လမ်းပျက်စီးမှု

  • Sep- 2024 -
    13 September
    သတင်း

    မြစ်ကြီးနား- တနိုင်းကားခ နှစ်ဆမြင့်တက်

    ကချင်ပြည်နယ် မြစ်ကြီးနား တနိုင်းလီဒိုကားလမ်းပိုင်းပျက်စီးမှုကြောင့် လိုင်းကားစီးခ စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြစ်ကြီးနား တနိုင်းလီဒိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိမပြုပြင်နိုင်သေးတာကြောင့် ကားလမ်းပိုင်းသွားလာရခက်ခဲလို့ စျေးတက်လာတာလို့ မြစ်ကြီးနားမြို့ပေါ်ရောက်နေတဲ့ တနိုင်းဒေသခံ အမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “အရင်ဆိုရင် ၅ သောင်းရောက်တယ်မြစ်ကြီးနားအထိ အခုကမရတော့ဘူး။မြစ်ကြီးနားအထိ တစ်သိန်းနဲ့ဆင်းခဲ့ရတာ ဒါတောင်လမ်းမှာ နှစ်ညအိပ်ခဲ့တာရဗျ။ အရင်ကတစ်ရက်ခရီးပဲတစ်ညပဲအိပ်ရတယ်ဆိုရင်တောင်တော်သေးတယ် အခုက နှစ်ညအိပ်ရတာ” လို့ ပြောပါတယ်။ လက်ရှိ ကားလမ်းပိုင်းဆိုးဆိုးဝါးဝါး ပျက်ဆီးနေတဲ့နေရာတွေဟာ တနိုင်းမြို့အထွက် ယုဇနခြံအနီး၊ ဒွန်ဘန်ခရွာအနီးနဲ့ ရှဒူးဇွပ်ကျေးရွာ ၊ နောင်းမှီကျေးရွာစတဲ့အနီးဝန်းကျင်နေရာတွေဖြစ်ပြီး အခုလိုလမ်းပိုင်းပျက်စီးနေတာကြောင့် တနိုင်း– မြစ်ကြီးနား အဆင်းကားခ ၅ သောင်းမြင့်တက်ပြီး မြစ်ကြီးနား– တနိုင်းအတက် ကားခ လူတစ်ဦးကျပ် တစ်သိန်းကနေ တစ်သိန်း ငါးသောင်းအထိပေးရတယ်လို့ သိရပါတယ်။ မြစ်ကြီးနား– တနိုင်းကြားကလည်း အရင်က တစ်ရက်ခရီးသာဖြစ်ပြီး လက်ရှိလမ်းပိုင်းပျက်စီးသွားတဲ့နောက် နှစ်ညအိပ် သုံးရက်ခရီးဖြင့်သွားနေရတယ်လို့သိရပါတယ်။ “လမ်းကတစ်လျောက်လုံးပျက်စီးနေတာလို့ပြောလို့ရတယ် တချို့နေရာတွေကအတော်ကိုဆိုးတယ်ကားတွေကို ဆင်နဲ့ဆွဲတင်ရတဲ့နေရာတွေရှိတယ် ညအိပ်ကတော့ ရှဒူးဇွပ်မှာတစ်ညအိပ်ရတယ်ပြီးတော့ နောင်းမှီကျေးရွာမှာတစ်ညအိပ်ရတယ်နှစ်ညတောင်အိပ်ရတာ“လို့ မြစ်ကြီးနားကို အဝေးသင်လာတက်တဲ့ တနိုင်းဒေသခံကျောင်းသူတစ်ဦးကပြောပါတယ်။ မြစ်ကြီးနား– တနိုင်း လီဒိုကားလမ်းပိုင်းဟာအများအားဖြင့် မြေသားလမ်းဖြစ်တာကြောင့် အခုလိုမိုးရာသီကာလမှာနှစ်စဥ် ကားလမ်းပိုင်းပျက်စီးတာမျိုးရှိပေမယ့် ဒီနှစ်ကအဆိုးရွားဆုံးဖြစ်နေတယ်လို့သိရပါတယ်။ တနိုင်းမြို့ဟာ မြစ်ကြီးနားမြို့နဲ့  မိုင် ၁၂၀ အကွာအဝေးမှာရှိပြီး ရွှေ၊ပယင်းထွက်ရှိတဲ့ နေရာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Jun- 2023 -
    20 June
    သတင်း

    နောင်မွန်ဒေသတွင် တောင်ကမ်းပါးပြိုကျပြီး လမ်းပိတ်ဆို့မှုကြောင့် သွားလာရေးခက်ခဲနေ

    ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် တစ်ပတ်အတွင်း အဆက်အပြတ် မိုးရွာသည်းထန်စွာသွန်းမှုကြောင့် အများပြည်သူသွားလာသည့် လမ်းနေရာများတွင် တောင်ကမ်းပါးများပြိုကျပြီး လမ်းတံတားများပျက်စီးနေသည့်အတွက် လမ်းပိတ်ဆို့မှုဖြစ်ကာ ခရီးသွားလာမှုပြတ်တောက်နေကြောင်းသိရသည်။ ဇွန်လ ၁၉ ရက်နေ့မှ နောင်မွန်မြို့ဘက်ကို တက်သည့် ကွမ်လင်းနှင့် ဆန်ဒမ် ကျေးရွာ ၂ခုကြားရှိ…

    Read More »
  • Oct- 2022 -
    5 October
    သတင်း

    တနိုင်း ပယင်းမှော်ဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့နေမှုကြောင့် လမ်းပျက်စီးနေ

    ကချင်ပြည်နယ် တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာ အလွန်ရှိ ပယင်းမှော်နှင့် ရွှေမှော်များဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့မှုကြောင့် အများပြည်သူသွားလာသောလမ်းများ ဆိုးရွားစွာ ပျက်စီးလာနေကြောင်း ဒေသခံများပြောသည်။ လုပ်ငန်းရှင်များသည် လူသုံးကုန်၊ စားသုံးကုန်နှင့် စက်ပစ္စည်းများကို ယခုနှစ် မိုးရာသီအစပိုင်းကတည်းက ဆင်များအသုံးပြုကာ တင်ပို့နေသောကြောင့် လက်ရှိတွင် တနိုင်း–မိုင်းခွန်–ပယင်းမှော်ဘက်သွားလမ်းများ ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အများပြည်သူ သွားလာရခက်ခဲနေကြောင်း…

    Read More »
Back to top button