လမြန်
-
Sep- 2024 -11 Septemberသတင်း
လမြန်ရွာအနီး ဆုတောင်းတောင်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ် တပ်စွဲဖို့ပြင်ဆင်နေ
ဝိုင်းမော်မြို့နယ် လမြန်ရွာမှာရှိတဲ့ ဆုတောင်းတောင်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ် တပ်စွဲနေရာယူဖို့ပြင်ဆင်နေတယ်လို့ ဝူယန်ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၂၁ ရက်နေ့ နောက်ပိုင်း ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်လိုက်တဲ့နောက် ဝိုင်းမော်မြို့ အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ရွာမှာအထိုင်ချထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေဆီ စစ်အင်အားတောက်လျှောက်ဖြည့်တင်းနေပြီး ဆုတောင်းတောင်အထိ တပ်စွဲဖို့ပြင်ဆင်လာတာဖြစ်တယ်လို့ ဝူယန်ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ရွာနားက အမြင့်ဆုံးတောင်လို့ပြောလို့ရတယ် လမြန်ရွာနဲ့နီးသလို ဝူယန်ရွာနဲ့လဲနီးတယ် တော်တော်မြင့်တယ် ခုအဲမှာ စစ်သားတွေနဲ့ပြည်သူ့စစ်တွေထိုင်ဖို့ လုပ်နေကြတယ်လို့ သိရတယ်။ တောင်ခြေမှာတော့ KIA ပူးပေါင်းတပ်တွေရှိတော့ အဲဒီနေရာကိုယူနိုင်ဖို့ စစ်ကြောင်းထိုးနေတာ အဲဒါကြောင့် တိုက်ပွဲဖြစ်နေတာဟုတ်တယ်” လို့ပြောပါတယ်။ စစ်တပ်ဘက်က ဆုတောင်းတောင်မှာ တပ်စွဲနိုင်ဖို့ စစ်ကြောင်းထိုးနေပြီး KIA ပူးပေါင်းတပ်ဘက်ကလည်း အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာတွေရှိနေတာကြောင့် နှစ်ဖက်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ခုလို စစ်ကြောင်းထိုးလာတာနဲ့တစ်ဆက်တည်း ဝူယန်၊လမြန်၊စတဲ့ကျေးရွာအနီးပတ်ဝန်းကျင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့စစ်ရေးလှုပ်ရှားတာတွေဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။ တိုက်ပွဲဟာ ရွာအတွင်း၊ရွာပြင်ပမှာ ဖြစ်နေပြီး နှစ်ဖက်တပ်အကြားပစ်ခတ်တဲ့လက်နက်ကြီး လက်နက်ငယ်ကျရောက်ပေါက်ကွဲတာကြောင့် ရွာထဲက အရပ်သားနေအိမ်အများအပြားမီးလောင်ပျက်စီးနေပြီဖြစ်တယ်လို့ သိရပြီး အများဆုံးမီးလောင်ပျက်စီးတဲ့အပိုင်းဟာ ရွာအောက်ပိုင်းရပ်ကွက်ဖြစ်တယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။ “ရွာအောက်ပိုင်း အိမ်တွေ ကုန်သလောက်ရှိနေပြီ တစ်ချို့အိမ်တွေ ဘာမှမကျန်ဘူး မီးလောင်တဲ့ထဲပါကုန်တာ။ တစ်ချို့အိမ်တွေတော့ လက်နက်ကြီးထိထားတာတွေရှိတယ်လို့” လို့ ဝူယန်ပြည်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ခုလို နှစ်ဖက်လက်နက်ကိုင်တပ်အကြား စစ်ရေးတင်းမာနေတာကြောင့် ရံဖန်ရံခါ လမ်းပိတ်တာတွေလည်းရှိနေတဲ့အတွက် ပြည်သူတွေဟာ နေအိမ်ခနတစ်ဖြုတ်ပြန်ဖို့သွားကြည့်ဖို့ပင် ခက်ခဲနေတယ်လို့ သိရပါတယ်။ လမြန်ကျေးရွာဟာ ဝူယန်ကျေးရွာအုပ်စုကျေးရွာဝင်ဖြစ်ပြီး တစ်ဆက်တည်းရှိတဲ့ကျေးရွာတွေဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ် မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းဟာ ဝိုင်းမော်မြို့အတွင်း နောက်ဆုံးကျန်နေတဲ့ တပ်ရင်းဌာနချုပ်ဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ ရွာပေါင်း ၂၀၀ ကျော်ရှိပြီး လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ဝူယန်၊လမြန်ရွာအပါအဝင် နမ့်ဝါ၊မုတ်ကျိတ်၊ဝါရှောင်ရွာတွေဟာ တရုတ်နယ်စပ်ဖြစ်တဲ့ ဆဒုံး– ကန်ပိုက်တည်၊ ချီဖွေ– ပန်ဝါသွားတဲ့လမ်းမှာရှိတဲ့ရွာတွေဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးအတွင်း ဝိုင်းမော်မြို့– လိုင်ဇာ– ဗန်းမော်မြို့သွားတဲ့ လမ်းမတစ်လျှောက်မှာရှိတဲ့ ရွှေညောင်ပင်၊အောင်မြေ ၁ ၊အောင်မြေ ၂ တပ်စခန်းတွေအပါအဝင် စခန်းပေါင်းအများအပြား သိမ်းပိုက်ရရှိထားပြီဲဖြစ်သလို တိုက်ပွဲကြောင့် ရွာပေါင်း ၁၀ ရွာကျော်လည်း ခုထိစစ်ဘေးရှောင်နေကြရဆဲဖြစ်ပါတယ်။ By – Zami
Read More » -
Jun- 2024 -24 Juneသတင်း
စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုကြောင့် ဝူယန်၊ လမြန်၊ မုတ်ကျိတ် စတဲ့ ကျေးရွာတွေ အားလုံးနီးပါး ထိခိုက်ပျက်စီးမှုများ
ဝိုင်းမော်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဝူယန်၊ လမြန် နဲ့ မုတ်ကျိတ် ကျေးရွာတစ်ကြောကို စစ်တပ်လေယာဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်တွေထိခိုက်ပျက်စီးနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ဇွန်လ ၁၈၊ ၁၉ ရက်နေ့တွေမှာ ဝူယန်နဲ့လမြန်ကြား စစ်တပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA…
Read More » -
May- 2024 -21 Mayသတင်း
လမြန်ကျေးရွာမှာ အမျိုးသမီးတစ်ဦးလက်နက်ကြီးထိမှန် သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သေဆုံးသူမိသားစုဝင်တွေနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။ မေလ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် ဝိုင်းမော် ၅ ၈ တပ်ရင်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် ဦးချမ်လွေ့လွမ်ဟောင်းရဲ့ဇနီး အသက် ၅၃နှစ်အရွယ် ဒေါ်ညီးချီရော်ကိုထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူက လက်နက်ကြီးအသံတွေ အရမ်းကြားနေရလို့ဆိုပြီး ရှောင်ဖို့အတွက် အပြင်ကိုထွက်လာတာ အိမ်ကိုတော့ မမှန်ဘဲ သူဆီမှာထိပြီးဆုံးသွားတာလို့ ကြားတယ်”လို့ဆိုပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးကိုတော့ မေလ ၂၀ ရက်နေ့ မနေ့က မနက်ပိုင်း မြုပ်နှံသဂြိုလ်လိုက်ပြီလို့ လမြန်ကျေးရွာပြည်သူတွေဆီကနေ သိရပါတယ်။ ဒါ့အပြင် ခလရ ၅၈ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝူယန်ကျေးရွာနဲ့ လမြန်ကျေးရွာက နေအိမ်တစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ သူကခုလိုဆက်ပြောပါတယ်။ “အိမ်ကတော့ ဝူယန်အိမ်နှစ်အိမ်ပါသွားတယ် ပြီးတော့ လမြန်ကအိမ်တစ်အိမ်ကတော့ မီးဖိုချောင်အကုန်ပါသွားတယ်”လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ မနေ့ညနေ ၆ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့ ဝူယန်ပြည်သူ့စစ်စခန်းဂိတ်နေရာကို လာရောက်ပစ်သွားပြီးနောက် ဝူယန်ကျေးရွာမှာအထိုင်ချထားတဲ့ပြည်သူ့စစ်စခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တဲ့တွက် နေအိမ်တစ်ချို့ ထိမှန်ထားတဲ့အပြင် ဒေသခံပြည်သူတစ်ဦးရဲ့ ဝက်တွေလည်းကျည်ထိမှန်သေဆုံးခဲ့တာဘဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကေအိုင်အေပူးပေါင်းတပ်တွေကကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး ဒီနေ့အချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေတာကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာပေါင်း ၁၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြပြီ ဖြစ်ပါတယ်။ By – Hope
Read More » -
Apr- 2024 -6 Aprilသတင်း
ဝူယန်ပြည်သူ့စစ်စခန်းက ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ရွာထဲကျရောက်ပေါက်ကွဲ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာအထိုင်ချထားတဲ့ပြည်သူ့စစ်စခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တဲ့တွက် နေအိမ်တစ်ချို့ထိမှန်ထားတဲ့အပြင် ဒေသခံပြည်သူတစ်ဦးရဲ့ဝက်တွေလည်းကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ မနေ့ညနေ ၆ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့…
Read More » -
May- 2023 -9 Mayသတင်း
လမြန်ကျေးရွာတွင် ရေတွင်းတူးရာမှ သားအဖနှစ်ဦး သေဆုံးမှုဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်း လမြန်ကျေးရွာတွင် ရေတွင်းတူးရင်း ပြုတ်ကျပြီး သားအဖနှစ်ဦး အသက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း Myanmar Rescue (Kachin) လူမူကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။ ယနေ့ နေ့နေ့လည် ၁၂နာရီဝန်းကျင် သားဖြစ်သူ ရေတွင်းတူးနေစဉ် ရေစုပ်စက်ပြုတ်ကျပြီး ဒဏ်ရာရထားသည့် သားကို…
Read More »