စစ်ရေးသတင်း

ဝူယန်ပြည်သူ့စစ်စခန်းက ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ရွာထဲကျရောက်ပေါက်ကွဲ

ပြည်သူ့ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်လည်းမီးလောင်ပျက်စီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာအထိုင်ချထားတဲ့ပြည်သူ့စစ်စခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တဲ့တွက် နေအိမ်တစ်ချို့ထိမှန်ထားတဲ့အပြင် ဒေသခံပြည်သူတစ်ဦးရဲ့ဝက်တွေလည်းကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလ ၅ ရက်နေ့ မနေ့ညနေ ၆ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့ ဝူယန်ပြည်သူ့စစ်စခန်းဂိတ်နေရာကိုလာရောက်ပစ်သွားပြီးနောက် ပြည်သူ့စစ်ဘက်ကလည်း လက်နက်ကြီးနဲ့တန်ပြန်ပစ်ခတ်ခဲ့တာကြောင့် ဝူယန်အထက်မှာရှိတဲ့ လမြန်ရွာထဲလက်နက်ကြီးကျပေါက်ကွဲတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကခုလိုပြောပါတယ်။

“KIA အဖွဲ့တွေကလည်း လာပစ်ပြီးကျနော်တို့ရွာအထက်ကို ပြန်သွားကြတာလေ သူတို့သွားတဲ့လမ်းကြောင်းအတိုင်းပစ်ကြတာဆိုတော့ လမြန်ဘက်ကို ချိန်ပြီးပစ်တဲ့ပုံစံဆိုဖြစ်တယ်။ ရွာထဲလက်နက်ကြီးကျတာများတယ် ဝက် ၃ ကောင်ကျည်မှန်ပြီးသေတယ် ရွာထဲမှာထိတဲ့အိမ်တစ်ချို့လည်းရှိတယ် လူထိတာတော့မရှိဘူးလို့ပြောပါတယ်။

KIA/KPDF ပူးပေါင်းတပ်တွေဟာ ဆိုင်ကယ်၊ကားနဲ့ ပြည်သူ့စစ်ဂိတ်နေရာလာပစ်သွားပြီးနောက် လမြန်ရွာဘက်ကနေ ပြန်ဆုတ်ခွာသွားတဲ့အတွက် လမြန်ရွာဘက်ကို ဦးတည်ပစ်ခတ်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။

ဒါ့အပြင် ဝူယန်ပြည်သူ့စစ်စခန်းပစ်ခံရပြီးနောက် ခနအကြမှာတော့ လက်ရှိဝူယန်ပြည်သူ့စစ်အဖွဲ့ကိုတာဝန်ယူထားတဲ့ ဦးငွါးဟူလေးဆိုတဲ့ ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်လည်း မီးလောင်သွားပြီဖြစ်တယ်လို့ ဝူယန်ရွာဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ဝူယန်ပြည်သူ့စစ်အဖွဲ့ထဲက ခေါင်းဆောင်လို့သိရတယ် သူ့အိမ်က ပြည်သူ့စစ်ဂိတ်ရှိတဲ့နေရာရဲ့ အထက်လမ်းကြားကနေ ဝင်သွားရင် ၃ အိမ်မြောက်ဟုတ်တယ်။ အိမ်ကဘာမှယူလို့မရ အားလုံးမီးလောင်သွားပြီ ကျမတို့ကြားတာက KIA/ KPDF တွေလာရှို့ပေးတာလို့ပြောကြတယ် တိတိကျကျတော့ မသိဘူး လောင်သွားတာတော့ဟုတ်တယ်။ ဂိတ်ပစ်ခံရပြီးနောက် ခနအကြာမှာလောင်တာဟုတ်တယ်လို့ ပြောပါတယ်။

KIA/KPDF အဖွဲ့ကလက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့စစ်တပ်စခန်းဘက်က ဝူယန်ရွာနဲ့လမြန်ရွာဘက်ကို လက်နက်ကြီး ၆ ကြိမ်ထက်မနည်းပစ်ခတ်သလို လက်နက်ငယ်တွေနဲ့လည်း အဆက်မပြတ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဝူယန်ပြည်သူ့စစ်ဂိတ်ကို သေဆုံးသွားပြီဖြစ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဦးဆောင်ပြီး ဝူယန်ကျေးရွာ နံနက်စျေးအနီးမှာ ၂၀၂၁ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကတည်းက ဒေသခံများက ကန့်ကွက်တဲ့ကြား တည်ဆောက်ထားတာဖြစ်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်တဲ့ဂိတ်ဖြစ်သလို KIA ပူးပေါင်းတပ်တွေကလည်း မကြာခန လာရောက်ပစ်ခတ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button