်းမှာမိုးသည်းထန်စွာရွာသွန်းလို့ ပူတာအိုခရိုင်၊ ခေါင်လန်ဖူး–ပူတာအိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်လို့သိရပါတယ်။ ဧပြီလ တတိယအပတ်မှာ ရွာသွန်းခဲ့တဲ့မိုးကြောင့် ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းမြေပြိုပြီး အသွားလာပြတ်တောက်တဲ့အထိ ပျက်စီးနေတယ်လို့ ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပူတာအိုကနေတက်သွားရင် ရီဒမ်းဂိတ်အထိ ရီဒမ်းကနေ ငွားလုံဒမ်းရွာအထိပဲရတယ် ငွားလုံဒမ်းကနေဟိုဘက်ကိုတော့လုံးဝသွားလို့မရဘူး…
Read More » -
Aug- 2024 -20 Augustသတင်း
တနိုင်းလီဒိုကားလမ်း အများပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကားတွေ တနိုင်းရောက်ဖို့ ၃ ရက်ခန့် ကြန့်ကြာ
ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းလီဒိုကားလမ်းမတစ်ကြော ကားလမ်းပိုင်း ၆ နေရာလောက်မှာ လမ်းဆိုးဆိုးရွားရွားပျက်စီးနေတဲ့အတွက် ကုန်ကားတွေ သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား– တနိုင်းလမ်းပိုင်း ဒွမ်ဘန်ကျေးရွာအကျော် မန်ပန်(Manpang) ကျေးရွာကနေ တနိုင်းမြို့အဝင်အထိ လမ်းပျက်စီးနေတာ လရှည်ကြာမြင့်လာတာကြောင့် ကုန်ကားတွေ မြစ်ကြီးနားကနေ တနိုင်းမြို့ထဲကို ရောက်နိုင်ဖို့ အနည်းဆုံး ၃ ရက်လောက်အထိ ခရီးကျန့်ကြာမှုဖြစ်နေတယ်လို့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။ “လမ်းပျက်တဲ့နေရာတိုင်းမှာ ကားမဆွဲဘဲနဲ့ ကျော်တက်သွားနိုင်တဲ့ ကားမရှိဘူး။ အကုန်လုံးက တွဲကားတွေနဲ့ ထွန်စက်တွေနဲ့ ဆွဲရတယ်။ နောင်းမီကျေးရွာမှာတောင် အဝင်မှာကော ရွာအထွက်မှာကော ၂ နေရာစီဆွဲရတယ်။ နောင်းမီနဲ့ ဝါရာဇွပ်ကြားမှာလည်း သုံးလေးခေါက်လောက်ဆွဲရတယ် ”လို့မြစ်ကြီးနားကနေ တနိုင်းမြို့ဘက်ကို ပုံမှန်ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။ လက်ရှိ ကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေဟာ လီဒိုကားလမ်းမပေါ်က ကျေးရွာတစ်ကြောလုံးဖြစ်ပြီး မန်ပန်(Manpang) ၊ နောင်းမီ(Nawng Mi) ၊ ဝါရာဇွပ်(Wara Zup) ၊ ရှဒူးဇွပ်(Shaduzup) ၊ နမ်းဖျက်(Namhpyet) ၊ ကောင်ရာ (Kawng Ra)စတဲ့ နေရာတွေမှာ လမ်းပျက်စီးနေတာလို့ပြောပါတယ်။ အဲဒီကျေးရွာတွေထဲက နောင်းမီ၊ ဝါရာဇွပ် ၊ အောင်ရာတွေမှာက အဆိုးဆုံးဖြစ်ပြီးတော့ လမ်းပျက်စီနေတဲ့ နေရာတစ်ခုမှာ ပေ ၅၀၀ လောက်ရှည်လျာပျက်စီးနေပြီး တစ်ချို့နေရာတွေမှာက လူတစ်ရပ်စာလောက်အထိ နွံအိုင်ဖြစ်ကာ လမ်းပိုင်းပျက်စီးနေတယ်လို့ သိရပြီး ပျက်စီနေတဲ့နေရာတိုင်းလိုလို ကုန်ကားတွေဖြတ်ကျော်နိုင်ဖို့ရန်အတွက် တွဲကားနဲ့ ထွန်စက်ကြီးတွေနဲ့ ဆွဲပြီးတော့ တစ်စီးချင်းစီ ဖြည်းဖြည်းချင်းသွားနေရတယ်လို့ ကားသမားဆက်ပြောပြပါတယ်။ “လမ်းပျက်နေတဲ့ နေရာတိုင်းမှာက ဆွဲရတာပဲ။ တစ်ချို့နေရာတွေက ထွက်စက်နဲ့ ဆွဲရသလို တစ်ချို့နေရာမှာက ရှိတဲ့ ကားအကြီးတွေနဲ့ဆွဲရတယ်။ ကားကြီးတွေဆိုရင် ဝင့်ကြိုး ၂ ခု၊ ၃ ခုလောက်ဆက်ပြီးဆွဲယူရတယ်။ လမ်းပျက်တဲ့ နေရာတိုင်းမှာက ကားအစီးရေ ၅၀ နဲ့ ၁၀၀ ကြားမှာကနေ့တိုင်းလိုလိုပိတ်နေတာ”လို့ပြောပါတယ်။ ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို ထွန်စက်၊ ကားကြီးတွေနဲ့ ဆွဲထုတ်ရာမှာ ကားကြီး၊ ကားသေးပေါ်မူတည်ပြီး အခကြေးငွေပေးဆောင်ရာမှာ ကားသေးတွေက တစ်စီးမှာ သုံးသောင်းနဲ့ ၅ သောင်းပေးဆောင်ရပြီး ကုန်တင်ကားကြီးတွေက တစ်စီးကို ၃ သိန်းကနေ ၅ သိန်းအထိပေးရတယ်လို့ ကားသမားတွေကပြောပါတယ်။ ဒီနှစ် တနိုင်းသွား လီဒိုလမ်းမပေါ် မှာ လမ်းပိုင်းပျက်စီးနေတဲ့ အခြေအနေဟာ အရင်နှစ်တွေထက်အဆိုးရွားဆုံးဖြစ်ပြီးတော့ လမ်းပိုင်းပျက်စီးနေတဲ့ ကျေးရွာက ဒေသခံပြည်သူတွေလည်း သွားလာရေးအခက်အခဲကြုံတွေ့နေကြတယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ တနိုင်းလီဒိုကားလမ်း အခုလို ဆိုးရွာစွာ ပျက်စီးလာတာဟာ ဆယ်စုနှစ်တစ်ခုအကြာ ယုဇနကုမ္ပဏီအသုံးပြုခဲ့တဲ့ ကားလမ်းပိုင်းကို ပြန်လည်ပြုပြင်ခြင်းမရှိဘဲ မိုးရွာသွန်းမှုကြောင့် ကားလမ်းတွေ ချိုင့်ခွက်တွေ ဖြစ်သွားကာ ကုန်ကားတွေ သွားလာလို့မရဘဲ လမ်းပိုင်းပျက်စီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်းမှာ ယခင်နှစ်တွေလို သဲဖို့ပြုပြင်တာတွေ၊ တာဝန်ရှိတဲ့ အစိုးရတွေ တာဝန်ယူဆောင်ရွက်တာတွေမရှိတာကြောင့် အခုလို လမ်းပိုင်းပျက်စီးနေတာလို့ ဝေဖန်ပြောဆိုနေကြတာလည်းရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း နောင်းမီနဲ့ ဝါရာဇွပ်ကျေးရွာ ၂ ခုကြားမှာ လမ်းပိုင်းပျက်စီးတာတွေကြောင့် ကုန်ကားတွေ တစ်လဝန်းကျင်လောက်အထိ သွားလာလို့မရတဲ့ အခြေအနေမှာ ကြုံတွေ့ခဲ့ရတာလည်းရှိပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Jun- 2024 -19 Juneသတင်း
ပူတာအို – နောင်မွန်ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်နဲ့ နောင်မွန်မြို့နယ်ကိုဆက်သွယ်ပေးထားတဲ့ ကားလမ်းပိုင်းမှာမြေပြိုနေတာကြောင့်ဒေသခံတွေသွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။ ပူတာအိုနဲ့ နောင်မွန်ကြား မချမ်းဘော့မြို့နယ်ထဲမှာရက်ပေါင်း ၂၀ အကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မချမ်းဘော့နယ်ထဲက အလန်ဂါးကျေးရွာနဲ့ ထန်ဂါးကျေးရွာကြားမှာရှိတဲ့ ကားလမ်းပိုင်းမြေပြိုနေတာလို့ ဆိုပါတယ်။ “တောင်တွေပြိုပြီးကားလမ်းဖုံသွားတာ ပေ ၁၀၀၊ ၂၀၀…
Read More »






