သတင်း

နောင်မွန် – ပူတာအိုလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး ညအိပ်ခရီးဖြင့်သွားလာနေရ

ကချင်ပြည်နယ်အထက်ပိုင်း နောင်မွန်ပူတာအိုကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့အတွက် ညအိပ်ခရီးဖြင့်သွားလာနေရတယ်လို့ နောင်မွန်မြို့ခံတွေဆီကနေ သိရပါတယ်။

ဇွန်လဆန်းပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်မွန်ပူတာအိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်ဆီးနေပြီး လက်ရှိချိန်ထိပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ညအိပ်ခရီးဖြင့်သွားလာနေရတယ်လို့ နောင်မွန်မြိုအခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

ကုန်ကားကြီးတွေတော့လာလို့မရဘူး ဖောဝီး(Four-Wheel ) ကားတွေပဲလာတယ်။ လမ်းမှာ တစ်ည၊နှစ်ညအိပ်ရတယ် မိုးအရမ်းရွာတဲ့နေ့တွေဆို နှစ်ညလောက်အိပ်မှပဲဒီကိုရောက်တာလို့ နောင်မွန်မြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တစ်လနီးပါးကြာမိုးရွာသွန်းမှုကြောင့် ပူတာအို– နောင်မွန်လမ်းပိုင်းရှိ နောင်မွန်နဲ့ မဂွေဇကြား လမ်းပြိုတာ၊ တံတားကျိုးတာတွေ ဖြစ်ပေါ်နေပြီး ခက်ခက်ခဲခဲသွားလာနေရတယ်လို့ နောင်မွန်ပူတာအိုကားလမ်းပိုင်းမှာမောင်းနှင်နေတဲ့ကားသမားတစ်ဦး KNG ကိုပြောပါတယ်။

မဂွေဇဟိုဘက်ကပိုဆိုးတာပေါ့။ ဒီခြမ်းကအဲ့လောက်မဟုတ်ဘူး လမ်းကတစ်လမ်းလုံးလိုပဲပြိုထားတယ် တချို့နေရာက ဘတ်ဖိုးတွေနဲ့ဆွဲတင်ရတယ်ကားကို လူနဲ့တွန်းရတဲ့နေရာရှိတယ် အဖွဲ့တွေရှိတယ် ပိုက်ဆံပေးရတယ် ဘတ်ဖိုးသမားတွေကိုလို့ ပြောပါတယ်။

နောင်မွန်ပူတာအိုကားလမ်းပိုင်းဟာ ပုံမှန်အားဖြင့်ကား၊ဆိုင်ကယ်နဲ့တစ်ရက်ခရီးသာဖြစ်ပေမယ့် လက်ရှိမှာတော့လမ်းပိုင်းပျက်စီးမှုကြောင့် တစ်ညကနေ နှစ်ညအထ်ိညအိပ်ရတယ်လို့သိရပါတယ်။

အခုလိုလမ်းပိုင်းပျက်းစီးပြီးခက်ခက်ခဲခဲသွားလာနေရတာကြောင့် ကားခတွေလည်း ယခင်ကထက်မြင့်တက်လာပြီး အတက်ခရီးသည် တစ်ဦးကိုကျပ် ၉၀၀၀၀ကိုးသောင်းအဆင်းခရီးသည်တစ်ဦးကိုကျပ် ၅၀၀၀၀ (ငါးသောင်းအထိရှိတယ်လို့သိရပါတယ်။

အလားတူ ကုန်စည်စီးဆင်းမှုတွေလည်း နှောင့်နည်းနေတဲ့အတွက် ကုန်စျေးတက်တာ ၊ကုန်စည်ပြတ်လပ်တာမျိုးတွေလည်းကြုံတွေ့နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကြက်ဥကတော့တစ်လုံးတစ်ထောင် ရှားတယ် မရှိသလောက်ပဲ။ ခရမ်းချဥ်သီးကတော့ တစ်ပိဿကို တစ်သောင်းခွဲ ဟိုတလော တစ်သောင်းပဲတန်ဆာခအရမ်းတက်တယ် လမ်းမှာလည်းကားဆွဲခတွေပေးရတော့ ဘာမဆိုစျေးတက်နေတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိပျက်စီးနေတဲ့ နောင်မွန်ပူတာအိုလမ်းပိုင်းဟာလည်း တချို့နေရာတွေ ဆိုးဆိုးဝါးဝါးမြေပြိုထားတာကြောင့် လမ်းပိုင်းပြန်ကောင်မွန်ဖို့ အချိန်တစ်လနီးပါးလောက်ကြာမြင့်နိုင်ကြောင်းသိရပါတယ်။

နောင်မွန်ပူတာအိုလမ်းပိုင်းနဲ့ အလားတူ နောင်မွန်မြို့နယ်ထဲက ပန်နန်းဒင်မြို့အဝင်တံတား၊ တဆူထုတံတား၊ ဂဝိုင်တံတား၊မရီမိုင်းတံတားအပါတံတားကြီး ခြောက်စင်းအထိ ရေစီးနဲ့မျောပါသွားတာကြောင့် ဒေသခံတွေကြိုးတံတားမရှိပဲ ခက်ခက်ခဲခဲသွားလာနေရတယ်လို့ သိရပါတယ်။

ပန်နန်းဒင်တံတားလည်းမပြီးသေးဘူးဟိုဘက်လည်းတစ်စင်းမှမဆောက်သေးဘူးမိုးကရွာတုန်းဆိုတော့ အခုကတံတားမရှိတော့ ကြိုးတစ်ချောင်းကိုချောင်းဟိုဘက်ကမ်းဒီဘက်ကမ်းသွယ်တန်းပြီးတော့အဲ့ကြိုးမှာထိုင်ခုံချည်ပြီးစွန့်စွန့်စားစားသွားနေရတယ်လို့ နောက်ထပ်နောင်မွန်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

နောင်မွန်မြို့ဟာ မြန်မာပြည်မြောက်ဖျားပိုင်းမှာရှိတာဖြစ်ပြီး လမ်းပိုင်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသဖြစ်တာကြောင့် နှစ်စဥ်မိုးရာသီကာလမှာ လမ်းပိုင်းမြေပြိုတာတွေခကြာခနကြုံတွေ့လျက်ရှိကြောင်းသိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button