လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လမြန်ကျေးရွာမှာ အမျိုးသမီးတစ်ဦးလက်နက်ကြီးထိမှန် သေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သေဆုံးသူမိသားစုဝင်တွေနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

မေလ ၁၉ ရက်နေ့  ၁၀ နာရီခွဲဝန်းကျင် ဝိုင်းမော်   တပ်ရင်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် ဦးချမ်လွေ့လွမ်ဟောင်းရဲ့ဇနီး အသက် ၅၃နှစ်အရွယ် ဒေါ်ညီးချီရော်ကိုထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

သူက  လက်နက်ကြီးအသံတွေ အရမ်းကြားနေရလို့ဆိုပြီး ရှောင်ဖို့အတွက် အပြင်ကိုထွက်လာတာ အိမ်ကိုတော့ မမှန်ဘဲ သူဆီမှာထိပြီးဆုံးသွားတာလို့ ကြားတယ်လို့ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးကိုတော့  မေလ ၂၀ ရက်နေ့ မနေ့က မနက်ပိုင်း မြုပ်နှံသဂြိုလ်လိုက်ပြီလို့ လမြန်ကျေးရွာပြည်သူတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ခလရ ၅၈ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝူယန်ကျေးရွာနဲ့ လမြန်ကျေးရွာက နေအိမ်တစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ သူကခုလိုဆက်ပြောပါတယ်။


အိမ်ကတော့ ဝူယန်အိမ်နှစ်အိမ်ပါသွားတယ် ပြီးတော့ လမြန်ကအိမ်တစ်အိမ်ကတော့ မီးဖိုချောင်အကုန်ပါသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ  ရက်နေ့ မနေ့ညနေ  နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့ ဝူယန်ပြည်သူ့စစ်စခန်းဂိတ်နေရာကို လာရောက်ပစ်သွားပြီးနောက် ဝူယန်ကျေးရွာမှာအထိုင်ချထားတဲ့ပြည်သူ့စစ်စခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တဲ့တွက် နေအိမ်တစ်ချို့ ထိမှန်ထားတဲ့အပြင် ဒေသခံပြည်သူတစ်ဦးရဲ့ ဝက်တွေလည်းကျည်ထိမှန်သေဆုံးခဲ့တာဘဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ကေအိုင်အေပူးပေါင်းတပ်တွေကကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး ဒီနေ့အချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေတာကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာပေါင်း ၁၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြပြီ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button