လမ်းဖြတ်တောက်မှု

  • Jun- 2024 -
    19 June
    သတင်း

    အကျဲ- ဖရောရွာချင်းဆက်လမ်းဖြတ်တောက်လိုက်တဲ့နောက် စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားတာတွေစတင်လာ

    မြစ်ကြီးနားမြို့နယ် အကျဲရွာနဲ့ ဖရောရွာ ဆက်သွယ်ထားတဲ့လမ်းကို စစ်တပ်ဘက်က မြေကျင်းတူးပြီး လမ်းဖြတ်တောက်လိုက်တဲ့နောက် ဇွန်လ ၁၈ ရက်နေ့ကစပြီး စစ်ရေးလှုပ်ရှားတာတွေစတင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း အာကျဲနဲ့ဖရောရွာချင်းစပ်လမ်းကို စစ်ကောင်စီတပ်က ဘက်ဖိုးမြေကျင်းတူးပြီး ဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေ တစ်ခြားလမ်းကိုကွေ့ရှောင်ပြီး ခက်ခက်ခဲခဲသွားလာနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။  “ရွာသားတွေရဲ့ အဓိကသွားလမ်းဖြစ်တယ် အောက်ဘက် မြစ်ကမ်းဘေးတစ်လျှောက်မှာ ခြံတွေလုပ်တော့ ခြံသွား အလုပ်သွားအဓိကလမ်း ဖြစ်တယ်။ တာလောကြီး–ဟိုကပ်ဘက်ကို အမြဲသွားလာပြီး အရောင်းအဝယ်လုပ်နဲ့ အသက်မွေးဝမ်းကျောင်းအတွက် အဓိကအသုံးပြုနေတဲ့လမ်းဖြစ်တယ်။ ဒါကြောင့် ဒီလမ်းကို တူးဖော် ဖြတ်တောက်လိုက်တော့ အခက်ကြုံသွားတာပေါ့”လို့ပြောပါတယ်။ စစ်ကောာင်စီတပ်လမ်းဖြတ်တောက်လိုက်တဲ့နေရာဟာ အကျဲကျေးရွာကနေ ၁ ဖာလုံလောက်အကွာမှာရှိပြီး ဘတ်ဖောနဲ့ ၄ ပေခန့်နက်အောင်တူးလိုက်တဲ့အပြင် အကျယ် ၅ ပေဝန်းကျင်လမ်းဖြတ်တောက်ထားတာဖြစ်ပါတယ်။  အဲဒီလမ်းဟာ ဒေသခံတွေ ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက် စိုက်ပျိုးရေးနဲ့ ရွှေလုပ်ကွက်တွေဆီအဓိက သွားလာနေကြတဲ့လမ်းဖြစ်သလို တာလောကြီး – ဟိုကပ်နဲ့ ဆင်ဘိုမြို့  ကနေ ရွှေကူမြို့ဘက်နဲ့ဆက်သွယ်ထားတဲ့လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ “အကျဲရွာကနေ ဖရောအောက်ဘက်ပိုင်း တာလောကြီး– ဟိုကပ် ဘက်သွားတဲ့ ကားတွေ၊ ပြီးတော့ ရွှေတူးဖော်တဲ့သူတွေ သွားသွားလာလာလုပ်တယ်။ ခရီးသည်ကားတွေနဲ့ ဓါတ်ဆီနဲ့ ရိက္ခာတွေ ကားကြီးတွေနဲ့ပဲ ပုံမှန်ဖြတ်နေတော့ သူတို့ (စစ်တပ်) က ဘယ်လိုမြင်လာလဲမသိဘူးလေ။ ဒါကြောင့် အဲဒီလမ်းကို တူးဖော်ဖြတ်တောက်လိုက်တာလို့မြင်တယ်။”လို့ အာကျဲကျေးရွာဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ ဇွန်လ ၁၇ ရက်နေ့မနက် လမ်းဖြတ်တောက်လိုက်တဲ့နောက်  ဇွန်လ ၁၈ ရက်နေ့မှာတော့ နေ့လည် ၁၁ နာရီခွဲဝန်းကျင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဟာ  အကျဲရွာနဲ့ဖရောရွာတောလမ်းဘက်ကို စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားလာတာတွေရှိနေတယ်လို့ သိရပါတယ်။ အဲဒီ စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အတွက် အကျဲရွာနဲ့ဖရောရွာကြားမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်ကထိခိုက်သေဆုံးတာတွေရှိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါပေမယ့်  ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ လက်ရှိ စစ်ကောင်စီဘက်က စစ်ရေးအခြေအနေ တင်းမာလာတဲ့နေရာတွေတိုင်းမှာ အများပြည်သူအသုံးပြုတဲ့ လမ်းတွေကိုတူးဖော် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Feb- 2024 -
    26 February
    သတင်း

    နန့်ရင်းချောင်းကူးတံတားပေါ်မှာ ကတုတ်ကျင်းတူးပြီး တပ်ချဖို့ ပြင်ဆင်နေ 

    ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းကျေးရွာနီးမှာရှိတဲ့ နန့်ရင်းချောင်းကူးတံတားထိပ်နှစ်ဖက်စလုံးကို စစ်ကောင်စီတပ်တွေကဘတ်ဖိုးနဲ့ကတုတ်ကျင်းတူးပြီး အထိုင်ချတပ်စွဲဖို့ ပြင်နေတယ်လို့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် ( Hopin KPDF )  တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့စပြီး မိုးညှင်းမြို့နယ် နန်းခွင်နဲ့ပွင့်ဖြူကျေးရွာကြားမှာရှိတဲ့ ခလရ ၅၂၁  တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းတွေဟာ ဟိုပင်မြို့ နန့်ရင်းကျေးရွာ အရှေ့ဘက်ကွင်းနားက နန့်ရင်းချောင်းကူးတံတားထိပ်နှစ်ဖက်စလုံး ကတုတ်ကျင်းတူးပြီး အထိုင်ချဖို့ ပြင်ဆင်နေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာတဲ့အခြေနေရှိနေတယ်လို့ Hopin KPDF တာဝန်ရှိသူတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “လောလောဆယ်အခြေနေက နှစ်ဖက်တင်းမာနေတယ် မနေ့ကတော့ထိတွေ့ဖြစ်တယ် သူတို့လည်း တိုးလာမလိုဆုတ်မလိုလုပ်နေတာ ခုလက်ရှိလည်း လက်နက်ကြီးတွေထုနေတယ်။ ပြီးတော့ တံတားကိုကျဖျက်တာတော့မဟုတ်ဘူး တံတားထိပ်တွေနေရာမှာ သွားလာလို့မရအောင် ကတုတ်ကျင်းတူးထားကြတာ တပ်စွဲချင်တဲ့သဘောပြင်ဆင်နေတာ” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးတဲ့နောက် မိုးညှင်းမြို့နယ် နန်းခွင်တစ်လျှောက် လူငယ်တွေကိုဖမ်းဆီးမှုလုပ်ဆောင်နေတဲ့အပြင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစပြီး ဟိုပင်မြို့နယ် နန့်ရင်းရွာက နန့်ရင်းချောင်းကူးတံတားထိပ်မှာ ခုလိုလုပ်လာတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တံတားမှာကတုတ်ကျင်းတူးပြီးအထိုင်ချဖို့ပြင်ဆင်နေတဲ့အပြင် နန့်ရင်းချောင်တစ်ဖက်ထိ စစ်ရေးလှုပ်ရှားတာတွေလုပ်ဆောင်လာတာကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နန့်ရင်းချောင်းတစ်လျှောက် ဟိုပင်ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်ပစ်ခတ်တာတွေရှိခဲ့ပြီး စစ်တပ်ဘက်က ခုလိုတံတားထိပ်တွေမှာအထိုင်ချဖို့ပြင်ဆင်လာတာဟာ ကြိုတင်နေရာယူထားတဲ့အနေထားဖြစ်တယ်လို့လည်း Hopin KPDF တာဝန်ရှိသူက ဆက်ပြောပါတယ်။ “မနေ့ကဖြစ်တာက နန့်ရင်းချောင်းကူးလာလို့ပစ်ကြတာ နောက်တစ်ခုက ဘာလို့တံတားထိပ်မှာဒီလိုလုပ်လာကြတာလဲဆိုရင် ကျနော်တို့ဘက်ကလည်း အဲတံတားဘက်ကများသောအားဖြင့် အသုံးပြုတယ် သူတို့က အဲဒါကိုသိလို့တားဆီးထားတဲ့သဘောလို့မြင်တယ် ကြိုပြီးနေရာယူထားတဲ့အခြေနေလို့ ပြောလို့ရတယ်။ နောက်တစ်ခုက ကိုယ်မဦးရင်သူဦးသွားမယ်ဆိုတဲ့အနေထားနဲ့ နယ်မြေတွေမှာ လှုပ်ရှားပြနေတာလို့လည်းမြင်တယ်။ SNA ကလည်း တော်တော်များလာတယ် ဘယ်ကဘယ်က ပို့လာသလဲဆိုတာတော့ ကျနော်တို့ဘက်ကလည်း အချက်လက်တွေတော့ ဆက်ပြီးစုံစမ်းနေတယ” လို့ ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်တွေဟာ နန့်ရင်းကျေးရွာတစ်လျှောက် စစ်ရေးလှုပ်ရှားတာအပြင် ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ကင်းပုန်းချထားတာ၊ ရွာတွင်း ရွာပြင် တပ်ဖြန့်နေရာယူထားတဲ့အပြင် စစ်တပ်ဘက်က ခုလိုတံတားထိပ်နှစ်ဖက်လုံးမှာ အထိုင်ချလာခဲ့မယ်ဆိုရင် နန့်ရင်းဒေသခံတွေအနေနဲ့ လယ်ယာလုပ်ကိုင်စားသောက်ဖို့ သွားလာရေးမှာ ခက်ခဲလာနိုင်တယ်လို့ ပြောပါတယ်။ နန့်ရင်းကျေးရွာဒေသခံတွေဟာ စစ်တပ်ဘက်က စစ်ရေးစပြီးလှုပ်ရှားလာတာကြောင့် နန့်ရင်းကျေးရွာဒေသခံများက အပြင်ထွက်တာတွေပါမရှိသလောက်နည်းလာာတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေအနေနဲ့ နန့်ရင်းချောင်းကူးတံတားမှာ အခိိုင်မာတပ်စွဲဖို့ ဆက်ပြီးပြင်ဆင်လာပါက Hopin KPDF တွေအနေနဲ့ လုပ်သင့်တာကို ဆက်လုပ်သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။ ဟိုပင်မြို့နဲ့ နှစ်မိုင်ခန့်ကွာဝေးတဲ့ နန့်ရင်းကျေးရွာ ချောင်းတစ်ဖက်ကမ်းမှာ ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာလည်း လက်နက်ကြီး လက်နက်ငယ်ပတ်ခတ်သံများဖြစ်ပွားခဲ့တဲ့အတွက် နန့်ရင်းကျေးရွာနေ ပြည်သူများက စျေးဆိုင်များ ပိတ်ကာ ၂ ရက်ခန့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ အခြေနေတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ မိုးညှင်းမြို့နယ်တစ်လျှောက် ဒီရက်ပိုင်း စစ်ကောင်စီတပ်တွေဟာ အင်အားအများအပြား ပို့ဆောင်ထားပြီး တပ်ဖြန့်လှုပ်ရှားတာတွေ ခပ်စိပ်စိပ်လုပ်နေတဲ့အတွက် လမ်းသွားလမ်းလာခရီးသွားပြည်သူတွေအနေနဲ့ သတိထားပြီးသွားလာကြဖို့ကိုလည်း Hopin…

    Read More »
  • May- 2022 -
    31 May
    သတင်း

    KIA တပ်ရင်း ၁၄ သို့သွားသော လမ်းကြောင်းများကို ပြည်သူ့စစ်အဖွဲ့ စတင်ဖြတ်တောက်နေ

    တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ သို့ သွားလာနိုင်သော လမ်းကြောင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဖြတ်တောက်နေပြီဟု သိရသည်။ ရှဒူးဇွပ်ကျေးရွာ အဝင်…

    Read More »
Back to top button